spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းမွန်တွင် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်

    မွန်တွင် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်

    -

    မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး လျှပ်စစ် စွမ်းအင် (၁၁၉) မဂ္ဂါဝပ်ထုတ်လုပ်မည့် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ စီမံ ကိန်းတစ်ခုကို မွန်ပြည်နယ်၊ သထုံမြို့တွင် အကောင်အထည်ဖော် တည်ဆောက်မည်ဟု သိရသည်။

    ယင်းစီမံကိန်းကို ကမ္ဘာ့ဘဏ်၏ အစီအစဉ် IDA ချေးငွေဖြင့် တရုတ်နိုင်ငံ China Energy Engineering Group (CEEC) ကုမ္မဏီမှ လုပ်ငန်း လုပ် ကိုင်ခွင့်ရရှိထားကာ လျှပ်စစ်စွမ်းအားဝန်ကြီးဋ္ဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းနှင့် စာချုပ်လက် မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇန်နဝါရီ (၂၆) ရက်က နေပြည်တော်ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပခဲ့သည်။

    ပြည်ထောင်စုလျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးက “မွန်ပြည်နယ် သထုံဓာတ်အားပေးစက်ရုံဝင်း အတွင်းမှ အသစ်တည်ဆောက်မည့် သဘာဝဓာတ်ငွေ့သုံးနှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အား စီမံ ကိန်းက ရရှိသည့် ဓာတ်အားများဟာ နိုင်ငံတဝန်း ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် စီမံကိန်းဖြစ်မည်” ဟု လက်မှတ် ရေး ထိုးပွဲတွင် ပြောကြားခဲ့သည်ကို နိုင်ငံတော်အစိုးရပိုင်ရုပ်သံလိုင်းတို့မှ ထုတ်လွှင့်ခဲ့သည်။

    မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းနှင့် CEEC ကုမ္မဏီ စာချုပ်လက်မှတ်ရေးထိုးပွဲ(MOI Facebook)
    မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းနှင့် CEEC ကုမ္မဏီ စာချုပ်လက်မှတ်ရေးထိုးပွဲ(MOI Facebook)

    အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ကမ္ဘာ့ဘဏ်မှ Country Manager Mr. Abdoulaye Seck၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံရုံးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာ ဝန်ရှိသူများ၊ China Energy Engineering Group (CEEC) မှ တာဝန်ရှိသူများ၊ တက်ရောက်ကြ သည်ဟု ဇန်နဝါရီ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

    အမေရိကန်ဒေါ်လာ သန်း ၁၀ဝ ကျော် အသုံးပြုမည့် ၄င်းစီမံကိန်းကို လက်ရှိသထုံလျှပ်စစ်ဓာတ်အား ပေးစက်ရုံအနီးဝန်းကျင်တွင် တည်ဆောက်သွားမှာဖြစ်ပြီး စက်ရုံတည်ဆောက်ခြင်းကာလကို ၂ နှစ် သတ်မှတ်ထားသည်ဟု သိရသည်။

    “ဒီစီမံကိန်းဟာ ပြည်ထောင်စုအစိုးရကနေ တိုက်ရိုက်ကိုင်တွယ်ထားတယ်ဆိုတော့ အသေးစိတ် ကျွန်တော်တို့ မသိဘူး။ သိရသလောက်ကတော့ အဲဒီစက်ရုံကနေ ထုတ်လွှင့်မည့် လျှပ်စစ်ဓာတ် အားများက မွန်ပြည်နယ်တွင် အဓိကထားပေးဝေသွားမည်” ဟု မွန်ပြည်နယ်လျှပ်စစ်ဝန်ကြီး နိုင်လဝီ အောင်က ပြောသည်။

    လက်ရှိသထုံမြို့တွင် ဂက်စ်တာဗိုင်စက်ဖြင့် တပ်ဆင်ထားသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၃) ရုံရှိ နေပြီး အလှည့်ကျစနစ်ဖြင့် လည်ပတ်နေကြောင်း၊ ယင်းဓာတ်အားပေးစက်ရုံများ သက်တမ်းကြာမြင့် ပြီဖြစ်သည့်အတွက် စက်ပစ္စည်းများ ချို့ယွင်းနေပြီဖြစ်ကြောင်းနှင့် ယခုစီမံကိန်းအသစ် စတင်လည်ပတ်နိုင်ချိန်တွင် ရပ်နားရတော့မည်ဟု ၄င်းက ဆက်ပြောသည်။

    မြန်မာနိုင်ငံတွင် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျှက်ရှိသည့် ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် သဘာဝဓာတ်ငွေ့၊ ဒီဇယ်၊ ကျောက်မီးသွေးစသည့် တွင်းထွက်လောင်စားများကို အသုံးပြုပြီး ဓာတ်အားထုတ်လုပ်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ၊ အခြားဇီဝများနှင့် စွန့်ပစ် လောင်စာတို့မှ ဓာတ်အားထုတ်လုပ်နိုင်ရေး စသည်ဖြင့် နည်းလမ်းများ အသုံးပြုပြီး လျှပ်စစ်စွမ်းအား ကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts