Homeသတင်းမွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဝင် ၃ ဦး ဂျပန်နိုင်ငံသွားရောက်လေ့လာမည်

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဝင် ၃ ဦး ဂျပန်နိုင်ငံသွားရောက်လေ့လာမည်

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဝင် ၃ ဦးတို့သည် အခြားနိုင်ငံရေးပါတီခြောက်ဖွဲ့မှ ပါတီဝင်များနှင့်အတူ ယနေ့ဇူလိုင်လ ၂ ရက်နေ့တွင် ဂျပန်နိုင်ငံသို့သွားရောက်လေ့လာမည် ဖြစ်သည်။

အမျိုးသားလွှတ်တော် နိုင်မျိုးတင့်လွင် (ခေါ်) ကိုသားကြီး
၄င်းတို့နှင့်အတူ ရှမ်းတိုင်ရင်းသားများဒီမိုကရက်တစ်ပါတီမှ ငါးဦး၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ လေးဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆယ်ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ သုံးဦး၊ ပြည်ခိုင်ဖြိုးပါတီမှ ၁၃ ဦးနှင့် တစညပါတီမှ လေးဦးဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်နေ့တွင် အထက်ပါ ခရီးစဉ်ပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။

“ကျနော်နဲ့အတူ ကျနော်တို့ပါတီဝင်လူငယ်တွေဖြစ်ကြတဲ့ မိစန္ဒာဝန်းနဲ့ မင်းညွန့်ရီတို့ပါဝင်တယ်” ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ အမျိုးသားလွှတ်တော် နိုင်မျိုးတင့်လွင် (ခေါ်) ကိုသားကြီးက ပြောသည်။

အဆိုပါခရီးစဉ်ကို ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းနှင့် ဂျပန်- မြန်မာပါလီမန်များ ချစ်ကြည်ရေးအသင်းက ဖိတ်ကြားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှဦးဆောင်သည်ဟု အထွေထွေအတွင်းရေးမှူးဦးဌေးဦး၏ ပြောကြားချက်ကို Eleven Media Group အင်တာနက်သတင်းတွင် ဖေါ်ပြထားသည်။

ခရီးစဉ်အတွင်း ဂျပန်နိုင်ငံရှိ နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်သည့်အပြင် ဂျပန်နိုင်ငံလွှတ်တော်အတွင်းသို့လည်း သွားရောက်လေ့လာမည်ဟု သိရသည်။

ထို့အတူ ယမန်နှစ်တွင်လည်း နိုင်ငံရေးပါတီခြောက်ပါတီမှ ပါတီဝင် ၂၀ ဦးတို့ ဂျပန်နိုင်ငံသို့လေ့လာရေးခရီး သွားရောက်ခဲ့ရာတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအဖွဲ့ဝင် လူငယ် ၂ ဦးလည်းပါဝင်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts