spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်ရောက် ဘင်္ဂါလီ ၁၅၀ ဦးအား လာရာလမ်းကြောင်းအတိုင်းပြန်ပို့

    ရေးမြို့နယ်ရောက် ဘင်္ဂါလီ ၁၅၀ ဦးအား လာရာလမ်းကြောင်းအတိုင်းပြန်ပို့

    -

    ဖူးကက်မြို့သို့ရောက်ရှိလာ ဘင်္ဂါလီလှေစီးဒုက္ခသည်များ(Internet)
    ဖူးကက်မြို့သို့ရောက်ရှိလာ ဘင်္ဂါလီလှေစီးဒုက္ခသည်များ(Internet)
    မင်းသုတ – မွန်ပြည်နယ် ရေးမြို့နယ်၌ လှေဖြင့်ဝင်ရောက်လာသော ဘင်္ဂါလီ ၁၅၀ ဦးကို ရေးမြစ်ဝအနီးရှိ မောရဝတီရေတပ်က ဖမ်းဆီးရမိပြီး သူတို့၏မူလလာရာလမ်းကြောင်းအတိုင်း ပြန်ပို့လိုက်သည်ဟု သိရသည်။

    ဖမ်းဆီးခံလှေစီးဘင်္ဂါလီများကို ဇန်နဝါရီလ ၂ ရက်နေ့တွင် မောရဝတီရေတပ်က ဘင်္ဂလားပင် လယ်အော်ဘက်သို့ ပို့လိုက်သည်ဟု ရေးမြို့ အုပ်ချုပ်ရေးရုံးဝန်ထမ်းတစ်ဦးထံမှ သိရသည်။

    ၄င်းက “ကမ်းပေါ်ရောက်လာတဲ့ ၇၀ ယောက်နဲ့ လှေပေါ်ကျန်တဲ့ ၈၀ ယောက်တို့အားလုံးကို သူတို့လာတဲ့လမ်းကြောင်းအတိုင်း ပြန်ပို့လိုက်ပြီး” ဟု ပြောသည်။

    အဖမ်းခံရသည့် ဘင်္ဂါလီများကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ ညဦးပိုင်းတွင် ရေးမြို့ အနောက်ဖက် ပင်လယ်ကမ်းခြေရှိ အစင်ကျေးရွာအနီး ရေလုပ်သားများနေထိုင်သော ဓမင်းဆိပ်ကြီးကျေးရွာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

    ဘင်္ဂါလီများသည် ရခိုင်ပြည်နယ်မှတဆင့် စက်လှေကြီးများဖြင့် ထိုင်းနှင့် မလေးရှားနိုင်ငံသို့ သွားရောက်ကြမည့် ဘင်္ဂါလီ ၁၅၀ ခန့်အား ဓမင်းဆိပ်ကြီးကျေးရွာကမ်းခြေအရောက်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိပြီ ဟုဆိုကာ လှေပေါ်မှပစ်ချခဲ့သည်ဟု အာဏာပိုင်များ စစ်ဆေးမေးမြန်းချက်အရ သိရသည်။

    “လမ်းမှားသလိုလို လှေပျက်သလိုလိုဆိုပြီး ဒီနှစ်အတွင်း ကျနော်တို့နယ်ဘက်ကို ဝင်လာတာ အခုဆိုရင်လှေ ၃ စီးရှိသွားပြီ၊ လူသားချင်းစာနာထောက်ထားမှုအရ အစားအသောက်၊ ရေရိက္ခာတွေ အကူအညီပေးခဲ့ကြပါတယ်၊” ဟု ဓမင်းဆိပ်ကြီး ရွာသားတစ်ဦးက ပြောသည်။

    အလားတူ ၂၀၁၂ ခုနှစ် ဇွန်လတွင်လည်း ရေးမြို့နယ်၊ သဲခုံကျေးရွာသို့ ရေလမ်းမှ ဝင်ရောက်လာသော ဘင်္ဂါလီလူမျိုး ၈၀ ကျော်တို့ကို ဖမ်းဆီးအရေးယူခဲ့ပြီး ဖြစ်သည်။

    ထို့အပြင် ထိုင်းရေပိုင်နက်သို့ ရောက်ရှိလာသော ရိုဟင်ဂျာဆိုသူ လူမျိုးများကို ထိုင်းဘုရင့် ရေတပ်က အကြိမ်ကြိမ်ဖမ်းဆီးရမိခဲ့ပြီး ထိုင်းရေပိုင်နက်အပြင်ဘက်သို့ မောင်းထုတ်ခဲ့ကြောင်း သတင်းစာမျက်နှာများတွင် ရေးသားဖေါ်ပြခဲ့သည်။

    အမျိုးသမီးနှင့်ခလေးငယ်များအပါအဝင် လှေစီးရိုဟင်ဂျာ ၇၃ ယောက်သည် ယမန်နေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်ကမ်းခြေအနီးသို့ရောက်ရှိလာသည့်အတွက် ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းကာ နေရပ်သို့ပြန်ပို့မည် ဖြစ်ကြောင်း ဘန်ကောက်ပို့သတင်းတွင် ဖေါ်ပြပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks