Homeသတင်းအသက် ၉၂ နှစ်ရှိ နိုင်ငွေသိမ်း မွန်အမျိူးသားပါတီဥက္ကဌ ဆက်လက်ဆက်ခံ

အသက် ၉၂ နှစ်ရှိ နိုင်ငွေသိမ်း မွန်အမျိူးသားပါတီဥက္ကဌ ဆက်လက်ဆက်ခံ

-

မွန်အမျိူးသားပါတီ ပထမဆုံး ဗဟိုညီလာခံ ကျင်းပသည့်နောက်ဆုံးနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အသက် ၉၂ နှစ်ရှိပြီ ဖြစ်သော နိုင်ငွေသိမ်း ပါတီဥက္ကဌ ဆက်လက်ရွေးချယ်တင်မြှောက်ခံရသည်ကို တွေ့ရှိရသည်။

MNP ဥက္ကဌနှင့်အတွင်းရေးမှူးများ(Feacbook)
MNP ဥက္ကဌနှင့်အတွင်းရေးမှူးများ(Feacbook)
အလားတူ ဒုဥက္ကဌ(၁) နိုင်သက်လွင်နှင့် ဒုဥက္ကဌ (၂) နိုင်ငွေသိန်းတို့သည်လည်း အသက် ၇၅ နှစ်အထက်ရှိ ဥက္ကဌဟောင်း များပင် ပြန်လည်ရွေးချယ်ခံရပြန်သည်။

ညီလာခံသဘာပတိ၏ နိဂုံးချုပ်မိန့်ခွန်းပြောကြားရာတွင် နိုင်ငွေသိမ်းက “ညီလာခံ ပြီးပေမယ့် ရှေ့သွားရမယ့် ခရီးတွေ အများ ကြီး ရှိပါသေးတယ်၊ သစ္စာရှိရှိနဲ့ ဆောင်ရွက်ဖို့ လိုပါတယ်၊ ဥက္ကဌ တွေဟာ အလုပ်လုပ်နေတာ မဟုတ်ပါဘူး၊ အတွင်းရေးမှူး အဖွဲ့ကပဲ အလုပ်လုပ်နေတာပါ”ဟု နိုင်ငွေသိမ်းက ပြောသည်။

အတွင်းရေးမှူးအဖွဲ့အလုပ်လုပ်နိုင်ပါက မွန်အမျိူးသားပါတီ အသက်ဝင်မည်ဖြစ်ပြီး ပြည်သူများလည်း အကျိူးရှိမည် ဖြစ်ကြောင်း မွန်အမျိူးသားပါတီ ဥက္ကဌ နိုင်ငွေသိမ်းက ညီလာခံအပြီးတွင် ယင်းသို့ပြောကြားခဲ့ ခြင်းဖြစ်သည်။

အထွေထွေအတွင်းရေးမှူးအဖြစ် နိုင်လယီတမ၊ တွဲဘက်အတွင်းရေးမှူး ၁ အဖြစ် နိုင်စိုးမြင့်၊ တွဲဘက်အတွင်းရေးမှူးအဖြစ် ဒေါက်တာ မင်းကြည်ဝင်းတို့ ရွေးချယ်ခံရသည်။

အဆိုပါရွေးချယ်ပွဲတွင် ဗဟိုကော်မတီဝင် ၉၃ ဦးမှ ဗဟိုအလုပ်မှုဆောင် ၃၁ ဦးအား လျှိ့ဝှက်မဲဖြင့် ရွေးချယ်ခဲ့ပြီး ထို ၃၁ ဦးမှ ဒုဥက္ကဌ ရာထူးမှ အတွင်းရေးမှူးရာထူးအထိ လျို့ဝှက်မဲစနစ်ဖြင့် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ဥက္ကဌရာထူးအား နိုင်ငွေသိမ်းမှလွဲ၍ ကျန်သူများ အဆိုတင်သွင်းသူမရှိ၍ နိုင်ငွေသိမ်းမှ ဥက္ကဌ ရာထူးအား လက်ခံရယူခဲ့ခြင်းဖြစ်သည်။

မွန်အမျိူးသား ပါတီ ဗဟိုညီလာခံသည် ဇန်နဝါရီလ ၂၈ ရက်နေ့ မှ ၃၁ ရက်နေ့ အထိ ၄ ရက်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး ညီလာခံနောက်ဆုံးနေ့တွင် ရွေးချယ်တင်မြောက်ခဲ့ခြင်း ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF သည် ၂၀၁၂ တွင် မွန်ဒီမိုကရေစီပါတီ MDP အဖြစ် ပြန်လည်ဖွဲ့စည်းပြီး ၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားပါတီ MNP အဖြစ်အမည်ပြောင်းလဲခဲ့ရာ၌ ဥက္ကဌ/ ဒုဥက္ကဌနေရာ များတွင် ဝါရင့်နိုင်ငံရေးသမား နိုင်ငွေသိမ်း အမြဲတမ်းဦးဆောင်ခဲ့သူ ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts