spot_img
Tuesday, April 30, 2024
More
    spot_img
    Homeသတင်းနယ်စပ်တွင်စိတ်ကြွဆေးပြား ၅၀ တိတိ မွန်ပြည်သစ်ဖမ်းဆီးရမိ

    နယ်စပ်တွင်စိတ်ကြွဆေးပြား ၅၀ တိတိ မွန်ပြည်သစ်ဖမ်းဆီးရမိ

    -

    ဂျူရီချိုင်း – ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နယ် မွန်ပြည်သစ်ပါတီလက်အောက်ခံနယ်မြေဖြစ်သည့် ဂျပန်ရေတွင်းကျေးရွာအနီး၌ ယမန်နေ့မွန်းလွဲပိုင်းတွင် ရာဘစိတ်ကြွဆေးပြား ၅၀ ဖမ်းဆီးရမိကြောင်း ဒေသရှိမွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “သူကစိတ်ကြွဆေးဝယ်တဲ့သူတွေဆီကို လာပို့ရင်းနဲ့လမ်းမှာဖမ်းဆီးရမိတယ်” ဟု မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

     စိတ်ကြွဆေးပြားလာရောက်ဝယ်ယူမည့်သူ ဖြောင့်ချက်ပေးနေစဉ်(Photo-NMSP)
    စိတ်ကြွဆေးပြားလာရောက်ဝယ်ယူမည့်သူ ဖြောင့်ချက်ပေးနေစဉ်(Photo-NMSP)

    ၄င်းစိတ်ကြွဆေးသယ်ဆောင်လာသူမှာ မွန်၊ဗမာ၊ ကရင်၊ ထိုင်းစကာပြောကြားတတ်သူ မြန်မာတစ်ဦးဖြစ်ပြီး ဘုရားသုံးဆူမြို့တွင် လက်ရှိနေထိုင်နေသူတစ်ဦးဟုသိရသော်လည်း ပါဝင်ပတ်သက်သူများအား ဆက်လက်ဖေါ်ထုတ်ရန်ရှိသေးသဖြင့် ၄င်း၏အမည်ကို မွန်ပြည်သစ်ပါတီမှ ထုတ်ဖေါ်ပြောပြရန်ငြင်းဆန်ထားသည်။

    ထို့အတူ ၄င်းမူးယစ်ဆေးပြားကိုလာရောက်ဝယ်ယူမည့်သူနှစ်ဦးကိုလည်း ချိန်းဆိုထားသည့်နေရာတွင် မော်တော်ဆိုင်ကယ်ဖြင့်လာရောက်စဉ် ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

    ဘုရားသုံးဆူနယ်စပ်တွင် အဆိုပါစိတ်ကြွဆေးပြားများတစ်ပြားလျှင် ဘတ် ၁၁၀ တန်ဘိုးရှိသည်ဟု သိရသည်။

    လွန်ခဲ့သော ဇန်နာဝါရီလ ၁၂ ရက်နေ့၌ ဂျပန်ရေတွင်းရွာအနီး ကြံတောရွာတွင်လည်း စိတ်ကြွဆေးပြား ၂၀၀ နီးပါးနှင့် ဆက်စပ်ထိုင်းဘတ်ငွေ ၂ သောင်းခွဲခန့် ဖမ်းဆီးရမိခဲ့သည်ဟု မွန်ပြည်သစ်ပါတီ တာဝန်ရှိသူက ပြောဆိုခဲ့သည်။

    အလားတူ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင်လည်း ဘုရားသုံးဆူနှင့် စံခလပူရီအကြားရှိ နန်းပကိတ်ဂိတ်တွင် မွန်ဘုန်းကြီးတစ်ပါးထံမှ စိတ်ကြွဆေးပြားပေါင်း (၅၉၂၆) လုံးကိုလည်း ထိုင်းအာဏာပိုင်တို့က ဖမ်းဆီးရမိခဲ့သည်။

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူနှင့် စံခလပူရီအကြား နယ်စပ်ဖြတ် ကျော်ဂိတ်တွင် စိတ်ကြွးဆေးများ မကြာခဏဖမ်းဆီးရမှု ဖြစ်ပေါ်နေ၍ စိတ်ကြွဆေးရောင်းဝယ် သူများလည်း ဖြတ်သန်းမှုရှိနေသည့် သတင်းကြောင့် ယခုစက်တင်ဘာလဆန်းပိုင်းမှစ၍ စစ်ဆေးရေး ပိုမိုတင်းကြပ်လာနေသည်ဟု နယ်စပ်ဖြတ် ကျော်ခဲ့သူများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,900SubscribersSubscribe
    spot_img

    Latest posts