Homeသတင်းကချင်ဒုက္ခသည်စခန်း၌ ကျောင်းသားများပိုတိုးလာ

ကချင်ဒုက္ခသည်စခန်း၌ ကျောင်းသားများပိုတိုးလာ

-

မင်းသုတ– ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO အား မြန်မာအစိုးရတပ်မှ ဆက်လက်ထိုးစစ်ဆင်နေသဖြင့် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မိုင်ဂျာယန်ဒေသ ဒုက္ခသည်စခန်းသို့ ကျောင်းသားများ ပိုမိုရောက်ရှိလာနေကြောင်း ကချင်ပညာရေးဌာနမှ ဆရာအောင်မိုင်က ပြောသည်။

မိုင်ဂျာယန်သို့ ရောက်ရှိလာသောဒုက္ခသည်(Photo- Kachinland News)
“အခုတလောရောက်ရှိလာတဲ့ အလယ်တန်း၊ အထက်တန်းကျောင်းသားက ၆၈ ယောက်၊ မူလတန်းက ၆၃ ယောက်၊ အရင်ရောက်လာတဲ့ကျောင်းသားတွေနဲ့ပေါင်းလိုက်ရင် ၂၃၂ ယောက်ထပ်ရောက်လာတယ်၊ ငါးဆယ်ရာခိုင်နှုန်းလောက်ပဲ မိဘတွေပါခဲ့တယ်” ဟု ဆရာအောင်မိုင်က ပြောသည်။

၄င်းအပြေအရ မိုင်ဂျာယန်ဒေသ၌ ၅ တန်းမှ ၁၀ တန်းအထိ လက်ရှိကျောင်းသားဦးရေ ၆၉၂ ဦးရှိကြောင်း သိရသည်။

“မိဘတွေနဲ့အတူမရှိတဲ့ ကျောင်းသားတွေနေထိုင်ဖို့ သီးသန့်အဆောင်ဆောက်ပေးရတယ်၊ အခုမှအထက်တန်းကျောင်းသားတွေနေထိုင်ဖို့အတွက် အဆောင်စပြီးဆောက်လုပ်နေရတယ်” ဟု ဆရာအောင်မိုင်က ဆက်ပြောသည်။

မိုင်ဂျာယန်မြို့တွင် အထက်တန်းကျောင်း၊ လူငယ်ဖွံဖြိုးရေးသင်တန်းကျောင်း၊ အင်္ဂလိပ်စာ အထူးသင်တန်းကျောင်းများရှိသည်။

ကချင်ဒုက္ခသည်ကူညီစောင့်ရှောက်ရေး WPN( ပြည်သူ့အလင်း)မှ မိုင်းဂျာက “ အခုတလော ရှမ်းပြည်မြောက်ပိုင်းက ကျောင်းသားတွေရုတ်တရက်ရောက်လာတယ်၊ ကျောင်းနေရာမလောက်တော့ မနက်ပိုင်းတစ်ဖွဲ့ ညနေပိုင်းတစ်ဖွဲ့ သင်နေရတာလည်း ရှိတယ်” ဟု ပြောသည်။

ယခုအခါမြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်သည့်ကာလဖြစ်သည့်အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၌ မြန်မာစစ်တပ်များ ဆက်လက်ထိုးစစ်ဆင်နေသဖြင့် စစ်ပြေးများနှင့်အတူ ကျောင်းသားဦးရေ ပိုမိုတိုးများလာခြင်း ဖြစ်သည်ဟု မိုင်ဂျာကယူဆသည်။

အထူးသဖြင့် အသစ်ရောက်ရှိလာသောကျောင်းသားများ နေထိုင်မည့်အဆောက်အဦးများအပြင် စောင်၊ ခြင်ထောင်၊ အိပ်ယာများသာမက မီးဖိုချောင်အသုံးဆောင်ပစ္စည်းများလည်း လိုအပ်လျှက်ရှိသည်။

ပြည်တွင်းမှအစိုးရမဟုတ်သော NGOs အဖွဲ့အစည်းများနှင့် နိုင်ငံတကာအကူအညီထောက်ပံ့မှုများကို လက်ရှိမြန်မာအစိုးရက ပိတ်ပင်ထားဆဲဖြစ်ပြီး ကချင်ပြည်နယ်ရှိ ဘာသာရေးအသင်းအဖွဲ့များ၊ နိုင်ငံတကာရောက်ကချင်အမျိုးသားများ၊ စီးပွားရေးလုပ်ငန်းရှင်များထံမှအကူအညီများသာ လက်ခံရရှိခဲ့သည်။

KIO လက်အောက်ခံပညာရေးဌာနတွင် တပ်မဟာ (၁)ရှိ အင်ဂွမ်လ အထက်တန်းကျောင်း၊ တပ်မဟာ (၃)ရှိ မိုင်ဂျာယန် အထက်တန်းကျောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မဟာ(၄)ရှိ လွယ်ကန် အထက်တန်းကျောင်းနှင့် တပ်မဟာ (၅)ရှိ လိုင်ဇာ အထက်တန်းကျောင်းဟု စုစုပေါင်း ၄ ကျောင်းရှိသည်ဟု သိရသည်။

မြန်မာစစ်အစိုးရ(နဝတ) KIO ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်သည့်ကာလမှစပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)မှ ၁၀တန်း ကျောင်းသူကျောင်းသားများအား မြန်မာအစိုးရတက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်အစီအစဉ်ကို ယခုအခါဖျက်သိမ်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts