Homeသတင်းNCA လက်မှတ်ရေးထိုးပွဲ ဖြစ်မြောက်ရေး အရပ်ဖက်အဖွဲ့အစည်းများဝိုင်းဝန်းဆောင်ရွက်ပေးကြရန် အစိုးရတိုက်တွန်း

NCA လက်မှတ်ရေးထိုးပွဲ ဖြစ်မြောက်ရေး အရပ်ဖက်အဖွဲ့အစည်းများဝိုင်းဝန်းဆောင်ရွက်ပေးကြရန် အစိုးရတိုက်တွန်း

-

အရပ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရကိုယ်စားလှယ်တွေ့ဆုံပွဲ(MPC)
အရပ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရကိုယ်စားလှယ်တွေ့ဆုံပွဲ(MPC)
အိုက်စိုင်း – မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတပ်မတော်တို့ကြား လက်နက်ကိုင်ပဋိပက္ခများကို ရပ်တန့်နိုင်ရန် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပွဲ ဖြစ် မြောက်ရန်အတွက် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်

အစိုးရအဖွဲ့ တိုက်တွန်း ပြောကြားလိုက်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၊သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း တို့သည် အရပ် ဖက်အဖွဲ့အစည်း ၃၀ ခန့်ကိုယ်စားလှယ်များနှင့် မြန်မာငြိမ်းချမ်းရေးစင်တာ MPC တွင် စက်တင်ဘာ ၂၀ ရက်နေ့က တွေ့ဆုံစဉ် အထက်ပါ အတိုင်း တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက “NCA စာချုပ်က အစိုးရပိုင်တာမဟုတ်ပါဘူး။ အားလုံးက ပိုင်တာပါ။ဒါကြောင့် ဒီစာချုပ်ကြီးပေါ်မှာ လက်မှတ် ရေးထိုးလာနိုင်အောင်အတွက် အရပ်ဖက်အဖွဲ့အစည်းများအနေနဲ ့ဝိုင်းဝန်းကြိုးပမ်းပေးဖို့တိုက်တွန်းပါတယ်။ ခင်ဗျားတို့ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အရမ်းကို ကြီးကျယ်ပါတယ်။ ဒါကြောင့် NCA လက်မှတ်ရေး ထိုးပွဲဖြစ်မြောက်အောင် ပူးပေါင်း လုပ်ကိုင်ဆောင်ရွက်ပေးစေလိုပါတယ်”ဟု ပြောသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို လာမည့်အောက်တိုဘာ ပထမပတ်ထဲတွင် လက်မှတ်ရေးထိုးသွားရန် အစိုးရဘက်က စီစဉ်နေသော်လည်း တရားဝင် ဖိတ်ခေါ်ထားသည့် လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့အနက် မည်သည့်အဖွဲ့အစည်းများ လက်မှတ်ရေးထိုးမည်ကို အတိအကျ မ ပြောနိုင်သေးကြောင်း မြန်မာငြိမ်းချမး်ရေးစင်တာ MPC တာဝန်ရှိသူများက ဆိုသည်။

“ကျွန်တော်တို့ အစိုးရတစ်ဖွဲ့တည်းနဲ့ NCA ကို ရွေ့အောင် မလုပ်နိုင်ပါဘူး။ ခင်ဗျားတို့ အရပ်ဖက်အဖွဲ့အစည်း တွေရဲ့ ပူးပေါင်းပါဝင်မှုတွေလည်း လိုအပ်ပါတယ်။ ဒီ NCA ကိုအကောင်အထည်ဖော်လာနိုင်အောင် အရပ် ဖက် အဖွဲ့အစည်းတွေက လုပ်နိုင်ပါတယ်။ဒါကြောင့် အစိုးရက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ ဖိတ်ခေါ် တာဖြစ်ပါတယ်”ဟုလည်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တချို့သော အဖွဲ့အစည်းများက ဝေဖန်မှုများ ပြုလုပ် နေသော်လည်း စိတ်ရှည်သီးခံပြီးမှ လုပ်ဆောင်ကြရန် ပြည်ထောင်စုဝန်ကြီးများက တိုက်တွန်းပြောဆို ခဲ့ သည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက စတင် လုပ်ဆောင် လာခဲ့ရာ ၂၀၁၅ ခုနှစ်၊သြဂုတ်လတွင် NCA စာချုပ် မူချောအဆင့်ထိ သဘောတူညီနိုင်ခဲ့သော်လည်း စာချုပ် လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးသည့်အတွက် အစိုးရ၏ လုပ်ကိုင်ဆောင်ရွက် ပုံများကို ဝေဖန်မှုများ ရှိနေသည်။

NCA မူချောပါ အချက် ၃၃ အနက် ၃၂ ချက် သဘောတူညီခဲ့ပြီးသော်လည်း ပါဝင်လက်မှတ်ရေးထိုးရမည့်အဖွဲ့အစည်းများကိစ္စတွင် အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို အစိုးရက ချန်လှပ်ထားသ ဖြင့် လက်မှတ်ရေးထိုးရန်သဘောတူညီမှုမရသေးဘဲ တစ်ဆို့နေရ ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts