Homeသတင်းမြန်မာနိုင်ငံ၏ မိခင်များအတွက်နေထိုင်မှုအဆင့် စစ်တမ်း

မြန်မာနိုင်ငံ၏ မိခင်များအတွက်နေထိုင်မှုအဆင့် စစ်တမ်း

-

ကမ္ဘာ့မိခင်များနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတွင် မိခင်များ ရှင်သန်နေထိုင်ရေးအတွက် အကောင်းဆုံးနှင့် အစိုးဆုံးနေရာများ စစ်တမ်းကောက်ရာတွင် မြန်မာနိုင်ငံသည် မိခင်များအတွက်နေထိုင်မှု အဆင့်သည် ယမန်နှစ်ထက် ကျဆင်လျှက်ရှိကြောင်း Save The Children ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့တွင် ကျရောက်သည့် ကမ္ဘာ့မိခင်များနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံပေါင်း ၁၇၉ မှ စစ်တမ်းကောက်ယူထားမှု အပေါ် အခြေခံ၍ State of the Wold’s Mother: The Urban Disadvantage’ အစီရင်ခံစာကို မေလ ၈ ရက်နေ့တွင် Save the Children မှ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

Save the Children ၏ Media Officer ဦးသက်ကိုကိုက “အခုနှစ် မြန်မာနိုင်ငံရဲ့ အဆင့်အတန်းက ၁၅၈ မှာရှိပါတယ်၊ ပြီးခဲ့တဲ့နှစ် ၂၀၁၄ တုန်ကဆိုရင် ၁၅၇ မှာရှိတယ်ဆိုတော့ အဆင့်တစ်ဆင့်ကို ထပ်ကြသွားတယ်လို့ ဆိုလို့ရပါတယ်” ဟု ဆိုသည်။

ဆက်လက်၍ မိခင်များအတွက် အကောင်းဆုံးနေထိုင်ရာ ဝန်ကျင်သည် နေဝေးနိုင်ငံဖြစ်ကြောင်း၊ နော်ဝေးနိုင်ငံသည် ကမ္ဘာထိပ်တန်း အဆင့် (၁) နေရာတွင် ရှိကြောင်း၊ အဆင့်ခွဲ သတ်မှတ်မှုကို (Indicators) ၅ ခုဖြစ် တိုင်းတာ၍ အဆင့်ခွဲသတ်မှတ်ထားခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“မိခင်တွေရဲ့ ကျန်မာရေး အခြေအနေ ပြည့်စုံမှု၊ ကလေးတွေရဲ့ ကျန်မာရေး အခြေအနေပြည့်စုံမှု၊ ပညာရေး အဆင့်အတန်း၊ စီးပွားရေး အခြေအနေ၊ နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်မှုဆိုတဲ့ Indicators တွေနဲ့ တိုင်းတာပါ” ဟု ၎င်းက ဆက်ပြောသည်။

ယခုနှစ်ထုတ်ပြန်သော အစီရင်ခံစာတွင် ကမ္ဘာ့မြို့ကြီးအချို့၏ ဆင်းရဲ၊ ချမ်းသာအကြား ကြီးမားသော ကျန်းမာရေး အခြေအနေ ကွာဟချက်များကို ဖော်ထုတ်ထားသည့်အပြင် အပယ်ခံထားသည့် ဆင်းရဲသားများ၏ ကမ္ဘာ့မြို့ကြီးများတွင် နေထိုင်လာကြောင်းကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Save the Children (မြန်မာ) မှ ကျန်းမာရေးအကြံပေး ဒေါက်တာ ခင်စပယ်မောင်က “မြန်မာနိုင်ငံက မိခင်နဲ့ ကလေးတွေရဲ့ ဘဝရှင်သန်ရပ်တည်းက လွန်ခဲ့တဲ့ နှစ်တွေကစပြီး တိုးတက်မှုတချို့ ရှိခဲ့ပေမယ့် အခက်ခဲဆုံး နေရာထဲ ပါဝင်နေဆဲဖြစ်ပါတယ်” လို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ မိခင်သေဆုံးမှုနှုန်းသည် ၂၅၀ ဦးတွင် ၁ ဦး ရှိပြီး၊ ၅ နှစ်အောက်ကလေး သေဆုံးမှုနှုန်းမှာ ၁၉ ဦးတွင် ၁ ဦး သေဆုံးလျှက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ မိခင်နှင့်ကလေး စောင့်ရှောက်မှု တိုးတက်ကောင်းမွန်လာစေရန် မြို့နယ်အဆင့်၊ တိုင်းနှင့် ပြည်နယ် ဗဟိုအဆင့်တွင် ဦးဆောင်မှုပေးနေသော ခေါင်းဆောင်များမှ မိခင်နှင့်ကလေးတို့၏ လိုအပ်ချက်များကို ပြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ကမ္ဘာ့စံချိန်စံနှုန်းများအညီ လက်တွေ့ လုပ်ဆောင်ပေးရန် Save the Children မှ တိုက်တွန်းထားသည်။

Save the Children အဖွဲ့သည် ၁၉၉၅ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း တရားဝင်ရုံများဖွင့်လှစ်၍ ပြည်နှင့်တိုင်း ၁၂ ခုတွင် မိခင်နှင့်ကလေးသူငယ်တို့၏ လိုအပ်ချက်များကို လက်တွေ့ အကောင်အထည်ဖော်လျှက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts