Homeသတင်းမွန်ပြည်နယ်လွှတ်တော်တွင် သတင်းရယူမှုလွယ်ကူစေရေး ဆွေးနွေးခဲ့ကြ

မွန်ပြည်နယ်လွှတ်တော်တွင် သတင်းရယူမှုလွယ်ကူစေရေး ဆွေးနွေးခဲ့ကြ

-

မကြာခင် ကျင်းပတော့မည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် မီဒီယာများ သတင်းရယူရာ၌ လွယ်ကူချောမွေ့စေရန်နှင့် လွှတ်တော်အစည်းအဝေးအတွင်း အနှောက်အယှက် မဖြစ်စေရန် ရည်ရွယ်ပြီး ဇန်နဝါရီလ (၂၀) ရက်နေ့က လွှတ်တော်ညွှန်ကြားရေမှူးနှင့် မွန်ပြည်န

လွှတ်တော်အရာရှိနှင့် သတင်းထောက်များဆွေးနွေးစဉ်(MNA)
လွှတ်တော်အရာရှိနှင့် သတင်းထောက်များဆွေးနွေးစဉ်(MNA)
ယ်အခြေစိုက် သတင်းမီဒီယာများ ပြည်နယ်

လွှတ်တော်ရုံး အစည်း အဝေးခန်းမ၌ တွေ့ဆုံဆွေနွေးခဲ့ကြသည်။

ယင်းသို့ဆွေးနွေးရာတွင် သတင်းမီဒီယာများအနေဖြင့် လွှတ်တော်ကျင်းပချိန်အတွင်း ဖုန်းပြောဆိုမှု၊ လွှတ်တော် ခန်းမအတွင်း အဝင်အထွက်မကြာခဏပြုလုပ်ခြင်းနှင့် ဝတ်စားဆင်ယဉ်မှု စသည့်အကြောင်းအရာများကို လွှတ် တော် ညွှန်ကြားရေးမှူးမှတဆင့် ဆွေးနွေးတင်ပြခဲ့ပြီး လွှတ်တော်တွင်သတင်းရယူမှု လွယ်ကူစေရန် ကိစ္စရပ်များ ကို သတင်းထောက်များက ဆွေးနွေးတင်ပြခဲ့ကြသည်။

ပြည်နယ်လွှတ်တော် ညွှန်ကြားရေးမှူး ဦးနေမျိုးအောင်က “ကျွန်တော်တို့က ကန့်သတ်ချင်တာမဟုတ်ဘူး။ ဒါကြောင့် အခုလို ကြိုတင် ဆွေးနွေးတိုင်ပင်တာပါ။ ကျွန်တော်တို့က သတင်းထောက်တွေကို ဘာဖြည့်ဆည်းပေးရမလဲ သတင်း ထောက်တွေက ဘာတွေကို လိုက်နာပေးရမလဲဆိုတာကို သဘောတူညီမှုရယူခြင်း ဖြစ်တယ်” ဟု ဆိုသည်။

မီဒီယာများအနေဖြင့် လွှတ်တော်ခန်းမအတွင်း သတင်းရယူပါက အမျိုးသမီးဆိုလျင် မြန်မာဝတ်စုံ (သို့မဟုတ်) အင်္ကျီလက်ရှည်/ဘောင်ဘီရှည် သပ်ရပ်သောဝတ်စုံဝတ်ဆင်ရန်နှင့် အမျိုးသားများအတွက် အင်္ကျီ လည်ကတုံး/ပုဆိုး (သို့မဟုတ်) ဘောင်ဘီရှည်ဝတ်ရန် ဆွေးနွေးခဲ့ကြပြီး ဘောင်ဘီတိုဖြင့် ဝတ်ဆင်ခြင်းမပြုရန် သဘောတူညီမှုများ ရရှိခဲ့သည်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်း (မွန်ပြည်နယ်) ဥက္ကဌ ဦးသိန်းလှုိင်က “အရင်ပြီးခဲ့တဲ့ ပထမလွှတ်တော် သက်တမ်းမှာ ကြိုတင်ညှိနှုိင်းတာ မရှိပေမဲ့ မွန်ပြည်နယ်လွှတ်တော်နဲ့ သတင်းထောက်တွေ ယုံကြည်မှု တည် ဆောက်ပြီးတော့ သတင်းယူတာ အဆင်ပြေခဲ့ပါတယ်။ အခုဒုတိယလွှတ်တော်သက်တမ်းအတွက် အခုလို ကြို တင်ညှိနှုိင်းတယ်ဆိုတော့ ပိုပြီးအဆင်ပြေနိုင်မယ်” ဟု ဆိုသည်။

သတင်းရေးသားတင်ပြရာတွင် လွယ်ကူ၊ မှန်ကန်မှုစေရန် လွှတ်တော်မှ တင်သွင်းသော အဆိုနှင့် သက် ဆိုင်ရာဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားချက်များကို ဆွေးနွေးပွဲတက်ရောက်ခဲ့သော သတင်းမီဒီယာများက ပြန်လည်တောင်းဆိုမှု ပြုခဲ့သည်။

အဆိုပါ သတင်းအချက်အလက်များ ရယူလိုပါက ပေးလို့ရသော အမေး/အဖြေများကို ပေးဝေသွားမည်ဟု ဦးနေမျိုးအောင်က ဆိုသည်။

မွန်ပြည်နယ် ဒုတိယလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီလ (၈) ရက်နေ့၊ (၂၀၁၆) ခုနှစ်တွင် စတင်ကျင်းပမည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts