spot_img
Sunday, February 1, 2026
More
    spot_img
    Homeဆောင်းပါးမွန်ပါတီတွေ ဘာကြောင့်မဲရှုံးရသလဲ

    မွန်ပါတီတွေ ဘာကြောင့်မဲရှုံးရသလဲ

    -

    U Jainဗညားအောင် – ၂၀၁၅ ရွေးကောက်ပွဲမှာ မွန်အမတ်လောင်းတွေမဲရှုံးစေတဲ့အကြောင်းအရင်းကို အဓိကအားဖြင့် မွန် ၂ ပါတီကြောင့် မဲကွဲပြီးမဲရှုံးရတယ်လို့ ပြောဆိုနေကြပါတယ်။ စာရေးသူအနေနဲ့ မွန် ၂ ပါတီကိစ္စကို ဘေးဖယ်ပြီး မဲရှုံးစေတဲ့အခြားသောအကြောင်းအရင်းတွေထဲက ကျေးလက်နေမွန်တိုင်းရင်းသားများ မဲဆန္ဒပေးမှု အလွန်နည်းပါးခဲ့တဲ့အကြောင်းနဲ့ ဆက်နွယ်ပြီး လေ့လာတွေ့ရှိချက်ကို တင်ပြလိုပါတယ်။

    လတ်တလောပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်တစ်ခုလုံးအတိုင်းအတာအနေနဲ့ ဆန္ဒမဲပေးခွင့်ရှိသူ ထက်ဝက်ကျော် ၅၁.၃ ရာခိုင်နှုန်းသာ မဲထည့်ခဲ့ကြတာပါ။ အဲဒီအထဲမှာ မွန်တိုင်းရင်းသားတွေ အများဆုံးနေထိုင်တဲ့ မြို့နယ် ၆ ခုမှာတော့ ဆန္ဒမဲပေးခွင့်ရှိသူ ထက်ဝက်ကျော် ဆန္ဒမဲမပေးခဲ့တာကို လေ့လာတွေ့ရှိနိုင်ပါတယ်။ အောက်ဖော်ပြပါ စာရင်းဇယားတွေအရ မွန်ပြည်နယ်အတွင်း ဆန္ဒမဲပေးခွင့်ရှိသူ ၁၅ သိန်းကျော်ထဲက လူဦးရေ ၇ သိန်းခန့် ဆန္ဒမဲမပေးခဲ့တာ တွေ့ရှိနိုင်ပါတယ်။

     

    မွန်ပြည်နယ် ဆန္ဒမဲပေးသူ ၅၁.၃ %

    စဉ်မြို့နယ်မဲပေးခွင့်ရှိသူမဲပေးသူမဲပေးသူရာခိုင်နှုန်း
    1မော်လမြိုင်20537211809357.5%
    2သံဖြုဇရပ်12430056952  45.8%
    3ကျိုက်မရော15746868011 43.2%
    4ချောင်းဆုံ12724956573 44.5%
    5မုဒုံ16537676836 46/5%
    6ေရး16882681719 48.4%
    7သထုံ17593896896 55%
    8ပေါင်17215785101 49.4%
    9ကျိုက်ထို11077974468 67.2%
    10ဘီးလင်း12702172217 56.9%
      စုစုပေါင်း15,34,4867,86,866 51.3%

    မွန်ပါတီတွေ မွန်ဆန္ဒမဲသက်သက်ကိုအားထား
    ရွေးကောက်ပွဲတွေမှာ မွန်ပါတီတွေကတော့ မွန်လူမျိုးတွေရဲ့ ဆန္ဒမဲပြားကိုပဲအထူးအာရုံစိုက်တာ တွေ့ရပါတယ်၊ အခြားမွန်မဟုတ်တဲ့ တိုင်းရင်းသားတွေကို မွန်ပါတီအတွက် မဲထည့်ပေးဖို့ စည်းရုံးတာမျိုးလည်း မတွေ့မမြင်၊ မကြားသိခဲ့ရပါ။
    သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်တွေမှာ မွန်လူဦးရေထက်ဝက်မကျော်တဲ့အတွက် မွန်ပါတီတွေအတွက် သိပ်ကိုမျှော်လင့်ထားတာ မတွေ့ရှိပါ။ မော်လမြိုင်မြို့နယ်မှာ မွန်လူဦးရေ ၅၁% နှုန်းရှိတယ်ဆိုပေမယ့်လည်း အစိုးရဝန်ထမ်းများပြားတဲ့အတွက် မွန်ပါတီတွေမဲအနိုင်ရခဲ့ဘူးတဲ့မှတ်တမ်းတွေမတွေ့ရှိရသေး၊ မွန်လူဦးရေများပြားတဲ့ ပေါင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်က ကျေးလက်နေ မွန်တိုင်းရင်းသားတွေ အလုံးအရင်းနဲ့ဆန္ဒမဲထည့်ရင် မွန်ပါတီတွေ မဲနိုင်ဖို့အလားအလာရှိပါတယ်။ ဒါကြောင့် ဒီမြို့နယ် ၆ ခုကိုပဲ မွန်ပါတီတွေ အလုံးအရင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြတယ်လို့ ဆိုရမှာပါ။

    မွန်ပြည်နယ်အတွင်း မွန်တိုင်းရင်းသားဦးရေ အများဆုံးဆိုပေမယ့် ဗမာ၊ ကရင်၊ ပအိုဝ်၊ တရုပ်၊ အိန္ဒိယနွယ်ဖွားများနဲ့ အခြားတိုင်းရင်းသားပေါင်းစုံ ရောနှောနေထိုင်ကြပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မွန်ပြည်နယ်လူဦးရေ ၂၀ သိန်းကျော်(၂၀၅၄၃၉၃ ဦး) ရှိပါတယ်။ မြန်မာနိုင်ငံတဝန်း တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် လူဦးရေသိပ်သည်းဆအားဖြင့် ၁-ရန်ကုန်၊ ၂-မန္တလေး၊ ၃-ဧရာဝတီတိုင်းဒေသကြီးပြီးရင် မွန်ပြည်နယ်ပဲ ဖြစ်ပါတယ်။

    အလုံးအရင်းဝင်ရောက်လာသောရွေ့ပြောင်းအခြေချသူများ မဲပေးခွင့်ရရှိခြင်း
    ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ မွန်ပြည်နယ်မဲပေးခွင့်သူဦးရေ ၁၀ သိန်းကျော်သာ ရှိခဲ့တာပါ။ ၂၀၁၅ ရွေးကောက်ပွဲကျတော့ မဲပေးခွင့်ရှိသူ ၁၅ သိန်းကျော်(၁၅၃၄၄၈၆ ဦး) ရှိတဲ့အကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ထံက သိရပါတယ်။ အဲဒီညွှန်းကိန်းအရဆိုရင် ဒီ ၅ နှစ်ကြာကာလအတွင်း မွန်ပြည်နယ်မှာ မဲပေးခွင့်ရှိသူဦးရေး ၅၀% ကျော် အရေအတွက်အားဖြင့် ၅ သိန်းတိုးလာခဲ့ပါပြီ။
    “ဒါကတော့ ကျွန်တော်တို့ မဲစာရင်းကို ဥပဒေပါ အတိုင်းဘဲ ကောက်ခံခဲ့တယ်။အဲ့ဒီလို ကောက်ခံတဲ့ အပေါ်မှာ အခုလို မဲပေးခွင့်ရှိတဲ့ သူစာရင်းတွေ ထပ်တိုးလာတာဖြစ်တယ်။ ဘယ်သူတွေတိုးလည်း ဆိုရင် ရက်ပေါင်း ၁၈၀ အတွင်းနေထိုင်သူတွေဟာ ပုံစံ(၃-က)နဲ့ လျှောက်လာကြတဲ့အတွက် လူစာရင်းတွေ ထပ်တိုးလာတာဖြစ်ပါတယ်”ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး မှ ရွေးကောက်ပွဲအရာရှိ ဦးဟိဏ်းလင်းထက်က ပြောကြားချက်ကို လွတ်လပ်သောမွန်သတင်းအေဂျင်စီက ဖော်ပြခဲ့တာပါ။

    ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းက မွန်ပြည်နယ်အတွင်း ရွှေ့ပြောင်းဝင်ရောက်လာသူဦးရေ သုံးသိန်းလေးသောင်းကျော်(၃၄၂၁၈၉ ဦး) ရှိတယ်လို့ ဖော်ပြထားပါတယ်။ ချုပ်လိုက်ရင် မွန်ပြည်နယ်အတွင်း သိန်းနဲ့ချီပြီး ရွှေ့ပြောင်းအခြေချလာတဲ့ မွန်တိုင်းရင်းသားမဟုတ်သူ ၄ သိန်းကျော်ခန့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရရှိခဲ့တယ်လို့ တွက်ဆနိုင်ပါတယ်။ လက်ရှိ ယခုနှုန်းထားအတိုင်းသာ ဆက်လက်သွားနေမယ်ဆိုရင် ပြည်နယ်အတွင်းကို အခြားဒေသက ဝင်ရောက်အခြေချလာမယ့် ရွှေ့ပြောင်းလုပ်သားတွေ နောင် ၅ နှစ်ကြာပါက မွန်ပြည်နယ်အတွင်း မွန်လူဦးရေ ၅၀% ထက်ဝက်မျှပင် ပြည့်မီတော့မှာမဟုတ်ပါ။

    ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်သူများပြား
    ၂၀၁၄ သန်းခေါင်စာရင်းအရ မွန်ပြည်နယ်လူဦးရေ ၂၀ သိန်းကျော်(၂၀၅၄၃၉၃ ဦး) ရှိတဲ့အထဲမှာ နိုင်ငံခြားရောက်ရှိနေသူ(တရားဝင်/တရားမဝင်) ၄ သိန်း ၂ သောင်းကျော်(၄၂၆၅၈၆ ဦး) ဖြစ်ပါတယ်။ အသက် ၁၈ ပြည့်သူများဖြစ်ကြတဲ့ နိုင်ငံခြားကိုသွားရောက်အလုပ်လုပ်ကိုင်သူတွေဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ လူဦးရေ သိန်းနဲ့ချီပြီး မဲထည့်ခွင့်မရခဲ့ပါ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံခြားရောက်ရှိနေသူတွေ ကြိုတင်မဲထည့်ခဲ့တဲ့အရေအတွက် သောင်းဂဏန်းအနည်းငယ်မျှသာ ရှိခဲ့တာကိုလည်း သတင်းတွေမှာ ကြားသိခဲ့မှာပါ။

    ဒေသခံတွေ မဲပေးခွင့်ဆုံးရှုံးခဲ့တာလည်းတွေ့ရှိ
    မွန်ပြည်နယ်ပြင်ပမှရောက်ရှိလာသော ရွှေ့ပြောင်းအလုပ်သမားအများစုဟာ သက်သေခံစာရွက်စာတမ်း အပြည့်အစုံမရှိသော်ငြား မဲစာရင်းတွင်မဲပေးခွင့်ရရှိခဲ့ပါတယ်။ သို့သော်လည်း မိမိဇာတိကျေးရွာမှာ နေထိုင်ဆဲဖြစ်တဲ့ ဒေသခံအချို့မဲစာရင်းထဲ နာမည်မပါရှိလို့ မဲပေးခွင့်မရသူတွေ အများအပြားတွေ့ရှိခဲ့ပါတယ်။
    ရွေးကောက်ပွဲကျင်းတဲ့ နိုဝင်ဘာ ၈ ရက်နေ့မှာတော့ လမိုင်းမြို့သားတစ်ဦးဖြစ်တဲ့ “ဦးဂျိန်း” မဲပေးခွင့်မရတဲ့အတွက် မဲရုံရှေ့၌ မိမိမှတ်ပုံတင်(နိုင်ငံသားစိစစ်ရေးကဒ်ပြား) ကို မီးရှို့ပြသလိုက်တဲ့ ဖြစ်ရပ်ကိုလည်း Facebook နဲ့ သတင်များမှာ ဖတ်ရှုမိပါတယ်။(အောက်ဖော်ပြပါဓါတ်ပုံ)
    Photo- see attach file please,

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးကလည်း မဲစာရင်းများ ၃၀% သာ မှန်ကန်မှုရှိတယ်လို့ အတည်ပြုပြောကြားခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။

    အထက်ပါတင်ပြချက်တွေဟာ ရွေးကောက်ပွဲကို စိတ်ဝင်စားကြတဲ့ စာဖတ်သူတွေ၊ စောင့်ကြည့်လေ့လာသူတွေ သိထားပြီးတဲ့ အချက်အလက်တွေပါ။ သို့သော်လည်း စာရေးသူအနေနဲ့ မွန်ပါတီတွေ ဘာကြောင့်မဲရှုံးရသလဲဆိုတာကို အထက်ဖော်ပြပါ ဦးရေကိန်းဂဏန်းတွေနဲ့ ချိန်ထိုးတွက်ဆစေလိုပါတယ်။
    အင်အားအလုံးအရင်းနဲ့ အခြားဒေသက မွန်မဟုတ်သူတွေ ရွှေ့ပြောင်းဝင်ရောက်နေတာကလည်း ရွေးကောက်ပွဲဝင် မွန်အမတ်လောင်းတွေကို မဲရှုံးစေနိုင်တဲ့ ညွှန်းကိန်းတစ်ရပ်ဆိုသလို တဖက်မှာလည်း နိုင်ငံရပ်ခြားကို သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ သိန်းနဲ့ချီတဲ့ မွန်တိုင်းရင်းသားတွေ မဲပေးခွင့်မရခဲ့တာ၊ မဲမပေးခဲ့တာကိုလည်း သတိပြုစေချင်ပါတယ်။
    ဒါ့ကြောင့် မွန်တိုင်းရင်းသားတွေ ရွေးကောက်ပွဲအပေါ် အလေးအနက်ထားမှု၊ စိတ်ဝင်စားမှု၊ နိုင်ငံရေးအသိနိုးကြားမှု မရှိပါက လွှတ်တော်ထဲ မွန်အမတ်တွေရောက်ရှိနိုင်ဖို့ဆိုတာ ရင်လေးစရာ မတွေးရဲတဲ့အဖြစ်တွေပါ၊ မွန်တိုင်းရင်းသားအများအပြား အထူးသဖြင့် ကျေးလက်နေမွန်တိုင်းရင်းသားတွေ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးမှု အလွန်နည်းပါးခဲ့တဲ့အတွက် မွန်ပါတီတွေမဲရှုံးခဲ့တာလို့ပဲ ဆိုပါရစေ။

    စဉ်: line up arrange in order.
    မဲပေးသူ
    ချောင်းဆုံ
    မုဒုံ
    မုဒုံ
    ရေး: write; draw; compose. (part 1 particle suffixed to verb or noun to denote a state, action or skill.
    2 numerical classifier for counting stretches of sleep.
    ကျိုက်ထို

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks