Homeသတင်းဘုရားသုံးဆူ မြို့ပေါ်မော်တော်ယာဉ်လိုင်စင်ပြုလုပ်

ဘုရားသုံးဆူ မြို့ပေါ်မော်တော်ယာဉ်လိုင်စင်ပြုလုပ်

-

ဂျူရီချိုင်း – ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ် ပြေးဆွဲနေသော မော်တော်ဆိုင်ကယ်များကို မြို့တွင်း လိုင်စင်အဖြစ် မော်တော်ယာဉ်ထိန်းသိမ်းရေးဌာနမှ ပြုလုပ်ပေးနေကြောင်း ဒေသခံတို့က ပြော သည်။

ဇွန်လ ၄ ရက်နေ့က မော်တော်ယာဉ်ထိန်းသိမ်းရေးဌာနနှင့် ရဲတို့ပူပေါင်းပြီး ရပ်ကွက်အုပ်ချုပ် ရေးမှူးတို့နှင့်အတူ ရပ်ကွက်တိုင်းရှိ အုပ်ချုပ်ရေးရုံးတွင် မော်တော်ဆိုင်ကယ်သမားများအား ပြုလုပ်ပေးနေခြင်းဖြစ်သည်။

ဘုရားသုံးဆူ ရပ်ကွက် (၃)မှ မြို့တွင်းမော်တော်ယာဉ်လိုင်စင်ပုံ
ယင်းလိုင်စင်ကို ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားရေး မှူးချုပ်ရုံ (ကညန)မှ ပြုလုပ်သည့် လိုင်စင်မျိုးမဟုတ်ဘဲ ဘုရားသုံးဆူမြို့အတွင်းသာ စီးနင်းခွင့် လိုင်စင်အဖြစ် ပြုလုပ်ပေးနေသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

၎င်းက “မြိုသားလိုင်စင်ပေါ့နော် ဒီလိုင်စင်ရှိရင် တခြားလူနဲ့ခွဲခြားနိုင်ဖို့အတွက်ဆိုပြီး ပေးလုပ်ခိုင်း တယ် မလုပ်လဲမရဘူး” ဟု ပြောသည်။

လတ်တလော ဘုရားသုံးဆူမြို့သူ/သားအချို့က ပြန်ပေးဆွဲမှုပဋိပက္ခများ မကြာခဏ ဖြစ်ပွား နေခြင်းကြောင့် အပြင်လူနှင့်ခွဲခြားသတ်မှတ်နိုင်ရန်အတွက် ယခုလို ပြုလုပ်ရခြင်းဖြစ်သည်။

လိုင်စင်အတွက် မော်တော်ဆိုင်ကယ်တစ်စီးလျှင် ပိုင်ရှင်ဓါတ်ပုံနှင့် မော်တော်ဆိုင်ကယ်ဓါတ်ပုံ သုံးပုံ ဘတ်ငွေ ၇၀ နှင့် လိုင်စင်ခ ၅၀ အပေါင်း ၁၂၀ ဘတ် ကုန်ကျကြောင်း ၎င်းလိုင်စင်ကို ယနေ့အထိ ပြုလုပ်နေဆဲဖြစ်သည်။

ထိုလိုင်စင်ကို တစ်ပတ်အတွင်းပြုလုပ်ပေးသွားမည်ဖြစ်ပြီး လာရောက်မပြုလုပ်သောသူများ စီးနင်း ရာမှာ တွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်းလည်း ယာဉ်ထိန်းသိမ်းရေးဌာနက ပြော ဆိုခဲ့သည်။

မော်တော်ယာဉ်လိုင်စင်သွားရောက်ပြုလုပ်ခဲ့သူ တစ်ဦးက”လိုင်စင်လုပ်တာက ကိုယ့်ရပ်ကွက်နဲ့ ကိုယ်လုပ်ရတယ်၊ လုပ်ပီးတော့ ဆိုင်ကယ်မှာကပ်ဖို့ကပ်ပြားတစ်ကပ်ပေးလာတယ် ကပ်ထဲမှာ ရပ်ကွက်နဲ့ ဆိုင်ကယ်နံပါတ်ပါတယ်” ဟု ပြောသည်။

လိုင်စင်ပြုလုပ်သည့်အပေါ် အထက်အာဏာပိုင်များက ငွေကြေးအလွဲသုံးစားပြုလုပ်နေခြင်းဟု သံသယဖြစ်ကာ တချို့ဒေသခံများက မကျေမနပ်မှုများ ရှိခဲ့ကြသည်။

ဘုရားသုံးဆူမြို့တွင် ရပ်ကွက် (၄ )ရပ်ကွက်ရှိပြီး မော်တော်ဆိုင်ကယ်ပေါင်း ၄၀ဝ၀ ကျော်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

3 COMMENTS

  1. စာရေးတဲ့လူက မြန်မာစာကို ကွဲပြားအောင် မရေးတတ် မဖတ်တတ်တာလား စာဘဲမတတ်တာလား

    ခေါင်းစဉ်မှာက ဘုရားသုံးဆူ မြို့ပေါ်မော်တော်ယာဉ်လိုင်စင်ပြုလုပ်တဲ့

    သတင်းထဲမှာရေးထားတာက မော်တော်ဆိုင်ကယ် မြို့တွင်းလိုင်စင်တဲ့

    ဘယ်လိုနားလည်ရမလည်း

  2. မြန်မာဖောင့်အောင်ကူညီပေးပါဦး စာမမြင်၇ဘူး အားလုံးပြောင်းပြန်ဖြစ်နေတယ် ဖတ်ရအောင်ကူညီပေးပါဦး

    • Download Unicode Which Support Myanmar & Ethnic Langauge on Multi- OS TharLon

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts