Homeသတင်းဆေးကုသရန် မွန်အမျိုးသားပါတီဥက္ကဌ တာဝန်မှ ခေတ္တအနားယူမည်

ဆေးကုသရန် မွန်အမျိုးသားပါတီဥက္ကဌ တာဝန်မှ ခေတ္တအနားယူမည်

-

နိုင်ငွေသိမ်းနှင့် နိုင်သက်လွင်အတူတွေ့ရစဉ်(မဇ္ဇျိမ)
နိုင်ငွေသိမ်းနှင့် နိုင်သက်လွင်အတူတွေ့ရစဉ်(မဇ္ဇျိမ)
ခတ္တာနန်း – မွန်အမျိုးသားပါတီ MNP ဥက္ကဌနိုင်ငွေသိမ်း၏ ဆေးကုသခွင့်တောင်းခံမှုအပေါ် ဧပြီလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးတွင် ခေတ္တအနားယူ ခွင့်ပြုခဲ့ကြောင်း သိရသည်။

မွန်အမျိုးသားပါတီ အစည်းအဝေးသို့ ပုံမှန် မတက်ရောက်နိုင်သော်လည်း အကြံဉာဏ်ပေးစာများကို ပုံမှန်ပေးပို့လျှက် ယခုအခါ နိုင်ငွေသိမ်း၏ကျန်းမာရေးအခြေအနေအရ မျက်စိခွဲစိတ်ကုသရန် လိုအပ်သည့်အတွက် တာဝန်များကို ခေတ္တရပ်ဆိုင်းထားပေးရန် ခွင့်တောင်းစာပေးပို့လာကြောင်း မွန်အမျိုးသားပါတီဗဟိုလုပ်ငန်းကော်မတီ (ယာယီ) အဖွဲ့ဝင် နိုင်စိုးမြင့်က ပြောသည်။

နိုင်စိုးမြင့်က “ဆရာ့မျက်စိနှစ်ဖက်လုံးက ကောင်းကောင်းမမြင်ရဘူး၊ ဒီလာမယ့် မေ ၂၀ မှာ တစ်ဖက်ခွဲမယ်၊ ၃ လနားပြီးရင် နောက်တစ်ဖက်ထပ်ခွဲသင့်မခွဲသင့်ကိုတော့ ဆရာဝန်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေပါတယ်” ဟု ပြောသည်။

ကျန်းမာရေးအခြေအနေကြောင့် မိမိအား ပေးအပ်ထားသောတာဝန်များ ရပ်ဆိုင်းပေးပါရန် နိုင်ငွေသိမ်း၏ ပါတီထံပေးစာတွင် ရေးသားဖေါ်ပြထားသည်။

အလားတူ မွန်အမျိုးသားပါတီ ဒုဥက္ကဌ နိုင်သက်လွင်သည်လည်း အစာအိမ်ရောဂါကြောင့် စင်္ကာပူနိုင်ငံသို့ သွားရောက်ခွဲစိတ်ကူသမှုပြုလုပ်ခဲ့ရပြီး ယခုအခါ စင်္ကာပူနိုင်ငံတွင် အနားယူလျှက်ရှိသည်ဟု မိသားစုဝင်များထံမှ သိရသည်။

နိုင်သက်လွင်၏သမီးဖြစ်သူ မိကွန်းချမ်းက “ဆေးရုံကနေတော့ဆင်းသွားပါပြီး၊ လာမယ့် မေလ ဒုတိယပတ်လောက်မှာ မြန်မာပြည်ကို ပြန်လာတော့မှာပါ” ဟု ပြောသည်။

မွန်အမျိုးသားပါတီ ဥက္ကဌများအဖွဲ့တွင် နိုင်ငွေသိမ်း(MDP ဥက္ကဌဟောင်း)၊ နိုင်ငွေသိန်း(AMDP ဥက္ကဌဟောင်း)၊ နိုင်သက်လွင်နှင့် နိုင်တင်အောင်တို့ တာဝန်ပါဝင်လျှက်ရှိသည်။

သို့ရာတွင် ကျန်းမာရေးအခြေအနေအရ ဥက္ကဌ ၂ ဦးခေတ္တအနားယူစဉ် ယခုလက်ရှိကာလအတောအတွင်း ပါတီ၏လုပ်ငန်းများအဆင်ပြေချောမွေ့စွာ အကောင်အထည်ဖေါ်ဆောင်နိုင်ရေးအတွက် နိုင်ငွေသိန်း(AMDP ဥက္ကဌဟောင်း) ဦးစီးသော ၁၅ ဦးပါ မွန်အမျိုးသားပါတီ ဗဟိုလုပ်ငန်းကော်မတီ(ယာယီ) ကို ပြီးခဲ့သည့်ဧပြီလ ၂၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts