Homeသတင်းနိုင်ငံတော်အရန်ဆန် မိုးစပါးဝယ်ယူမည့်အစီအစဉ် မွန်ပြည်နယ်မပါရှိ

နိုင်ငံတော်အရန်ဆန် မိုးစပါးဝယ်ယူမည့်အစီအစဉ် မွန်ပြည်နယ်မပါရှိ

-

မင်းတော်လဝီ – နိုင်ငံတော်အတွက်အရန်ဆန် မိုးစပါးဝယ်ယူခြင်းကို နိုဝင်ဘာလ ၂၀ ရက်နောက်ပိုင်းတွင် ဝန်ကြီးဌာန များနှင့် မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များအသင်းတို့ပူပေါင်း၍ ဝယ်ယူရန်စီစဉ် နေသည်ဟု အစိုးရသတင်းစာတွင် ဖေါ်ပြထားသည်။

အဆိုပါအရန်ဆန်များကို ရန်ကုန်၊ ဧရာဝတီ၊ မန္တလေး၊ ပဲခူး တိုင်းဒေသကြီးတို့တွင် ဝယ်ယူမည်ဖြစ်ပြီး မွန်ပြည်နယ်တွင် အထက်မှ အရန်ဆန်ဝယ်ယူရန် ညွှန်ကြားချက်မရှိသေးသည်ဟု မွန်ပြည်နယ်ဆန်စပါး အသင်းထံမှ သိရသည်။

၎င်းက “လောလောဆယ်မှာ မွန်ပြည်နယ်မှာ အရန်ဆန်အတွက် မိုးစပါးကိုဝယ်ဖို့ ညွှန်ကြားချက် မရှိသေးဘူး” ဟု ဦးတင်မြင့်ဦး မွန်ပြည်နယ် ဆန်စပါးအသင်းမှ ပြောသည်။

၂၀၁၂-၂၀၁၃ ခုနှစ် မိုးစပါးရာသီမှ ထွက်လာသည့်စပါးကို နိုဝင်ဘာလအတွင်း ဝယ်ယူမည့်သတင်းကြောင့် ကောက်စောဈေးကွက်မှာဈေးတည်ငြိမ်နေပြီး ပုံမှန်အရောင်းအဝယ် ရှိသည်ဟု မုဒုံမြို့မှ လယ်သမားကြီးတဦးက ပြောသည်။

“ကောက်စောစပါးတော့ စရိတ်နေပြီ စပါးသစ်ကိုအရောင်းအဝယ် များများစားစား သိပ်မဖြစ်သေးပေမယ့် ရွှေတဆုပ်စော၊ မနောသုခ တို့လိုစပါးကို အပါးတင်း ၁၀ဝ ကို လေးသိန်းလောက်ဈေးရှိနေတယ်၊ ကောက်ကြီး စပါးဟောင်းကို ၆သိန်ကျော်ဈေးနဲ့ အဝယ်လိုက်နေတယ်” ဟု မုဒုံမြို့မှ လယ်သမားကြီးနိုင်ပိုင်က ပြောသည်။

ထို့အပြင် ယခုနှစ်မိုးစိုက် ကောက်ကြီး၊ တောင်ပျံ၊ ငကျွဲ စပါးများကိုရိတ်သိမ်းချိန်မရောက်မီ ခေါင်းပိုး၊ ဆစ်ပိုး၊ ဖျက်ဆီး ဒဏ်ကြောင့် ပျက်စီးမှုများနေကြောင်း သိရသည်။

“ကျနော်ပိုင်ကောက်ကြီးစပါးမျိုးဧက(၃၀)မှာစိုက်ဧကရဲ့ ၄၀ ရာနှုန်းကျော်မှာ ဆစ်ပိုးကျထားကို့ စပါးနှံတွေဖြူနေ တယ်၊ စပါးမရတော့ဘူး၊ ကောက်ကြီးမျိုးက ဈေးကောင်းရသလို ပိုးဒဏ်လည်းဆိုးတယ်”ဟု ၎င်းက ဆက်ပြောသည်။

အရန်ဆန်အတွက် စပါးဝယ်ယူရေးကို မြန်မာနိုင်ငံစီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာမြို့နယ်ကုန်သွယ်လယ်ယာဌာနများသို့ ညွှန်ကြားချက် တစုံတရာထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

“မွန်ပြည်နယ်မှာ၊ဝန်ကြီးဌာနကရော၊ပြည်နယ်ကပါအရန်ဆန်အတွက် စပါးဝယ်ဖို့ မညွှန်ကြား သေးဘူး၊ဝယ်မယ်ဆိုရင် ဆန်စပါးအသင်းကပဲဝယ်ယူနိုင် တယ်၊မနှစ်ကလည်းကုန်သွယ် လယ်ယာကမဝယ်ဘူး” ဟု မုဒုံမြို့နယ်ကုန်သွယ်လယ်ယာ မန်နေဂျာတစ်ဦးက ပြောသည်။

၂၀၁၁ -၂၀၁၂ ခုနှစ် နိုင်ငံတော်အရန်ဆန်ဝယ်ယူရေးကို ဧရာဝတီ၊ ပဲခူး၊ ရန်ကုန် တိုင်းဒေသကြီးများမှာ သတ်မှတ်ဈေးအတိုင်းအထောက်အလျှောက်ဝယ်ယူရရှိခဲ့သော်လည်း မွန်ပြည်နယ်မှာ ဝယ်ယူခြင်းမရှိခဲ့ဟု ၎င်းက ပြောသည်။

အဆိုပါအရန်ဆန်ကိုရန်ုကုန်၊ ဧရာဝတီ၊ မန္တလေး၊ ပဲခူးဒေသကြီးတို့တွင် ဝယ်ယူမည်ဖြစ်ပြီး အရန်ဆန်ဝယ်ယူမှုတွင် တောင်သူများထံမှ ပထမအကြိမ်ဝယ်ယူခဲ့၍ ဒုတိယအကြိမ် ကိုယ်စားလှယ်များထံမှ ဝယ်ယူခဲ့ပြီး တတိယ အကြိမ်ကို တင်ဒါစနစ်ဖြင့်ဝယ်ယူသွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်ဖေါ်ပြပါရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts