Homeသတင်းမီဒီယာကျင့်ဝတ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မော်လမြိုင်မြို့တွင် ကျင်းပ

မီဒီယာကျင့်ဝတ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မော်လမြိုင်မြို့တွင် ကျင်းပ

-

မင်းထူးသစ် – မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် နိုင်ငံတကာမီဒီယာ ပံ့ပိုးရေးအဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် မြန်မာသတင်းစာဆရာများ သတင်းကျင့်ဝတ် ဖွံဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဧပြီလ ၇ ရက်နေ့ နံနက် ၉:ဝ၀ အချိန်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ငွေမိုးဟိုတယ်၌ ကျင်းပခဲ့သည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးမြင့်ကျော်က သတင်းကျင့်ဝတ်မူကြမ်း ကျောရိုး (၁၆)ချက်ကို ဖတ်ကြားသွားပြီး တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်မှ တက်ရောက်လာကြသည့် သတင်းစာဆရာများ၊သတင်းထောက်များ ၆၀ ဦးကျော်က ဖြည့်စွက်ပြင်ဆင်လိုသည့် စာသား၊အချက်အလက်များကို အုပ်စု (၆)စု ခွဲကာ ကျင့်ဝတ်မူကြမ်းအား အပိုင်းလိုက်ခွဲ၍ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်၊

ဦးမြင့်ကျော်က “အဖွဲ့တစ်ဖွဲ့ခြင်းကနေ ပြင်စေချင်တဲ့အချက်အလက်တွေ ဖတ်ပြတယ်၊ အခြားအဖွဲ့တွေနဲ့ အပြန်အလှန်ဆွေးနွေးမှုတွေလုပ်ခဲ့တယ်၊ သတင်းသမားအချင်းချင်း ကျင့်ဝတ်နှဲ့ပတ်သက်ပြီးတော့ ကျင့်သုံးဖို့နည်းလမ်းတွေ အသေးစိတ်သိစေချင်လို့ ဒီပွဲကို ပြုလုပ်ရတာပါ”ဟု ပြောသည်၊။

အလားတူ အလုပ်ရုံဆွေးနွေးပွဲများကို မြန်မာနိုင်အဝန်း (၈)နေရာ ကျင်းပခဲ့ပြီး သတင်းစာဆရာများ၊သတင်းထောက်များ၏ ပြင်ဆင်ဖြည့်စွက်ချက်များကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက မှတ်သားထားပြီး လာမည့်မေလဆန်းပိုင်း၌ ပြည်နယ်/တိုင်းအလိုက် သတင်းစာဆရာများ၊သတင်းထောက်များအား အချိုးကျဖိတ်ကြား၍ ရန်ကုန်မြို့တွင် ထပ်မံအတည်ပြုကြမည်ဟု သိရှိရသည်။

အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နေခဲ့သူ ဦးမြင့်အောင်(မှုခင်းသတင်းဌာန)က “ဥပဒေနဲ့ ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန် ကျင့်ဝတ်တွေကိုသိလာရတယ်၊ ဒါကြောင့် ကျနော်တို့ မီဒီယာသမားတွေအတွက် ကောင်းမွန်တဲ့ အလုပ်ရုံဆွေနွေးပွဲပဲ” ဟု ပြောသည်၊

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးခင်မောင်ဌေး (မြန်မာ့ ရုပ်မြင်သံကြား)က ရေရှည်တွင် သတင်းသမားများအားလုံးအတွက် မီဒီယာဥပဒေထွက်ပေါ်လာရေးနှင့် အားလုံးနှင့်ကိုက်ညီမည့် မီဒီယာကျင့်ဝတ် ပေါ်ထွက်လာစေရန် ရည်ရွှယ်သည့် အလုပ်ရုံဆွေးနွေးပွဲဟု ဆိုသည်။

ယခင်က မြန်မာနိုင်ငံ စာနယ်ဇင်ကောင်စီကိုဖွဲ့စည်းခဲ့ရာတွင် အလွှာအသီးသီးမှ စာနယ်ဇင်းသမား၊သတင်းသမားမျာကိုယ်စားမပြုသောကြောင့် ကန့်ကွက်ခဲ့ကြသဖြင့် ၂၀၁၂ ခု မေလတွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts