spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းကရင်နိုင်ငံရေးပါတီများ ပေါင်းစည်းကြမည်

    ကရင်နိုင်ငံရေးပါတီများ ပေါင်းစည်းကြမည်

    -

    အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသော အမျိုးသားပြည်နယ်များ ဖွဲ့စည်းနိုင်ရေးအတွက် ကရင်နိုင်ငံရေးပါတီ ၅ ပါတီတို့သည် ကရင်ပါတီတစ်ပါတီတည်းအဖြစ် ပေါင်းစည်းသွားမည်ဖြစ်ကြောင်း ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP) ဒုဥက္ကဌ ဦးမန်းအောင်ပြည်စိုးက ပြောသည်။

    ဦးမန်းအောင်ပြည်စိုးက “ကျွန်တော်တို့ ကရင်ပါတီတွေ ခွဲနေတာကို စုစည်းမယ်။၂၀၁၅ ရွေးကောက်ပွဲမှာ ကရင်ပါတီတွေ ဘာကြောင့် ရှုံးခဲ့တာလည်း ဆိုတာကို သုံးသပ်ကြည့်ရင် ကရင်ပါတီတွေ ခွဲနေတဲ့အတွက် ပြည်သူလူထုကလည်း မဲပေးရ မယ့် ပါတီကို ရွေးချယ်ရခက်ခဲခဲ့ကြတယ်။ဒါကြောင့် ကရင်ပါတီ ၅ ပါတီကို တစ်ပါတီတည်းဖြစ်အောင် ပူးပေါင်း ဖို့ဆုံးဖြတ်ခဲ့တယ်” ဟု ပြောသည်။

    ထိုနောက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသော အမျိုးသား ပြည်နယ်များ ဖွဲ့စည်းနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း၊ အလိုက်ကိုယ်စားလှယ် ၆ ဦးဖြင့် အဖွဲ့ဝင် ၃၀ ဦးပါ ကော်မတီကိုလည်း ဖွဲ့စည်းမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

    အထက်ပါ ကော်မတီမှ ပေါင်းစည်းရေးအတွက် လိုအပ်သော ပြင် ဆင်မှုများကို တစ်နှစ်အတွင်း အပြီး စီမံဆောင်ရွက်သွားရန် စသည့် တို့ကိုလည်း ဆုံးဖြတ် သဘောတူညီခဲ့ကြကြောင်း ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့တွင် ကရင်ပါတီ ၅ ပါတီက ပူးတွဲထုတ်ပြန်ကြေညာခဲ့သည်။

    ကရင်နိုင်ငံရေးပါတီများ ထုတ်ပြန်ချက်(Copy)
    ကရင်နိုင်ငံရေးပါတီများ ထုတ်ပြန်ချက်(Copy)
    ကရင်အမျိုးသားပါတီ(KNP) အထွေထွေအတွင်းရေးမှူး ဦးမန်းကျော်ငြိမ်းက “ကျွန်တော်တို့ ကရင်ပါတီတွေ ပူးပေါင်းစည်းဖို့အတွက် အဓိက ကတော့ အမျိုးသားတန်းတူရေး နဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကို အခြေခံတဲ့ အမျိုးသား ပြည်နယ်များ ဖွဲ့စည်းရေးကိစ္စမူကို အားလုံးက သဘောတူခဲ့ကြလို့ဘဲ ဖြစ်ပါတယ်။ နောက်တစ်ခုက ဘယ်ပါတီရဲ့ လက်အောက်ခံ မဟုတ်သလို သြဇာခံမဖြစ်ရဘူးဆိုတာပဲ ဖြစ်ပါတယ်”ဟု ပြောသည်။

    ပူးပေါင်းရန် သဘောတူညီခဲ့ကြသည့် ကရင်ပါတီ ၅ ပါတီမှာ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုး တက်ရေးပါတီ(KSDDP)၊ ကရင်ဒီမိုကရက်တစ် ပါတီ(KDP)၊ ကရင်အမျိုးသားပါတီ(KNP)၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်ပြည်သူ့ပါတီ(KPP) စသည့် ပါတီများဖြစ်ကြသည်။

    ၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်ပါတီများပါဝင်ယှဉ်ပြိုင်ခဲ့ရာတွင် ကရင်ပြည်သူ့ပါတီ(KPP) မှ ပြည်နယ်ကိုယ်စားလှယ်လောင်း တစ်ဦးသာ မဲအနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်တွင် တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks