spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီဥက္ကဌနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ အလွတ်သဘောတွေ့ဆုံ

    မွန်ပြည်သစ်ပါတီဥက္ကဌနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ အလွတ်သဘောတွေ့ဆုံ

    -

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် မွန်ပြည်သစ်ပါတီ ဥက္ကဌနိုင်ထောမန်တို့ ယခုလ ၂၂ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးတွင် အလွတ်သဘော တွေ့ဆုံမှုခဲ့သည်။

    ယင်းတွေ့ဆုံမှုတွင် လွန်ခဲ့သည့်တစ်နှစ်ကျော်ခန့်က တနင်္သာရီတိုင်း၌ အစိုးရတပ်မတော်နှင့် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာတွင် တပ်မတော်ကသိမ်းဆည်းခဲ့သည့် မွန်ပြည်နယ်လက်နက်ကိစ္စများကို အစိုးရဘက်မှ ဖြေရှင်းပေးရန် မွန်ပြည်နယ်ဝန်ကြီးချုပ်မှ တဆင့် သမ္မတထံသို့ တင်ပြပေးရန် တောင်းဆိုခဲ့ကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် မွန်ပြည်သစ်ပါတီ ဒေသဖွံ့ဖြိုးရေးရုံးဌာနတာဝန်ခံ ဒုဗိုလ်မှူးကြီး M-စိုက်ချမ်းက ပြောသည်။

    ဒုဗိုလ်မှူးကြီး Mစိုက်ချမ်းက “တွေ့ကြတာကတော့ အလွတ်သဘောပါပဲ၊ မြိတ်ခရိုင်မှာဖြစ်ခဲ့တဲ့ ကိစ္စကိုလည်း အထက်ကိုတင်ပြပြီး အရေးယူပေးဖို့အတွက် အကူအညီတောင်းထားပါတယ်၊ အခုထိ ဘာအဖြေမှ တိတိကျကျမရသေးပါဘူး” ဟု ပြောသည်။

    မွန်ပြည်သစ်ပါတီအနေနှင့် ၂၀၁၀ ခုနှစ်တွင် ဒုတိအကြိမ် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီနောက် မွန်ပြည်သစ်ပါတီ လက်အောက်ခံတပ်မတော်နှင့် အစိုးရတပ်မတော်တို့ ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ပထမအကြိမ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

    ဆက်လက်ပြီး ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် လက်ရှိအကောင်အထည်ဖော် လုပ်ဆောင်နေသည့် လမ်းတံတားဖေါက်လုပ်နေမှုကိစ္စရပ် များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း ပြည်နယ်အစိုးရမှ ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ အကောင်အထည် အဖော်နေမှုများအပေါ် မွန်ပြည်သစ်ပါတီနှင့် ဆက်စပ်သည့်လုပ်ငန်းများကို ဝိုင်းဝန်ကူညီဆောင်ရွက်သွားရန် ပြည်နယ်အစိုးရမှ တောင်းဆိုခဲ့ကြောင်း ဒုဗိုလ်မှူးကြီး Mစိုက်ချမ်းက ပြောသည်။

    ထိုတွေ့ဆုံမှုတွင် မွန်ပြည်သစ်ပါတီဘက်မှ ဥက္ကဌ နိုင်ထောမန်၊ ပြည်တွင်းရေးရာဌာနကြီး တာဝန်ခံ နိုင်ဝင်းလှ၊ ဖွံ့ဖြိုးရေးတာဝန်ခံ ဒုဗိုလ် မှူးကြီး Mစိုက်ချမ်းနှင့်အဖွဲ့တို့ တက်ရောက်ခဲ့ပြီး မွန်ပြည်နယ် အစိုးရဘက်တွင် ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ နယ်စပ်ကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ တိုးတိုးအောင် နှင့် ပြည်နယ်အစိုးရအဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြသည်။

    ထိုနေ့ ညနေပိုင်းတွင် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထဝ်မန်က မော်လမြိုင်မြို့ပေါ်ရှိ မွန်ပြည်သစ်ပါတီနှင့် ဆက်စပ်နေသည့် ရာမည ငြိမ်းချမ်းရေးဖောင်ဒေးရှင်း RPF ၊ တိုးတက်သောမွန်လူငယ်အစည်းအရုံး MYPO၊ မွန်အမျိုးသမီးအဖွဲ့ (ဗဟို) MWO တို့ မော်လမြိုင်မြို့ရှိ နိုင်ရွှေကျင် စာကြည့်တိုက်တွင် တွေ့ဆုံခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks