Homeသတင်းရှမ်းပြည်နယ်မြောက်ပိုင်းတွင် မူးယစ်အမှုပေါင်း ၁၈၀ မှုဖွှင့်လှစ်နိုင်ခဲ့ဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မူးယစ်အမှုပေါင်း ၁၈၀ မှုဖွှင့်လှစ်နိုင်ခဲ့ဟုဆို

-

05-Newspaperဂျူရီချိုင်း – ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်အထိ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် မူးယစ် အမှု ပေါင်း ၁၈၀ မှုနှင့် တရားခံပေါင်း၂၄၀ ဦးအား ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ဒီဇင်ဘာလ ၄ ရက် နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသအတွင်း ဖမ်းဆီးဖော်ထုတ်ခဲ့သည့် မူးယစ်ဆေးဝါးများမှာ ဘိန်းဖြူ ၃၆ ဒသမ ၂၉ ကီလို၊ ဘိန်းဆီခဲ ၁၀ ဒသမ ဝ၀၈ ကီလို၊ ဘိန်း ၂၄၄ ဒသမ ၄၂၄ ကီလို၊ စိတ်ကြွရှူး သွပ်ဆေးပြား ၂ ဒသမ ၁၄၂ သန်း၊ အိုက်စ် ဝ ဒသမ ဝ၀၉ ကီလို၊ အဆင့်နိမ့်ဘိန်း ဝ ဒသမ ၄၅၉၅ ကီလို၊ စိတ်ကြွရှုသွပ်ဆေးပြားအကြေ ၄ ဒသမ ၆၉၇ ကီလို၊ ထရာ မဒေါလ် ၃၁၀ ထောင့်၊ ဘိန်းရည် ဝ ဒသမ ၈၅ လစ်တာ၊ အက်ဒီဒရင်း ဝ ဒသမ ၄၃ ကီလို၊ အနံ့မှုန့် ဝ ဒသမ ဝ၅ ကီလို၊ ဘိန်းဆီရည် ၁၅ ဒသမ ဝ၀ လစ်တာ၊ ဘိန်းနှင့် လိုက်ဇောရောစပ်ရည် ၂၉၈ ဒသမ ဝ၅ လစ်တာ၊ လိုက်ဇော်ရည် အက်စစ် ၇၅ လစ်တာ၊ အက်စီတစ် အင်ဟိုက်ဒရိုဒ် ၅၅ လစ်တာ၊ ကလိုရိုဖောင်း ၂၇၈ လီတာတို့ပါဝင်သည်။

ထို့အပြင် ဖီနိုင်းအက်စီတစ် အက်စစ်အခဲ ၁၅ ကီလို၊ အရိုးမီးသွေးမှုန့် ၂၀ ကီလို၊ အမိုနီယမ်ကလိုရိုဒ် ၁၂၀ ကီလို၊ ကဖင်း ၃၀ဝ ဒသမ ၁၅ ကီလို၊ ဆူဒို အက်ဖီဒရင်းဆေးပြား ၄၅၁၅၀ဝ ပြား၊ ဘိန်းညိုမှုန့် ၄၆ ဒသမ ၁၅ ကီလို၊ အနံ့ဆေးရည် ဝ ဒသမ ၃၅ လစ်တာ၊ ဆူဒိုအက်ဖီဒရင်းအကြေမှုန့် ၂ ကီလိုတို့ အပါအဝင် ဆိုင်ကယ်အစီး ၆၀၊ မော်တော်ယာဉ် ၁၅ စီးနှင့် ငွေကျပ် ၁၈ ဒသမ ၉၂၅၃ သန်းတို့ကို သိမ်းဆီးရမိခဲ့သည်ဟု ၎င်းသတင်းစာတွင် ဖော်ပြပါရှိသည်။

ရှမ်းပြည်နယ် မူးယစ်ဆေးဝါး လေ့လာစောင့်ကြည့်ရေးအဖွဲ့ဝင်ဟောင်း ဦးခွန်စိုင်းက “ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပေါက်တော၊ တာချီလိတ်ဘက်မှာရော ဖမ်းမိရတယ်လို့သတင်းကြားတယ်၊ ဒါပေမယ့် မူးယစ်ရာဇာဖမ်းဆီးမိတဲ့သတင်းတော့ မကြားမိဘူး၊ ဘယ်သူဖြစ်သလဲဆိုတာလဲ အစိုးရ ဘက် ကလဲသိနေတယ် သက်သေမရှိတာလဲဖြစ်နိုင်တယ် တစ်ဖက်ကလဲ မဖမ်းမိ တာလဲဖြစ်နိုင်တယ်၊ သို့သော်လည်းဘဲ ရှမ်းပြည်နယ်က ဘိန်းစိုက်ပျိုးမှုမလုပ်နဲ့တော့လို့ပြောမယ်ဆိုရင် သူတို့တွေရဲ့ စီးပွား ရေး စားဝတ်နေရေးပြသနာတွေမဖြေရှင်းနိုင်းသေးတဲ့အတွက် သူတို့အနေနဲ့ကလဲ နိုင်ငံသစ်ကျော နောက်ခံမရှိတော့ ဒီဘိန်းစိုက်ပျိုးမှုကိုစွန့်စွန့်စားစားနဲ့လုပ်နေရတာပေါ့” ဟု ပြောသည်။

မူးယစ်ဆေးဝါပြသနာအားလုံးပပျောက်ရန်အတွက် ဥပဒေစိုးမိုးရေးနှင့် အတိုက်အခံတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးသဘောတူညီချက်ရှိရမည်။ ထိုအရာများအားလုံးသည် ပူးတွဲလုပ်နိုင်မည်ဆိုပါက နောက်ဆုံး ကောင်းမွန်သည့်အခြေ အနေ တစ်ရပ် ဖြစ်လာနိုင်မည်ဟု ဦးခွန်စိုင်းက ပြောသည်။

မူးယစ်ဆေးဝါးပြသနာနှင့်ပတ်သက်၍ အစိုးရ အဆက်ဆက်မှာ လုပ်ဆောင်နေသော မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေး ၁၅ နှစ် စီမံကိန်းတွင် ယခုအချိန်အထိ သက်ဆိုင်ရာတာဝန်ရှိသူတို့က ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်ခြင်းမရှိသေးကြောင်းလည်း နယ်စပ်မူးယစ်ဆေး သုံးသပ် သူများက ဆိုသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ရန်အတွက် ဆေးဝါများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ တာဝန်ပေးချက်အရ တပ်မတော် စစ်ကြောင်း များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူး ပေါင်းအဖွဲ့တို့ဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့မှစတင်၍ “ရွှေလီ” စစ်ဆင်ရေး စီမံချက် ရေးဆွဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရွှေလီစစ်ဆင်ရေးခရီးစဉ်ဖြင့် ဘိန်းဖြူ ၃၆ ကီလိုကျော်၊ ဘိန်း ၂၄၄ ကီလိုကျော်၊ စိတ်ကြွရှုး သွပ် ဆေး ပြား ၂ သန်းကျော်၊ ဆူဒိုအက်ဖီဒရင်းဆေးပြား ၄ သိန်းခွဲကျော် သိမ်းဆည်းရမိသည်ဟု အထက်ပါ သတင်းစာတွင် ဖေါ်ပြထားသည်။

မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် ကမ္ဘ့ဒုတိယ ဘိန်းအများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ရုံး UNODC ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့နောက် မြန်မာနိုင်ငံတွင် ဘိန်းအများဆုံး စိုက်ပျိုးသော ဒေသမှာ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင် ပိုင်းနှင့် မြောက်ပိုင်းတို့ဖြစ်ပြီး တနိုင်ငံလုံး၏ ၉၀ ရာခိုင်နှုန်းခန့် ရှိကြောင်း ပါရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts