Homeသတင်းပြည်ထောင်စုနေ့တွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသဘောတူ လက်မှတ်ထိုးရန် အစိုးရကို UNFC ကမ်းလှမ်း

ပြည်ထောင်စုနေ့တွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသဘောတူ လက်မှတ်ထိုးရန် အစိုးရကို UNFC ကမ်းလှမ်း

-

လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့တွင် သမ္မတဦးသိန်းစိန် အမှူး ပြုသောအစိုးရအတူတကွ ပြည်သူများ လိုလာတောင့်တနေသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး သဘောတူ ညီချက်တရပ်ကို လက်မှတ်ရေးထိုးရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC က ကြေညာချက် ထုတ်ပြန် ကမ်းလှမ်းလိုက်သည်။

UNFC ကမ်းလှမ်းချက်(Copy)
UNFC ကမ်းလှမ်းချက်(Copy)
(၆၈) နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ပတ်သက်၍ UNFC ၏ သဘောထားထုတ်ပြန် ကြေငြာချက်ကို ယမန်နေ့ ဇန်နာဝါရီ ၂၉ ရက်နေ့ရက်စွဲဖြင့် UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်က “ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုတော့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးသဘောတူညီတဲ့စာချုပ် ပဏာမလက်မှတ်ထိုးဖို့ လိုတယ်၊ အခုဟာက အစိုးရဘက်က တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးဖို့ တာစူနေတယ်၊ အဲဒီအဆင့်ကို မသွားခင်မှာ ကျနော်တို့ဆွေးနွေးရမယ့် အကြောင်း အချက်တွေကလည်း ကျန်နေသေးတော့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုး နိုင်ဖို့ ဘယ်လိုမှ ဖြစ်နိုင်ချေမရှိဘူး” ဟု ဆိုသည်။

ဖေဖော်ဝါရီ ၁၂ ရက်တွင် အစိုးရဘက်မှ လိုလားသည့် အခြေအနေ တစ်ခုခုကို အကောင်အထည် ဖော်ကောင်းမည်ဟူသည့် စဉ်းစားချက်ဖြင့် UNFC ဆန္ဒပြု တိုက်တွန်းခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ သဘောတူထားပြီးဖြစ်သည့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်မည့် နိုင်ငံရေးအာအာမခံချက်ရှိသည့် စာချုပ်လက်မှတ်ရေးထိုးလိုသည့် သဘောဖြင့် သမ္မတအား ကမ်းလှမ်းခြင်း ဖြစ်ကြောင်း ခူဦးရယ်က ဆက်ပြောသည်။

လွန်ခဲ့သည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလဆန်း သမ္မတ ဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်းတွင်လည်း “ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေးသဘောတူညီချက်ကို ခိုင်မာစွာ ရရှိထားပြီး ဖြစ်ပါတယ်” ဟု အတိအလင်း အသိပေးထားပြီး ဖြစ်သည်။

ဆက်လက်၍ ခူဦးရယ် က “သမ္မတရဲ့ မိန့်ခွန်းအတိုင်း ဖက်ဒရယ်ပြည်ထောင်စုကို တကယ်ပဲ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့ အတွက် ကျနော်တို့ဘက်ကလည်း လိုလားတယ်၊ ဆန္ဒရှိတယ် ဆိုတဲ့သဘောမျိုးကို ပြချင်တဲ့အတွက် ကမ်းလှမ်းတာဖြစ်တယ်၊ ဒါက အာမခံချက်ရှိတဲ့ သဘောတူညီချက်ဖြစ်မှပါ” ဟု ဆိုသည်။

ဖေဖော်ဝါရီ ၁၂ ရက်ကို ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး သဘောတူညီချက် လက်မှတ်ထိုးရန် ဦးတည်ကမ်းလှမ်း ထားကြောင်း သို့မဟုတ်ပါက ရှေ့လာမည့် နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စဲရေးစာချုပ်ကို UNFC မှ လက်မှတ်ထိုးနိုင်လိမ့်မည် မဟုတ်ကြောင်း သူကဆိုသည်။

ထိုသို့လက်မှတ်ထိုးခြင်းဖြင့် အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များအကြား အပြန်အလှန်ယုံကြည်မှု ပိုမိုခိုင်မာလာစေပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် အဆုံးသတ်နိုင်ရေးအတွက် ကြိုးပမ်းရာရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ၇ ကြိမ်မြောက် ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ရန် မြန်မာ့ငြိမ်းချမ်းရေး စင်တာ (MPC) မှ တာဝန်းရှိသူများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ကိုယ်စားပြုသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ညှိနှိုင်းလျှက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts