spot_img
Saturday, July 12, 2025
More
    spot_img
    Homeသတင်းမြေသိမ်းခံရမည့် လယ်သမား ၁၅၀ ကျော် သမ္မတထံစာပို့

    မြေသိမ်းခံရမည့် လယ်သမား ၁၅၀ ကျော် သမ္မတထံစာပို့

    -

    ဂျူရီချိုင်း – ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စု ပင်ငိုရွာရှိ ပြည်သူများလုပ်ကိုင်လျှက်ရှိသော ခြံယာများတွင် တပ်မြေကျောက်တိုင် စိုက်ထူထားခြင်းအပေါ် လယ်သမား ၁၅၁ ယောက်က သမ္မတ ဦးသိန်းစိန်ထံ ဇန်နဝါရီလ ၃၀ ရက်နေ့က စာပို့ခဲ့သည်။

    ယင်းစာတွင် ပြည်သူများမှီခိုအားထား လုပ်ကိုင်နေသော မြေယာများတွင် လာရောက်စိုက်ထူထားသော ကျောက်တိုင်ကိုကြည့်ခြင်းအားဖြင့် မကြာမီ အသိမ်းခံရမည်ကိုသိနေကြောင်း စားဝတ်နေရေးအခက်အခဲနှင့်လည်း ရင်ဆိုင်ကြုံတွေ့ရမှာကို စိုးရိမ်စိတ်ဖြင့် ယခုလို စာပို့ တင်ပြရခြင်းဖြစ်သည်ဟုပါ ရှိသည်။

    တပ်မြေအဖြစ် ကျောက်တိုင်လာရောက် စိုက်ထူးထားသည့် မြေယာဧကပေါင်း (၆၁၀) ကျော်ခန့်ရှိပြီး ၎င်းမြေယာများအပေါ်တွင် အထူးသဖြင့် ဂျုံ၊ ကြက်သွန်ဖြူ၊ ပဲစင်းငုံ၊ စတော်ဘယ်ရီ၊ ဟင်းသီးဟင်းရွက်အစုံဖြင့် ဆယ့်နှစ်ရာသီ စိုက်ပျိုးကြသည်။

    ထိုမြေများအသိမ်းခံရပါက ပြည်သူများ အလုပ်လက်မဲ့ဖြစ်ကာ အခြားမြို့နယ်ဘက်မှာ သွားရောက်လုပ်ကိုင်နေရပြီး နေရာပြောင်းရွှေ့ရေးအခက်အခဲနှင့် ကြုံတွေ့ရမည်ဟု ပအို့လယ်သမားအရေး ကူညီဖြေရှင်းပေးနေသူ တောင်ကြီးမြို့ခံ ကိုခွန်ခမ်းကောင်က ပြောသည်။

    နမ့်ဆီးကျေရွာအုပ်စု ပင်ငိုရွာသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အရှေ့တောင်ပိုင်း ၆ မိုင်အကွာတွင် တည်ရှိသည်။ ပင်ငိုရွာမှနေထိုင်သည့်ပြည်သူများသည် မြေယာများပေါ်တွင်သာ အဓိကထား၍ အသက်မွေး ဝမ်းကျောင်းပြုကာ လုပ်လာခဲ့သည်မှာ ဘိုးစဉ်ဘောင်ဆက်များစွာ ရှိခဲ့ပြီးဖြစ်သည်။

    ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့နှင့် ဇန်နဝါရီ ၆ ရက်နေ့တွင် လယ်ယာမြေများကို အလံနီနှင့်ကျောက်တိုင်များ လာရောက်စိုက်ထူထားခဲ့သည်။ ၎င်းမြေများမှာ ဧက ပေါင်း ၁၇၀ ကျော်ရှိ၍ှ အသိမ်းခံရလျှင် လယ်သမားများ၏ဆုံးရှုံးငွေမှာ တစ်နှစ် ၂၇၄ သိန်းခန့် ရှိသည်ဟု ကိုခွန်ခမ်းကောင်က ပြောသည်။

     စက်တင်ဘာနှင့် အောက်တိုဘာလအစောပိုင်းတွင်လည်း ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စု ထီအုန်စိမ်းရွာတွင် ပင်းသက်သံမဏိစက်ရုံ အမှတ် ၅ တည်ဆောက်ရန် စက်ရုံမှ မတရားသိမ်းဆည်းခဲ့သည့်အပြင် စက်ရုံဘေးပတ်ဝန်းကျင်တွင်ရှိသော ဆိုင်ခန်းငယ်ပေါင်း ၂၀ ခန်းနှင့် လူနေအိမ် ၄ လုံး ရွေ့ပြောင်းခဲ့ရပြီး နစ်နာကြေးတစ်စုံတစ်ရာ မရရှိခဲ့ပေ။

    စက်ရုံအနီးရှိ တဖက်ချောင်းသည် စက်ရုံစွန့်ပစ်ရေနှင့် ရောနှောလိုက်ခြင်းကြောင့် ၎င်းရေကို စိုက်ပျိုးရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်း (ငါးဖမ်းခြင်း) တွင် ပြန်လည်အသုံးချရန် မသင့်လျှော်တော့ကြောင်းကိုလည်း သမ္မတထံပို့သည့် စာတွင် ဖော်ပြခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,700SubscribersSubscribe
    spot_img

    Latest posts