Homeသတင်းမြန်မာပြည်တောင်ပိုင်းသတင်းသမားများ တွေ့ဆုံပွဲကျင်းပ

မြန်မာပြည်တောင်ပိုင်းသတင်းသမားများ တွေ့ဆုံပွဲကျင်းပ

-

မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းမှ သတင်းသမားများစုစည်း၍ မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ် တွေ့ဆုံဆွေးနွေးပွဲ Southern Myanmar Journalist Forum တစ်ရပ်ကို မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ်တွင် ဒီဇင်ဘာ ၁၀-၁၁ နေ့များ၌ ကျင်းပခဲ့သည်။

တောင်ပိုင်းဂျာနယ်လစ်ကွန်ယက် ဦးဉာဏ်စိုးလင်းက “ဒီကွန်ယက်စတည်ထောင်ကတည်းက ဒီတိုင်းနဲ့ ပြည်နယ် ၃ ခုထဲက သတင်းသမားတွေကို ချိတ်ဆက်လို့မရပါဘူး၊ အဓိက ဒီကွန်ယက်ကြီးအခိုင်အမာဖြစ်ဖို့ပါပဲ၊ ဒီပြည်နယ်နဲ့ တိုင်း ၃ ခုထဲက သတင်းသမားတွေ အခက်အခဲဘယ်လိုရှိလဲ၊ အဲ့ဒီရှိတဲ့အခက်အခဲပေါ်အခြေခံပြီးတော့ ဒီကွန်ယက်ကြီးကနေ ဘယ်လိုဖြေရှင်းပေးနိုင်မလဲဆိုတာတွေကို ဆွေးနွေးရင်းကနေ အချက် ၁၄ ချက်ထွက်ပေါ်လာပါတယ်၊ အခုချိုတ်ဆက်လို့ရပြီးလို့ ဆိုတော့ ပြောလို့ရတဲ့အနေအထားမှာရှိနေပါတယ်” ဟု ဆိုသည်။

အဆိုပါ ကွန်ယက်တွေ့ဆုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်အစိုးရ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုး၊ မွန်၊ကရင်၊တနင်္သာရီရှိ သတင်းသမား ၈၀ ကျော်နှင့် လေ့လာသူအပါအဝင် စုစုပေါင်းအင်အား၁၀ဝ ကျော်တက်ရောက်ခဲ့ကြသည်။

ယင်းကွန်ယက်ဖြစ်မြောက်ရေးနှင့် ပတ်သက်၍ ယခင်က ထိုကွန်ယက်ဖြစ်မြောက်ရေးအတွက် ယာယီကော်မတီ ၉ ဦးနှင့်ဆောင်ရွက်ခဲ့ရကြောင်း၊ ယခုဆွေးနွေးပွဲသို့တက်ရောက်လာသည့် သတင်းသမားများအားလုံး၏ဆန္ဒအရ ဗဟိုကော်မတီဝင် ၂၇ ဦးအားရွေးချယ်တင်မြှောက်ခဲ့ကြောင်း ဦးဉာဏ်စိုးလင်းက ဆက်ပြောသည်။

မွန်ပြည်နယ်မှ သတင်းသမား ကိုကြည်ဇော်လွင်က “ဒီတောင်ပိုင်း ကွန်ယက်ကနေပြီးတော့ သတင်းသမားတွေရဲ့ အရည်အသွေးမြှင့်တင်ရေး Capacity တွေ၊ Multimedia သင်တန်းတွေ ဆက်ပို့ချသွားဖို့ရှိပါတယ်၊ ဒီသင်တန်းတွေကနေပဲ အတူပူးပေါင်းဆောင် ရွက်သွားမယ်၊ ဒီတွေ့ဆုံပွဲမှာ သူတို့ တောင်းဆိုသွားတဲ့ သတင်းသမားတွေရဲ့အခွင့်အရေးတွေကို လုပ်သွားမယ်” ဟု ပြောသည်။

မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက် SMJN မြန်မာပြည် တောင်ပိုင်းဒေသရှိ သတင်းသမားများ စုစည်း၍ ၂၀၁၃ ခုနှင့် ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။

အဆိုပါ ကွန်ယက်ဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူများ၊ အရပ်ဖက်အဖွဲ့အစည်းများ နှင့် သတင်းမီဒီယာသမားများကြား အလွယ်တကူ ချိတ်ဆက်နိုင်ရန်၊ မြန်မာပြည်တောင်ပိုင်းရှိ သတင်းသမားများအား သတင်းပညာရပ်ဆိုင်ရာ အရည်အသွေး မြှင့်တင်နိုင်ရန်၊ သတင်းသမားများ၏တာဝန်၊ ရပိုင်ခွင့် များကိုကာကွယ်စောင့်ရှောက်ရန်နှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အခြားသော မီဒီယာ ကွန်ရက်များ နှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ဒေသတွင်း သတင်းမီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သတင်းသမားအသစ်များပေါ်ထွက်လာစေရန် စသည့် ရည်ရွယ်ချက်

မြန်မာပြည်တောင်ပိုင်းသတင်းသမားများ (Ko Ko Zaw Facebook)
မြန်မာပြည်တောင်ပိုင်းသတင်းသမားများ (Ko Ko Zaw Facebook)
များဖြင့် ဖွဲ့စည်းခဲ့ကြောင်း SMJN Facebook လူမှုကွန်ယက်တွင် ဖေါ်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts