Homeသတင်း၆ ကြိမ်မြောက် NCCT-UPWC ဆွေးနွေးမှု အဆင်မပြေမှုများစွာတွေ့ရှိနေ

၆ ကြိမ်မြောက် NCCT-UPWC ဆွေးနွေးမှု အဆင်မပြေမှုများစွာတွေ့ရှိနေ

-

စက်တင်ဘာလ (၂၂)ရက်တွင် စတင်ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုအဖွဲ့ NCCT တို့၏ ၆ ကြိမ်မြောက် ဆွေးနွေးပွဲ၂ ရက်တာအပြီးတွင် အဆင်မပြေမှုများစွာတွေ့ရှိနေရသည်ဟု NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ဆိုသည်။

နိုင်ဟံသာက “ပထမနေ့မှာ သဘောတူညီတဲ့အဆင့်ဘာမှမရခဲ့ပါဘူး၊ ကျနော်တို့ရည်မှန်းထားတဲ့ အပစ်အခတ်ရပ်စဲပြီးနောက် တပ်ပိုင်း ဆိုင်ရာစောင့်ထိန်းရမယ့်အချက် Code of Conduct တွေ ၊ အပစ်အခတ်ရပ်စဲပြီးတော့ ပူးတွဲစောင့်ကြည့်မယ့် Jion Monitoring အဖွဲ့တွေ ဘယ်လိုဖွဲ့စည်းသွားမှာလဲဆိုတာ တင်ပြတယ်၊ အစိုးရတပ်ကိုယ်စားလှယ်တွေက ဒီကိစ္စတွေကို အပစ်ရပ်လက်မှတ်ရေးထိုးပြီးမှ ဆွေးနွေးလိုတယ်လို့ ပြောတယ်” ဟု ဆိုသည်။

စက်တင်ဘာ ၂၃ ရက် ဆွေးနွေးပွဲဒုတိယနေ့တွင်လည်း UPWC မှတင်ပြလာသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပပြီး နောက် ရရှိလာမည့်သဘောတူညီချက်များကို ပြည်ထောင်စုလွှတ်တော်ထံ တင်ပြမည့်ကိစ္စအား NCCT က လက်မခံဟု နိုင်ဟံသာက ပြောသည်။

ထို့အတူ NCCT တင်သွင်းခဲ့သော ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး” အချက်အား တပ်မတော်ခေါင်းဆောင်တွေများ ပယ်ချ ခဲ့ပြီးနောက် ဆွေးနွေးပွဲကိုသတ်မှတ်ချိန်ထက်စော၍ ညနေ ၃ နာရီအချိန်တွင် ရပ်နားလိုက်ရသည်ဟု MPC မှသိရသည်။

UPWP အဖွဲ့တွင် ဒုဥက္ကဌ ဦးအောင်မင်း(ပြည်ထောင်စုဝန်ကြီး)၊ ဒုဥက္ကဌ ဦးသိန်းဇော်(ပြည်သူ့လွှတ်တော်) အဖွဲ့ဝင်များဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးခင်ရီ၊ ဦးသန်းဌေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်(စစ်ဥပဒေချုပ်)၊ ဦးထွန်းထွန်းဦး(ဒုတိယရှေ့နေချုပ်)၊ ဗိုလ်မှူးကြီးကျော်စိုးဝင်း၊ ဦးစောထွန်းမြအောင်(အမျိုးသားလွှတ်တော်)၊ မိယဉ်ချမ်း (ပြည်သူ့လွှတ်တော်) တို့ ၁၄ ဦး တက်ရောက်လျက်ရှိသည်။

တစ်ဖက်တွင်လည်း NCCT ကိုယ်စားလှယ်အဖွဲ့ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ NMSP၊ ပဒိုစောကွယ်ထူးဝင်း KNU ၊ ဗိုလ်ချုပ်ဂွန်မော် KIO ၊ ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်း CNF ၊ ဒေါ်စောမြရာဇာလင်း ALP၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ PNLO၊ ခူးတော်ရယ်(အက်စ်)KNPP၊ ဦးထွန်းဇော် ANC၊ တာ့အိုက်ညွှန့် WNO၊ စိုင်းဘထွန်းSSPP၊ ဒုတိယဗိုလ်မှူးကြီး ကျော်ဟန် AA၊ ဗိုလ်မှူး စောလုံ့လုံ DKBA၊ ဗိုလ်မှူး တားဝံရ်ခြိုဝ်း PSLF/TNLA ၊ ဗိုလ်မှူးကြီး ဆော်လမွန် LDU တို့ ပါဝင်သည်။

အဆိုပါဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန Myanmar Peace Center ၌ စက်တင်ဘာလ ၂၂ ရက်မှ၂၆ ရက်အထိ ၅ ရက်ကြာကျင်းပမည်ဟု MPC မှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts