Tuesday, May 12, 2026
More
    spot_img
    Homeသတင်းတိုင်းရင်းမိခင်စာပေသင်ကြားရေး မွန်ပြည်နယ်ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေးမှ အဆိုတင်မည်

    တိုင်းရင်းမိခင်စာပေသင်ကြားရေး မွန်ပြည်နယ်ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေးမှ အဆိုတင်မည်

    -

    မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအရေးပေါ် အစည်အဝေးတွင် တိုင်းရင်းသားမိခင် စာပေ သင်ကြားခွင့်ရရေး အဆိုပြု ဆွေးနွေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေး တာဝန်ခံကိုဘုန်းမြတ်မိုးက ပြောသည်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အဝေးအား ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) တွင် နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ အစည်းအဝေးပြုလုပ်မည် ဖြစ်သည်။

    “တိုင်ရင်းသားမိခင် စာပေများအား အလယ်တန်းနှင့် အထက်တန်းတွေမှာ သင်ကြားခွင့်ရရှိဖို့အတွက် ကျွန်တော်တို ဆွေးနွေးသွားမှာပါ။တိုင်းရင်းသားစာပေပညာ ရှင်တွေရဲ့ အကြံပြုချက်လည်း ရယူထားပါတယ်” ဟု ကိုဘုန်းမြတ်မိုးက IMNA သို့ ပြောသည်။

    ထိုအပြင် ဘာသာရပ်မေဂျာခွဲဝေရေး အပိုင်းတွင်လည်း တိုင်ရင်းသားဒေသများအနေဖြင့် ပြည်မကျောင်းသားများနှင့်နှိုင်းယှဉ်လျှင် ဘာသာရပ်ရွေးချယ်ပိုင်ခွင့် အခွင့်အလမ်းအလွန်နည်းပါးနေသည့်ကိစ္စများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

    “ပညာရေးဥပဒေ မူကြမ်းနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးသွားမှာပါ။အဓိအောက်မှာမှ ခေါင်းစဉ် တစ်မျိူးစီရဲ့အောက်မှာ ပါတဲ့ အကြောင်းအရာ တွေ ထပ်ပြီးဆွေးနွေးသွားမှာပါ” ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော် က ပြောသည်။

    တိုင်းရင်းသား ဘာသာစကား သင်ကြားမှုသည် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးနှင့် သက်ဆိုင်သည့်အတွက် ပညာရေးဥပဒေမူကြမ်း တစ်ခုလုံးကို ခြုံငုံသည့် ဆွေးနွေးချက် ဖြစ်ကြောင်း ၎င်း က ဆက်ပြောသည်။

    ထိုအစည်းအဝေးသို့ ပြည်နယ်နှင့် တိုင်းအသီးသီးမှ ကျောင်းသားအဖွဲ့ အစည်းများ လာရောက်ဆွေးနွေးကြမည်ဖြစ်ပြီး နောက်ဆုံးရက် တွင် ဆက်လက်လုပ်ဆောင်ရမည့်ကိစ္စများကိုပါ ဆုံဖြတ်သွားမည်ဟု သိရသည်။

    အဆိုပါ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားထု အရေးပေါ်အဝေးအား ယခင်က ခဝဲခြံမျက်မမြင်ကျောင်းတွင် ပြုလုပ်မည်ဟု စီစဉ်ခဲ့ပြီး အာဏာပိုင်တို့၏ ဖိအားပေးမှုကြောင့် နေရာပြောင်းရွှေ့ စီစဉ်ခဲ့ရသည်။

    မြန်မာနိုင်ငံလုံဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးဖြစ်ပေါ်လာစေရန် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(တကသ) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲချုပ် (ဗကသ) တို့ ပူးပေါင်း ကာ အောက်တိုဘာလက ဦးဆောင် စီစဉ်ခဲ့ခြင်းဖြစ်ပြီး သမ္မတ လက်မှတ်ထိုး၍ ပြည်သူ့လွှတ်တော်က အတည်ပြုထားသော အမျိူးသားပညာရေးဥပဒေ(မူကြမ်း)အား ပြန်လည်ပြင်ဆင်နိုင်ရန် ယခုအစည်းအဝေးပြုလုပ်ရခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks