spot_img
Saturday, June 21, 2025
More
    spot_img
    Homeသတင်းမွန်အမျိူးသားပါတီ ဗဟိုကော်မတီဝင် ၉၃ ဦး ရွေးချယ်ပြီးစီး အမျိူးသမီးပါဝင်မှုပိုများလာ

    မွန်အမျိူးသားပါတီ ဗဟိုကော်မတီဝင် ၉၃ ဦး ရွေးချယ်ပြီးစီး အမျိူးသမီးပါဝင်မှုပိုများလာ

    -

    မွန်အမျိူးသားပါတီ ညီလာခံ တတိယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ ည ၈ နာရီ တွင် ဗဟိုကော်မတီ အဖွဲ့ဝင် အသစ် ၉၃ ဦး ရွေးချယ်နိုင်ခဲ့ပြီး ၁၅ ရာခိုင်နှုန်းကျော်သည် အမျိူးသမီးများပါဝင်နေကြောင်း တွေ့ရသည်။

    မွန်အမျိုးသားပါတီရုံးရှေ့မြင်ကွင်း(IMNA)
    မွန်အမျိုးသားပါတီရုံးရှေ့မြင်ကွင်း(IMNA)
    မွန်အမျိူးသားပါတီ ဗဟိုကော်မတီ အဖွဲ့ဝင် အသစ် ၉၃ ဦးအနက် ၁၉ ဦးသည် မွန်အမျိူးသမီးများဖြစ်ကြပြီး အမျိူးသမီးပါဝင်မှုသည် ယခင်ပါတီသက်တမ်းထက် ဗဟိုကော်မတီဝင်အမျိူးသမီးပါဝင်မှုနှုန်းထက်ပို၍ များလာကြောင်း မွန်အမျိူးသားပါတီ အလုပ်အမှုဆောင် ပြန်ကြားရေးတာဝန်ခံ နိုင်လယီတမ ကပြောသည်။

    “အမျိူးသမီးတွေ အရင်ထက်စာရင် ပါလာတယ်၊ အရင်က ၁၀ ဦးလောက်ဘဲပါတယ်၊ ဒါဟာ အောက်ခြေအဆင့်ကနေ ရွေးချယ်မှုဘဲ ဖြစ်တယ်”ဟု နိုင်လယီတမ က ပြောသည်။

    မွန်အမျိူးသားပါတီညီလာခံ တတိယနေ့တွင် အောက်ခြေအဆင့်မှ ပါတီဝင်များမှ ဒီမိုကရေစီနည်း အရ ဗဟိုကော်မတီဝင် များအားရွေးချယ်ခဲ့ကြပြီး ပါတီ ညီလာခံ ၃ ရက်တွင် မလုံလောက်ဘဲ ၄ ရက်မြောက်ဖြစ်သော ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအား ထို ၉၃ ဦးထဲမှ ၃၁ ဦးအား လျှို့ဝှက်မဲစနစ်ဖြင့် ဆက်လက်ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။

    “ကျွန်တော်တို့ ပါတီရဲ့ရွေးကောက်ပွဲပာ ဒီမိုကရေစီနည်းကျကျ ပွင့်လင်းမြင်သာစွာနဲ့ ရွေးချယ်ခဲ့တာပါ၊ အခြားပါတီတွေလဲ ကျွန်တော်တို့ ပါတီလို ဒီမိုကရေစီ နည်းအရ လုပ်စေချင်ပါတယ်၊”မွန်အမျိူးသားပါတီ မှ ယခင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

    လက်ရှိ ၉၃ ဦးထဲတွင် ရမှတ်ပေါင်း ၂၅၁ မှတ် ဖြင့် ယခင်ပါတီ ခေါင်းဆောင် နိုင်သက်လွင်မှ ဦးဆောင်နေပြီး ဒုတိယနေရာ တွင်ရမှတ် ၂၄၈ မှတ်ဖြင့် နိုင်ငွေသိန်းမှ ဦးဆောင်နေကြောင်း တွေ့ရသည်။

    ယခု ရွေးချယ်တင်မြောက်ခံရသော ဗပာိုကော်မတီအဖွဲ့ဝင်များသည် နောင်လာမည့် ၅ နှစ်အထိ တာဝန်ထမ်းဆောင် ရမည်ဖြစ်ပြီး နောင်လာမည့် ၅ နှစ်မှသာ ပြန်လည်ရွေးချယ်တင်မြောက်သည့် ဒုတိယအကြိမ် ညီလာခံတစ်ရပ်ပြုလုပ်မည် ဖြစ်သည်။

    ဇန်နဝါရီလ ၂၈ ၂၉ ၃၀ ရက်တို့ တွင်ပြုလုပ်ခဲ့သည့် ပထမအကြိမ်မွန်အမျိူးသားပါတီညီလာခံသို့ ပါတီဝင် ၃၃၀ ကျော် တက်ရောက် မဲပေးခဲ့ကြသည်။

    ထိုအပြင် ဇန်နဝါရီလ ၃၁ ရက်နေ့ တွင် ပြုလုပ်မည့် ဗဟိုအလုပ်အမှုဆောင်ရွေးချယ်ပွဲတွင် ဥက္ကဌ နှင့် ဒုဥက္ကဌ အတွင်းရေးမှူး နေရာများအား ဆက်လက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,400SubscribersSubscribe
    spot_img

    Latest posts