spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းကန်ချနပူရီထိုင်းနယ်စပ် ကူးစက်ရောဂါအခြေအနေစစ်ဆေး

    ကန်ချနပူရီထိုင်းနယ်စပ် ကူးစက်ရောဂါအခြေအနေစစ်ဆေး

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်း-မြန်မာနယ်စပ်ဒေသရှိ ကူးစပ်ရောဂါအခြေအနေများနှင့်ပတ်သက်၍ ကန်ချနပူရီခရိုင်ဝန် ဦးဆောင်သောအဖွဲ့ ယနေ့နံနက်ပိုင်းတွင် စံခလပူရီမြို့နယ်၊ ဘုရားသုံးဆူဒေသသို့ လာရောက်စစ်ဆေးခဲ့ကြောင်း ထိုင်း-မြန်မာနယ်ခြားကော်မတီရုံးမှ သိရသည်။

    ထိုင်းနယ်စပ်ဒေသရှိ ထိုင်းစစ်သားများ၊ ဒေသခံများနှင့် မြန်မာရွေ့ပြောင်းအလုပ်သမားများအား ကူးစက်ရောဂါများအခြေအနေ လာရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

    ထိုင်းနယ်စပ်တစ်နေရာ၌ ကျန်းမာရေးစစ်ဆေးနေပုံ(Internet)
    “ဒီဘုရားသုံးဆူဒေသက ငှက်ဖျားပေါတဲ့ဒေသပေါ့၊ ဒါကလည်း ကူးစက်ရောဂါတမျိုးပါ၊ ဒါ့အပြင် အခြားရောဂါတွေလည်း ရှိနိုင်ပါတယ်၊ နယ်စပ်မှာအခြေချထားတဲ့ ထိုင်းစစ်သားတွေနဲ့ ဒေသခံတွေရဲ့ကျန်းမာရေးအခြေအနေကို လာရောက်စိစစ်တာပါ” ဟု ထိုင်း-မြန်မာနယ်ခြား ကော်မတီရုံးမှ တာဝန်ရှိသူက ပြောသည်။

    ထိုစိစစ်ရေးအဖွဲ့ကို၊ ကန်ချနပူရီခရိုင်ဝန် နိုင်ချိုင်ဝပ် ရင်းဝမ်ထ(Nai Chaiwat Rinwantha)နှင့် ခရိုင်ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာ ပင်ထက် သီရိဝဏ္ဏရံစံ Dr. Pontep Siriwanarunksorn တို့ ဦးဆောင်ခဲ့ကြသည်။

    ထို့အပြင် ထိုင်းနယ်စပ် ဘုရားသုံးဆူဒေသစက်ရုံများ၏ လုပ်ငန်းခွင်ကျန်းမာရေးအခြေအနေနှင့် မြန်မာအလုပ်သမားများကိုလည်း လာရောက်စိစစ်နေသဖြင့် ထိုင်းဥပဒေနှင့်မညီညွတ်သူများကို ယနေ့တွင် အလုပ်ဆင်းခွင့်ယာယီရပ်ဆိုင်းခဲ့ကြောင်း ဘုရားသုံးဆူဒေသ အလုပ်သမားအရေးလှုပ်ရှားသူ ကိုဝေဖြိုးကြွယ်က ပြောသည်။

    ၎င်းက “ခရိုင်ဝန်လာမယ်ဆိုပြီးတော့ အသက် ၁၈ နှစ်မပြည့်တဲ့သူတွေကို သူဌေးက မြန်မာပြည်ဖက်အခြမ်း ပြန်ခိုင်းလိုက်တယ်၊ နောက်ရက်တွေဆက်လုပ်ခွင့်ရလား မရလားတော့မသိဘူး” ဟု ပြောသည်။

    ထိုအဖွဲ့သည် အလုပ်သမားမှတ်ပုံတင်ကဒ်ပြားများ၊ အလုပ်သမားများ၏ တနေ့တာအလုပ်လုပ်ချိန်နှင့် ရေသုံးစွဲမှုအခြေအနေများကို မေးမြန်းစစ်ဆေးခဲ့သည်ဟုလည်း ၎င်းကဆက်ပြောသည်။
    ထိုင်းနယ်မြေရှိ ဘုရားသုံးဆူဒေသ၌ အဝတ်အထည်စက်ရုံ၊ ဖိနပ်စက်ရုံအပါအဝင် စက်ရုံ ၄၀ ကျော်ရှိပြီး မြန်မာပြည်မှအလုပ်သမား တစ်သောင်းနီးပါးခန့် ထိုင်းနိုင်ငံဖက်သို့ နေ့စဉ်ဝင်ရောက် အလုပ်လုပ်ကိုင်နေကြသည်။

    ယင်းအလုပ်သမားများသည် လွန်ခဲ့သောနှစ်က လုပ်အားခတိုးပေးရေး၊ အချိန်ပိုကြေး ပြဿနာ၊ နစ်နာကြေးများရရှိရေးအတွက် အလုပ်သမားများနှင့် ထိုင်းလုပ်ငန်းရှင်များအကြားတွင် မကျေမလည်ဖြစ်ကာ ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks