Homeသတင်းလူ့အခွင့်အရေးနေ့ကို မြို့နယ်တိုင်းလုပ်သင့်ဟု လွှတ်တော်အမတ်ပြော

လူ့အခွင့်အရေးနေ့ကို မြို့နယ်တိုင်းလုပ်သင့်ဟု လွှတ်တော်အမတ်ပြော

-

ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို မွန်ပြည်နယ်ရှိ မြို့နယ်တိုင်း၌ လူ့အခွင့်အရေးနေ့ အခမ်းအနား လုပ်သင့်ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA ကို ပြောသည်။

လူ့အခွင့်အရေးစာအုပ်များ(Naiaung Naing Facebook)
လူ့အခွင့်အရေးစာအုပ်များ(Naiaung Naing Facebook)
ဒေါက်တာအောင်နိုင်ဦးက “ပြည်သူလူထုတွေက ဒီလိုလူ့အခွင့်အရေးနဲ့ပတ်သက်ပြီး သိနားလည်မှု အရမ်းနည်းတယ်၊ အခုလို ပြည်သူလူထုအကြား ကျေးရွာတွေမှာ လုပ်တာက အရမ်းကိုကောင်းပါတယ်၊ တကယ်လို့ နေရာခွဲပြီး မြို့နယ်တိုင်းမှာလုပ်မယ်ဆိုရင် ပိုပြီးတော့ကောင်းတယ်” ဟု ပြောသည်။

ဆက်လက်၍ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်း၏ နိဒါန်းတွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတိုင်းသည် လူ့အခွင့်အရေးနှင့်ပတ်သက်၍ ပြည်သူများအကြား ရှင်းလင်း ပညာပေးမှုများနှင့် ပညာရေး ကဏ္ဍတွင်လည်း အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ရန်ထည့်သွင်းရမည်ဖြစ်ကြောင်း ထိုကိစ္စရပ်များသည် အစိုးရတွင် တာဝန်ရှိကြောင်း ၎င်းက ဆိုသည်။

ဒေါက်တာအောင်နိုင်ဦးက “မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကော်မရှင်တစ်ရပ်ကို ဗဟိုအဆင့်အနေနဲ့ ဖွဲ့စည်းထားပြီးပြီ၊ အဲဒီအဖွဲ့ကနေပြီး ပြည်သူတွေကိုဖြန့်ဝေးဖို့အတွက် လူ့အခွင့်အရေးလက်ကမ်းစာဆောင်လေးတွေ ရိုက်ပြီး ဖြန့်ဝေနေတယ်၊ ဒါပေမဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေက ထိရောက်မှုမရှိဘူး၊ ကော်မရှင်က အမည်ခံရုံ ဟန်ပြသက်သက်ပဲလုပ်တဲ့သဘောဖြစ်နေတယ်၊ တကယ့်အောက်ခြေပြည်သူတွေ သိအောင် သူတို့မစွမ်းဆောင်နိုင်သေးဘူး” ဟုဆက်ပြောသည်။

၆၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အခမ်းအနားကို မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ကော့ပလိုင်ကျေးရွာ (အနောက်ဘက်ကမ်းရှိ)၊ ရာမညနိကာယ ကော့ပလိုင်ဘုန်းတော်ကြီးကျောင်း၌ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် တရားဝင် ပြုလုပ်ခဲ့သည်။

ကော့ပလိုင်ကျေးရွာ (အရှေ့ပိုင်း) အုပ်ချုပ်ရေးမှူး နိုင်မန်က “ကျနော်တို့ လူဖြစ်ကတည်က အခုလို လူ့အခွင့်အရေးနေ့ ဆိုတာတစ်ခါမှ မကြုံဖူးသေဘူး၊ လူအခွင့်အရေး အချက်ဘယ်နှစ်ချက်ရှိလည်း ဆိုတာလည်း မသိဘူး၊ တစ်ချို့ဆိုရင် ဒီလိုရက်အခမ်းအနားကို မသိကြဘူး၊ အခုလို ကျနော်တို့ ဒေသမှာ လာလုပ်တာ အရမ်းကို အားရတယ်” ဟု ပြောသည်။

လွန်ခဲ့သည့် ၂၀ဝ၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပထမအကြိမ် တရားဝင် ပြုလုပ်ကျင်းပခဲ့ပြီး ယခုနှစ် ပြည်သူများအသိပညာ ဗဟုသုတ ပိုမိုသိရှိလာရန်နှင့် လူအခွင့်အရေးနေ့သည် မည်သို့ မည်ပုံ ပေါ်ပေါက်လာသည်ကို သိရှိစေရန်အတွက် ရည်ရွယ်၍ ယခုကဲ့သို့ ကျေးရွာအဆင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးနေ့အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် နိုင်တလအောင် ကပြောသည်။

၆၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့၏ ဆောင်ပုဒ်မှာ “လူအခွင့်အရေး၊ ၃၆၅။ နေ့တိုင်း လူ့အခွင့်အရေးနေ့” “Human Rights Day: 365, Every day is Human Right Day” ဟူ၍ ဖြစ်သည်။

လူ့အခွင့်အရေးနေ့ အခမ်းအနားကို တိုင်းရင်းသားလူငယ်များ CBO အဖွဲ့မှ ယခုကဲ့သို့ ပြုလုပ်သည့်အပေါ် သက်ဆိုင်ရာ ပြည်နယ်အစိုးရမှ ခွင့်ပြုချက်ပေးရုံမျှဖြစ် မလုံလောက်ကြောင်း၊ အခမ်အနားအတွက် ဘတ်ဂျက်ငွေ တစ်စုံတရာ ကူညီထောက်ပံ့မှုများ ပြုလုပ်သင့်ကြောင်း၊ ယခုကဲ့သို့ လူအခွင့်အရေးဆိုင်ရာ အကောင်အထည်ဖော်မှုလုပ်ငန်းတွင် အစိုးရမှ ကူညီထောက်ပံ့မှု နည်းပါးသေးကြောင်း ဒေါက်တာအောင်နိုင်ဦးက သုံးသပ်ပြောဆိုခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts