spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် လူဦးရေ ၂ သန်းကျော်သာရှိ

    မွန်ပြည်နယ်တွင် လူဦးရေ ၂ သန်းကျော်သာရှိ

    -

    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံရှိ လူဦးရေ ၅၁.၄ သန်းကျော်ရှိရာ မွန်ပြည်နယ်၌ လူဦးရေ ၂ သန်း ကျော်ခန့်ရှိသည်ဟု သိရသည်။

    မွန်ပြည်နယ်တွင် စုစုပေါင်းလူဦရေ ၂ သန်းကျော် (၂,ဝ၅၀,၂၈၂) ရှိပြီး၊ အမျိုးသား ၉.၈ သိန်းကျော် (၉၈၆,၄၅၄) အမျိုးသမီး ၁ သန်း (၁,ဝ၆၃,၈၂၈) တို့ဖြစ်၍၊ လူဦးရေအချိုးကျမှာ ၃.၉၉ ရာခိုင်နှုန်းခန့်ရှိသည်။

    အဆိုပါလူဦးရေမှာ မြို့ပြနေထိုင်သည့် လူဦးရေ ၅.၇သိန်း (၅၇၀,၄၃၂) ရှိပြီး၊ အမျိုးသား ၂.၇ သိန်း (၂၇၂,၉၉၉)၊ အမျိုးသမီး ၂.၉ သိန်း (၂၉၇,၄၃၃)နှင့် ကျေးလက်ဒေသတွင်နေထိုင်သည့် စုစုပေါင်းလူဦးရေ ၁.၄ သန်း (၁,၄၇၉,၈၅၀)၊ အမျိုးသား ၇.၁သိန်း (၇၁၃,၄၅၅)၊ အမျိုးသမီး ၇.၆ သိန်းရှိ (၇၆၆,၃၉၅)သည်။

    မြို့နယ်အလိုက် စုစုပေါင်း လူဦးရေမှာ မော်လမြိုင်မြို့နယ် ၂.၈ သိန်း၊ ကျိုက်မရောမြို့နယ် ၁.၉၅ သိန်း၊ ချောင်းဆုံမြို့နယ် ၁.၂ သိန်း၊ သံဖြုဇရပ်မြို့နယ် ၁.၇ သိန်း၊ မုဒုံမြို့နယ် ၁.၉ သိန်း၊ ရေးမြို့နယ် ၁.၅ သိန်း၊ လမိုင်းမြို့နယ်ခွဲ ၈.၈ သောင်း၊ ခေါဇာမြို့နယ်ခွဲ ၂.၂ သောင်း တို့ဖြစ်သည်။

    သထုံခရိုင်တွင် စုစုပေါင်းလူဦးရေမှာ ၈ သိန်း (၈၂၀,၃၁၆)၊ အမျိုးသား ၃ သိန်း (၃၉၉,၁၇၅)၊ အမျိုးသမီး ၄ သိန်း (၄၂၁,၁၄၂) တို့မှာ၊ သံထုံမြို့နယ် ၂.၃ သိန်း၊ ပေါင်မြို့နယ် ၂.၁ သိန်း၊ ကျိုက္ကထိုမြို့နယ် ၁.၈ သိန်း၊ ဘီးလင်းမြို့နယ် ၁.၈ သိန်းရှိသည်။

    အမျိုးသား ဦးရေမှာ မော်လမြိုင်မြို့နယ် ၁.၃ သိန်း၊ ကျိုက်မရောမြို့နယ် ၉.၂ သောင်း၊ ချောင်းဆုံမြို့နယ် ၅.၅ သောင်း၊ သံဖြုဇရပ်မြို့နယ် ၈.၁ သောင်း၊ မုဒုံမြို့နယ် ၈.၉၈ သောင်း၊ ရေးမြို့နယ် ၇.၆ သောင်း၊ လမိုင်းမြို့နယ် ၄.၁ သောင်း၊ ခေါဇာမြို့နယ် ၁.၁ သောင်း၊ သံထုံမြို့နယ် ၁.၁၆ သိန်း၊ ပေါင်မြို့နယ် ၁.ဝ သိန်း၊ ကျိုက္ကထိုမြို့နယ် ၉.ဝ သောင်း၊ ဘီးလင်းမြို့နယ် ၈.၇ သောင်း ဖြစ်သည်။

    အမျိုးသမီး ဦးရေမှာ မော်လမြိုင်မြို့နယ် ၁.၄ သိန်း၊ ကျိုက်မရောမြို့နယ် ၁.ဝ သိန်း၊ ချောင်းဆုံမြို့နယ် ၆.၆ သောင်း၊ သံဖြုဇရပ်မြို့နယ် ၈.၉ သောင်း၊ မုဒုံမြို့နယ် ၁ သိန်း၊ ရေးမြို့နယ် ၇.၆ သောင်း၊ လမိုင်းမြို့နယ် ၄.၆ သောင်း၊ ခေါဇာမြို့နယ် ၁.၁ သောင်း၊ သံထုံမြို့နယ် ၁.၂ သိန်း၊ ပေါင်မြို့နယ် ၁.၁ သိန်း၊ ကျိုက္ကထိုမြို့နယ် ၉.၄သောင်း၊ ဘီးလင်းမြို့နယ် ၉.၂၆ သောင်း ရှိသည်။

    မွန်ပြည်နယ်ရှိ မြို့နယ်အလိုက် အိမ်ထောင်စုမှာ မော်လမြိုင်မြို့နယ် ၂.၆၉ သိန်း၊ ကျိုက်မရောမြို့နယ် ၁.၈ သိန်း၊ ချောင်းဆုံမြို့နယ် ၁.၁ သိန်း၊ သံဖြုဇရပ်မြို့နယ် ၁.၆ သိန်း၊ မုဒုံမြို့နယ် ၁.၇၈ သိန်း၊ ရေးမြို့နယ် ၁.၄ သိန်း၊ လမိုင်းမြို့နယ် ၈.၅ သောင်း၊ ခေါဇာမြို့နယ် ၂.၁ သောင်း၊ သံထုံမြို့နယ် ၂.၂၇ သိန်း၊ ပေါင်မြို့နယ် ၂.၁ သိန်း၊ ကျိုက္ကထိုမြို့နယ် ၁.၆ သိန်း၊ ဘီးလင်းမြို့နယ် ၁.၇ သိန်း ခန့်ရှိသည်။

    တိုင်းနှင့် ပြည်နယ် မြို့ကြီးများအနက် လူဦးရေ အများဆုံးမြို့မှာ ရန်ကုန် ၁၄.၃၊ ဧရာဝတီ ၁၂.ဝ၊ မန္တလေး ၁၁.၉၅ ရာခိုင်နှုန်းဖြစ်ပြီး၊ ကယားပြည်နယ်တွင် ဝ.၅၆ ရာခိုင်နှုန်းဖြစ်ကာ လူဦးရေ အနည်းဆုံးဖြစ်သည်။

    ယခုထုတ်ပြန်လိုက်သည့် သန်းခေါင်စာရင်းတွင် ကျား/မ ကိုသာ ထုတ်ပေးခြင်းဖြစ်ပြီး ကျန်သည့် မေးခွန်း (၄၁) ချက်ပါ အသေးစိတ်အချက်အလက်များကို ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်မည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောသည်။

    အဆိုပါ လူဦရေစာရင်းသည် နိုင်ငံခြားရှိ မြန်မာသံရုံးများမှလွဲပြီး၊ ရွှေ့ပြောင်း မြန်မာနိုင်ငံသားများပါဝင်ခြင်းမရှိဟု လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောသည်။

    မြန်မာနိုင်ငံ သန်းခေါင်စာရင်းအရ ၁၈၇၂ ခုနှစ် ၂ .၇ သန်း၊ ၁၉၀၁ ခုနှစ် ၁၀. ၅ သန်း၊ ၁၉၂၁ ခုနှစ် ၁၃.၂ သန်း၊ ၁၉၇၃ ခုနှစ်၂၈.၉သန်း၊ ၁၉၈၃ ခုနှစ် ၃၅.၃ သန်း၊ ၂၀၁၄ ခုနှစ်တွင် ၅၁.၄ သန်းတို့ဖြစ်သည်။

    မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းမကောက်ယူနိုင်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်ခဲ့ပြီး၊ ၂၀၁၄ ခုနှစ် မတ်လ (၂၉ ) ရက်နေ့မှ ဧပြီလအထိ မြန်မာနိုင်ငံ နယ်နမိတ်အတွင်း နေထိုင်သူအားလုံးကို စာရင်းကောက်ယူခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts