Homeသတင်းမွန်ပြည်နယ်တွင် သန်းခေါင်စာရင်း ကောက်ယူမှု ၈၀ ရာခိုင်နှုန်းပြီးစီး

မွန်ပြည်နယ်တွင် သန်းခေါင်စာရင်း ကောက်ယူမှု ၈၀ ရာခိုင်နှုန်းပြီးစီး

-

ဗဟိုသန်းခေါင်စာရင်ကော်မတီ၏ကြေညာချက်(Copy)
ဗဟိုသန်းခေါင်စာရင်ကော်မတီ၏ကြေညာချက်(Copy)
အေမီအောင် – ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မတ်လ (၃၀) ရက်မှစ၍ ဧပြီလ (၄) ရက်နေ့ထိ ၆ ရက်တာ ကာလအတွင်း မွန်ပြည်နယ်တွင် ၈၀ ရာခိုင်နှုန်းနီးပါးခန့် ကောက်ယူ ပြီးစီးခဲ့သည်ဟု သိရသည်။

အဆိုပါ စာရင်းကောက်ယူခြင်းကို မွန်ပြည်နယ်တွင် ၇၇.၈ ရာခိုင်နှုန်း၊ အိမ်ထောင်စု ၃၂၁၁၆၀ ကောက်ယူပြီးစီးခဲ့သည်ဟု မြန်မာ့အလင်းနေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

သို့ရာတွင် မွန်ပြည်နယ်နေအိမ်တစ်ချို့တွင် အိမ်ထောင်စုဝင်စာရင်းမရှိသူများနှင့် ပြည်ပနိုင်ငံထွက်ခွာနေသူများအား သန်းခေါင်စာရင်းကောက်ယူခဲ့ခြင်းမရှိဟု သံဖြူဇရပ်မြို့နယ်၊ သန်းခေါင်စာရင်း ကောက်ယူမှုလေ့လာစောင့်ကြည့်ရေးအဖွဲ့ ကပြောသည်။

သန်းခေါင်စာရင်း စောင့်ကြည့်လေ့လာရေအဖွဲ့ဝင် နိုင်လယီတမ က “ သူတို့ စာရင်းကောက်ပြီးတဲ့အိမ်၊ မကောက်တဲ့အိမ်တိုင်းကို လိုက်မေးခဲ့တယ်” ဟုပြောသည်။

သန်းခေါင်စာရင်းကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ မြန်မာနိုင်ငံ နယ်နမိတ်အတွင်းရှိ နေသူအားလုံးကို စာရင်းကောက်ယူခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအတာ လုပ်ငန်းပြီးစီးမှု ၇၈ ရာခိုင်နှုန်းခန့်၊ အိမ်ထောင်စု ၈၀၆၈၀၈၉ စု ကောက်ယူခဲ့ပြီးဖြစ်သည်ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ကြေညာချက်ထုတ်ပြန်ထားသည်။

ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ပြည်နယ်အသီးသီးမှ ကောက်ယူပြီးစီးမှုအခြေအနေတွင် ကချင်ပြည်နယ်တွင် အိမ်ထောင်စု ၁၈၀၆၀၂ စု၊ ကယားပြည်နယ်တွင် ၃၈၅၆၄၊ ကရင် ၂၂၃၅၈၈၊ ချင်းပြည်နယ်တွင် ၅၉၉၃၆၊ ရခိုင်ပြည်နယ်တွင် ၃၅၄၉၄၄၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၈၆၆၁၉၊ (တောင်ပိုင်း) ၃၈၀ဝ၉၄၊ (မြောက်ပိုင်း) ၂၇၉၈၉၉ တို့ဖြစ်သည်ဟု ဖေါ်ပြထားသည်။

အလားတူ တိုင်းဒေသကြီးတွင်လည်း စစ်ကိုင်တိုင်းဒေသကြီး ၈၅၇၈၇၈၊ တနင်္သာရီတိုင်းဒေသကြီး၂၀၄၆၄၁၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ၅၀၄၅၂၁၊ (အနောက်ပိုင်း) ၃၉၉၂၇၈၊ မကွေးတိုင်းဒေသကြီး ၆၆၉၅၉၆၊ မန္တလေးတိုင်းဒေသကြီး ၉၈၇၉၇၅၊ ရန်ကုန်တိုင်းဒေသကြီး ၁၂၄၈၇၃၇၊ ဧရာဝတီတိုင်းဒေသကြီး ၁၀၆၅၀ဝ၆ နှင့် နေပြည်တော်တွင်ကောင်စီနယ်မြေတွင် ၁၉၅၀၅၁ စုတို့ကောက်ခံထားပြီး ဖြစ်သည်။

ကောက်ယူပြီးစီးမှု ရာခိုင်နှုန်းမှာ ကချင်ပြည်နယ် ၇၀.၃%၊ ကယားပြည်နယ် ၇၀.၇%၊ ကရင်ပြည်နယ် ၇၂.၆%၊ ချင်းပြည်နယ် ၆၉.၅%၊ ရခိုင်ပြည်နယ် ၆၃.၄%၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ၈၁.၄%၊ (အရှေ့ပိုင်း) ၇၉.၈%၊ (မြောက်ပိုင်း) ၇၃.၆%၊ ရန်ကုန်တိုင်းဒေသကြီး ၈၄.၁%၊ တနင်္သာရီဒေသကြီး ၈၀.၄%၊ စစ်ကိုင်းတိုင်း ဒေသကြီး ၈၀%၊ ပဲခူးဒေသကြီး ၈၀%၊ မကွေးဒေသကြီး ၇၆.၂%၊ မန္တလေးတိုင်းဒေသကြီး ၈၂.၄%၊ ဧရာဝတီ ဒေသကြီး ၇၃%၊ နေပြည်တော် ၈၀% ရာခိုင်နှုန်းဟု သတင်းစာတွင် ဆက်လက်ဖေါ်ပြထားသည်။

သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူဖြစ်ပြီး၊ အိမ်ထောင်စုပုံစံဖြင့် နေထိုင်သူများကို အချက် (၄၁) ချက်နှင့် အိမ်ခြေမဲ့များ၊ အဖွဲ့အစည်းများကို မေးခွန်း ၁၁ ချက်ဖြင့် ကောက်ယူလျှက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts