Tuesday, March 10, 2026
More
    spot_img
    Homeသတင်းအချိန်တိုအတွင်း ငွေကြေးသက်သာစွာဖြင့် ယာယီပတ်စပို့ လုပ်နိုင်တော့မည်

    အချိန်တိုအတွင်း ငွေကြေးသက်သာစွာဖြင့် ယာယီပတ်စပို့ လုပ်နိုင်တော့မည်

    -

    မင်းလုံး – ထိုင်းနိုင်ငံ၌ မြန်မာယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (၁၁) ရုံးထားရှိမည်ဖြစ်ပြီး လာမည့် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့မှ စတင်ဆောင်ရွက်ပေးမည့် ယာယီနိုင်ငံကူးလက်မှတ် ပတ်စပို့ ထုတ်ပေးရေးအစီအစဉ်သစ်များကို ၃လ အတွင်းအပြီးဆောင်ရွက်မည်ဟု သိရသည်။
    “အရင်ကလုပ်ပြီးသွားတဲ့သူတွေက အစိုးရနဲ့ မှတ်ပုံတင်ထားပြီးတော့ ပုံစံ ၃၈ တင်ထားပြီးတဲ့သူ တဲ့သူတွေဖြစ်တယ်၊ အခုအစီအစဉ်သစ်နဲ့လုပ်မယ့် ပတ်စပို့ဟာ အလုပ်လုပ်ခွင့်ပါမစ်ရော ပက်စပို့စာအုပ်ပါ တပြိုင်တည်းရမှာ ဖြစ်တယ်၊ ကလေးတွေကိုလည်း တရားဝင်နေထိုင်ခွင့် သတ်မှတ်ပေးမယ်”ဟု ပတ်စပို့ဝန်ဆောင်လုပ်ငန်းလုပ်ကိုင်နေသူ ကိုသီဟက ပြောသည်။

    ယာယီနိုင်ငံကူးလက်မှတ်အသစ် တွေ့မြင်ရပုံ(Internet)
    ယာယီနိုင်ငံကူးလက်မှတ်အသစ် တွေ့မြင်ရပုံ(Internet)
    ယခုအခါ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရန်အတွက် ဘတ်ငွေ ၅၅၀ ကောက်ခံရန် မြန်မာအစိုးရဘက်က စီစဉ်ထားပြီး ထိုင်းဘက်ကလည်း ဗီဇာကြေး၊ ဆေးဝါးခ၊ စာရွက်စာတမ်းကြေး၊ စသည်တို့ကိုလျှော့ချ ပေးရန် မြန်မာအလုပ်သမားဝန်ကြီးဌာနက တိုက်တွန်းထားခဲ့သည်။

    ထို့အပြင် ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်သူ မြန်မာနိုင်ငံသားအလုပ်သမား ၁၀ သိန်းကျော်ရှိနေသည်ဟု အလုပ်သမားအရေးလှုပ်ရှားသူများ ခန့်မှန်းနေကြပြီး အလုပ်သမားများအားလုံး ယာယီပတ်စပို့ပြုလုပ်၍ တရားဝင်နေထိုင်ရန် ကြိုးပမ်းမှုတရပ်ဟု သိရသည်။

    အနယ်နယ်ရပ်ရပ်မှာရှိသော တိုင်းရင်သားအလုပ်သမားများ ပတ်စပိုစ်မရှိသေးသောလူများ ယခုအခွင့်အရေးကိုလက်မလွတ်မစေကြောင်း၊ ငွေကြေးအနေအထားနှင့်တွက်ချက်ကြည့်ပါက ဘတ်တစ်သောင်းအထက် မရှိပါကြောင်း၊ ထိုင်းနိုင်ငံသို့တရားမဝင်လမ်းကြောင်းမှ ခိုးဝင်လာသူများ ထိုင်းဘတ်ငွေ ၁၃၀ဝ၀ ခန့်ပေးဆောင်နေရသည်ဟုလည်း ကိုသီဟက ဆက်ပြောသည်။

    ထိုင်းနိုင်ငံတွင် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမှုကို ၂၀ဝ၉ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၂ ခုနှစ် နှစ်ကုန်အထိ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် ထုတ်ပေးပြီး ဦးရေ ၁၂၃၁၄၂၆ ဦး ရှိသည်ဟု သတင်းမှတ်တမ်းများတွင် ရေးသားဖေါ်ပြကြသည်။

    မြန်မာအလုပ်သမားများယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် ပွဲစားခမတန်တဆ ကြီးမြင့်နေကြောင်းနှင့် ပွဲစားမပါ တိုက်ရိုက်ဆောင်ရွက်နိုင်အောင် စီစဉ်ဆောင်ရွက်နေသည်ဟု မြန်မာ အလုပ်သမားညွန်ကြားရေး ဦးစီးဌာနညွန်ကြားရေးမှူးချူပ် ဦးမျိုးအောင်က သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်။

    အထောက်အထားမဲ့ မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ကဲ့သို့ တရားဝင်အထောက်အ ထားများ ကိုင်ဆောင်ထားနိုင်မှသာ ၄င်းတို့၏ရပိုင်ခွင့်များအား ခံစားနိင်မှာဖြစ်ပြီး အလုပ်ရှင်များ၏ ခေါင်းပုံဖြတ် အသုံးချမှုမှ လွတ်ကင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    လက်ရှိ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်ရုံးများကို ချင်းမိုင်၊ ချင်းယိုင်၊ ပထုန်ဌာနီ၊ စမူ ပရာကန်၊ မဟာချိုင်၊ လယောင်၊ ခွန်ခန်၊ စူရဌာနီ၊ ရနောင်း၊ မဲဆောက်နှင့် ကန်ချနဘူရီတို့ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks