spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းရွာအကြီးအကဲများမှလယ်မြေများကိုသိမ်းယူပြီး အိမ်ခြံမြေကွက်အဖြစ်ဖေါ်ရောင်း

    ရွာအကြီးအကဲများမှလယ်မြေများကိုသိမ်းယူပြီး အိမ်ခြံမြေကွက်အဖြစ်ဖေါ်ရောင်း

    -

    ခတ္တာနန်း – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာနှင့် ဝဲကလောင်းကျေးရွာတို့တွင် ကျေးရွာနှင့်တဆက်တည်းထိစပ်နေသည့် လမ်းမနှစ်ဖက်နှစ်ချက်ရှိလယ်မြေအချို့ကို ရွာအကြီးသိမ်းယူခဲ့ပြီး အိမ်ခြံမြေကွက်အဖြစ် ပြန်လည်ရောင်းချနေမှုကို သက်ဆိုင်ရာဒေသခံလွှတ်တော်အမတ်များက စာရင်းကောက်ယူခဲ့ကြောင်း သိရသည်။

    “ကျနော်တို့လယ်မြေ ၃ ဧကလောက် အသိမ်းခံရတဲ့အထဲ ပါသွားတယ်၊ အိမ်ခြံမြေကွက် ရိုက်လိုက်တာ ၃၂ ကွက်လောက်ရတယ်၊ အခုပေါက်စျေးဆိုရင် တစ်ကွက်ကို သိန်း ရ၀ – ၈၀ လောက်ရှိမယ်၊ ကျနော်တို့ ဘာလျှော်ကြေးမှလည်း မရခဲ့ဘူး၊ ရွာဥက္ကဌကပဲ သိမ်းလိုက်တယ်” ဟု အသိမ်းခံရသည့် လယ်မြေပိုင်ရှင် နိုင်စိုးမင်းအောင်က ပြောသည်။

    လမ်းတိုးချဲ့ပြုပြင်ရန်အတွက်ဟု ကရုပ္ပိကျေးရွာဥက္ကဌဦးကာတွန်းက အကြောင်းပြကာ လယ်ပိုင်ရှင် ၅ ဦးမှ လယ်မြေ (၇) ဧကခန့် သိမ်းယူပြီးခဲ့နောက် အိမ်ခြံမြေကွက်အဖြစ် ပြန်လည် ရောင်ချခဲ့ခြင်း ဖြစ်သည်။

    သံဖြူဇရပ်မြို့နယ်၊ အမျိုးသားလွှတ်တော်အမတ် နိုင်ထွန်းအုံက “ ဒီကိစ္စကို အချက်အလက်တွေ ကျနော်တို့စုဆောင်းထားပြီးပြီး၊ ပြည်နယ်လွှတ်တော်အမတ် နိုင်တလချမ်းကလည်း ဒီကိစ္စကို သူတို့လွှတ်တော်ကို တင်ပြထားတယ်လို့သိရတယ်” ဟု ပြောသည်။

    အလာတူ ကရုပ္ပိကျေးရွာအနီးရှိ ဝဲကလောင်းကျေးရွာတွင် ဖြစ်ပေါ်နေသည့် ရွာနီးစပ် လယ်မြေများကို ကျေးရွာဥက္ကဌမှသိမ်းယူခဲ့ပြီး အိမ်ခြေမြေကွက်အဖြစ် သတ်မှတ်ရောင်းချခဲ့ကို ၎င်းဇာတိရွာသားဖြစ်သူ သံဖြူဇရပ်မြို့နယ် အမှတ် ၂ ပြည်နယ်လွတ်တော်အမတ် နိုင်တလချမ်းမှ စရင်းများကောက်ယူခဲ့ပြီး သက်ဆိုင်ရာသို့တင်ပြထားကြောင်း သိရသည်။

    ထို့အပြင် မွန်ပြည်နယ်၊ ရေးမြို့နယ်တဝိုက်တွင်လည်း အစိုးရစစ်တပ်မှ သိမ်းဆည်းထားသည့် ဥယျဉ်ခြံမြေများကို လျှော်ကြေးရရှိရန်အတွက် ခြံပိုင်ရှင် ၅၀ ကျော်တို့မှ သက်ဆိုင်ရာသို့တင်ပြထားကြောင်း၊ ကျိုက်မရောမြို့နယ် နှီးတုံးကျေးရွာတွင်လည်း ဇေကမ္ဘာကုမ္ပဏီ၏ ဘိလပ်မြေစက်ရုံ စီမံကိန်းအတွက် မြေဧက ၅၀ ခန့် သိမ်းထားသည့် ကိစ္စကိုလည်း ကာယကံရှင်များက သက်ဆိုင်ရာသို့ တင်ပြထားသည်။

    ယခု အစိုးရသစ်လက်ထက်တွင် မြေယာသိမ်းခံရသောကိစ္စရပ်များကို ဒေသခံလွှတ်တော်အမတ်များမှတဆင့် လွှတ်တော်အသီးသီးသို့ တင်သွင်းလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks