Homeသတင်းမွန်မှုသုတေသနစာတမ်းဖတ်ပွဲ မော်လမြိုင်တွင်ကျင်းပခဲ့

မွန်မှုသုတေသနစာတမ်းဖတ်ပွဲ မော်လမြိုင်တွင်ကျင်းပခဲ့

-

မော်လမြိုင်မြို့နယ်၊ မွန်စာပေယဉ်ကျေးမှုကော်မတီက ဦးဆောင်ပြီး မွန်မှုသုတေသနစာတမ်းဖတ်ပွဲကို ယခုလ ၁၀ ရက်နေ့၌ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ရာမည ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

ယင်းစာတမ်းဖတ်ပွဲကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပခဲ့ရာ ဧည့်ပရိသတ် ၁၀ဝ ကျော် တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

မော်လမြိုင်မြို့နယ်၊ မွန်စာပေယဉ်ကျေးမှုကော်မတီ အထွေထွေအတွင်းရေးမှူး နိုင်တင့်ခိုင်က “ကိုယ့်နိုင်ငံမှာ တကယ်ရှိနေတဲ့ အရာတွေကို ပညာရှင်တွေက သုတေသနတွေ အသေအခြာ ပြုလုပ်ပြီး အခုလို စာတမ်းဖတ်ပွဲတွေမှာ ရှင်းပြတဲ့အတွက် မွန်ပြည်သူတွေ သိရှိသွားမှာဖြစ်သလို၊ နိုင်ငံတကာကရော တစ်ခြားလူမျိုးတွေလည်း သိနိုင်မယ်” ဟု ပြောသည်။

အဆိုပါစာတမ်းဖတ်ပွဲတွင် ရှေးဟောင်း မွန်ဗုဒ္ဓရုပ်ပွားတော်သုံးဆူ စာတမ်းကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ဒေါက်တာနန်းလှိုင်နှင့် မွန်ယဉ်ကျေးမှုနယ်ပယ်ရှိ ရွှေဟင်္သာအကြောင်းကို ပထဝီရှုထောင့်မှ လေ့လာခြင်းစာတမ်းကို မော်လမြိုင်တက္ကသိုလ် တက္ကသိုလ် ပထဝီ ပါမောက္ခ ဒေါ်ကြင်စွမ်း (အငြိမ်းစား)တို့ ဖတ်ကြားခဲ့သည်ဟု သိရသည်။

ထို့အတူ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စီးပွား/ စီမံ ဝန်ကြီး ဒေါက်တာမင်းနွယ်စိုးကလည်း ဒြပ်မဲ့ယဉ်ကျေးမှုနှင့် ပဉ္စလိုင် စာတမ်းကိုလည်းကောင်း၊ သမိုင်းသုတေသနဦးစီးဌာနက (အငြိမ်းစား) လက်ထောက်ညွှန်ကြားရေးမှူး ဦးစံဝင်းက ကရင်နှင့် မွန်ပြည်နယ်တွင်းမှ စဉ့်ဖိုဟောင်းများ ရှာဖွေခြင်းသုတေသနစာတမ်းကိုလည်းကောင်း၊ ဒဂုံတက္ကသိုလ်မှ ဦးအောင်ကျော်ထွန်းက မွန်ပြည်ယ် သထုံခရိုင် ဘီးလင်းမြို့နယ်ရှိ အယက်သည်မရွာနှင့် ၎င်း၏ ပတ်ဝန်းကျင်ရှိ ဘူမိဗေဒအကြောင်း စာတမ်းများ အသီးသီးဖတ်ကြားခဲ့သည်။

မွန်မှုသုတေသနစားတမ်းဖတ်ပွဲများကို မွန်ပြည်နယ်တွင် ၅ ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း နိုင်တင့်ခိုင် ပြောပြချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts