အိုက်စိုင်း – ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲ ရလာဒ်ကို လက်ခံရန်လိုအပ်ပြီး ရလာဒ်အား မကျေနပ်၍ ဆူပူမှုများ ဖြစ်ပွားလာလျှင် တပ်မတော်အနေဖြင့် ဥပဒေအရ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း
အောင်လှိုင် က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၂၁ ရက်က နေပြည် တော်ရှိ ဘုရင့်နောင်ခန်းမတွင် မီဒီယာများနှင့်တွေ့ဆုံစဉ် အတိုင်းပါ အတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။
“ရွေးကောက်ပွဲ ရလာဒ်ကို ရှုံးနိမ့်တဲ့ ပါတီတွေက လက်ခံဖို့ လိုအပ်ပါတယ်။ရလာဒ်အပေါ်မှာ မကျေနပ်လို့ ဆူပူ မှုများ ဖြစ်ပွားလာခဲ့ရင် တပ်မတော်အနေနဲ့ကတော့ ဥပဒေအရ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ဒီလို ဥပဒေအရ လုပ်ဆောင်မှု အပေါ်မှာလည်း လက်ခံရမည်ဖြစ်ပါတယ်”ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ရလာဒ်ထွက်ဖော်လာပြီးနောက် ရလာဒ်အပေါ် မကျေနပ်ရာမှ တဆင့် ဆူပူမှု များ ဖြစ်ပွားလာခဲ့ပါက အုပ်ချုပ်ရေးပိုင်း အဆင့်၊ရဲတပ်ဖွဲ့အဆင့် နှင့် အရေးပေါ် အခြေအနေထုတ်ပြန်ခြင်း၊စ သည့် အဆင့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရွေးကောက်ပွဲ ကာလအတွင်း လုံခြုံရေးအရ ကန့်သတ်ထားသည့် နေရာများမှ လွဲ၍ တပ်မတော်အတွင်းရှိ မဲရုံ များသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းပြီး ရွေးကောက်ပွဲနှင့်တပ်မတော်သားများ မဲဆန္ဒပေးခြင်းနှင့်ပတ်သက် ပြီးတော့လည်း တပ်မတော်ပိုင်းဆိုင်ရာ၌ လွတ်လပ်ပြီး တရားမျှတမှုရှိစေရန် အတတ်နိုင်ဆုံး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ရွေးကောက်ပွဲသို့ နိုင်ငံရေးပါတီ ၉၃ ပါတီမှ ကိုယ်စားလှယ်လောင်း ၆ ထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ကြေညာထားသည်။
သို့ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နောက်ဆုံးအကြိမ်ထုတ်ပြန်သော တစ်နိုင်ငံလုံး မဲစာရင်းများတွင် အမှားအယွင်းများပြားနေခြင်းမှတစ်ဆင့် ရွေးကောက်ပွဲ ကျင်းပသောနေ့ရက်များတွင် ဆူပူမှုဖြစ်ပွားစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းလားဟု မေးခွန်းထုတ်ရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ယမန်နေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
လက်ရှိတွင် နိုင်ငံရေးပါတီများသည် မိမိ သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် စက်တင်ဘာ ၈ ရက်မှ စတင်ကာ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြပြီးဖြစ်သည်။