spot_img
Thursday, July 31, 2025
More
    spot_img
    Homeသတင်းမြေမြုပ်မိုင်းဒဏ် ၂ ဦးခံရသူအနက် ၁ ဦး ခြေတစ်ဖက်ဖြတ်ခံရ

    မြေမြုပ်မိုင်းဒဏ် ၂ ဦးခံရသူအနက် ၁ ဦး ခြေတစ်ဖက်ဖြတ်ခံရ

    -

    ဂျူရီချိုင်း – ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နှင့် ၄ မိုင်အကွာခန့်ရှိ တဲသုံးလုံးရွာတွင် ဒေသခံ ၂ ဦး ရက်ခြားပြီး မြေမြုပ်မိုင်းနင်းမိသည့်အနက် ၁ ဦး ခြေထောက်တစ်ဖက်ဖြတ်ခံလိုက်ရသည်ဟု သိရသည်။

    မြေမြုပ်မိုင်းနင်းမိသဖြင့် ခြေထောက်ဖြတ်ခံရသူမှာ အသက် ၃၀ အရွယ်ရှိ မြန်မာလူမျိုး ကိုသက်နိုင်မြင့် ဟုသိရပြီး ဘုရားသုံးဆူမြို့ပေါ် ဦးမြင့်ဦး၏ ရာဘာခြံအလုပ်သမားဖြစ်ကြောင်း၊ အခြားမိုင်းဒဏ်ခံရသူ အမည်မသိ ကရင်လူမျိုးတစ်ဦးအား ဘုရားသုံးဆူမြို့ပေါ် ဆေးရုံတင်ထားနေရဆဲဖြစ်သည်။

    “ကိုသက်နိုင်မြင့် သစ်သွားခုတ်ရင်းနဲ့ လမ်းမှာမိုင်းနင်းမိတယ်၊ ခြေဖနောင့်ကိုထိသွားတယ်” ဟု ကိုသက်နိုင်မြင့်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ကိုသက်နိုင်မြင့်သည် အဆိုပါမြေမြုပ်မိုင်းဒဏ်ရာကြောင့် ယမန်နေ့တွင် ထိုင်းနိုင်ငံ၊ ကန်ချနပူရီဆေးရုံ၌ ခြေတစ်ဖက်ဖြတ်ခံလိုက်ရပြီး ဆေးကုသခံယူနေဆဲဖြစ်သည်ဟု သိရသည်။

    ကိုသက်နိုင်မြင့်သည် ပြီးခဲ့သည့်ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ခြံအတွင်းသစ်ခုတ်နေစဉ် မြေမြုပ်မိုင်း နင်းမိခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူက ပြောသည်။ ထိုနည်းတူ ဇူလိုင်လ ၁၇ ရက်နေ့တွင်လည်း ဘုရားသုံးဆူမြို့နယ် မဲကသာဒေသ တဲသုံးလုံးအနီး၌ပင် ကရင်လူမျိုးတစ်ဦး မျှစ်ရှာနေစဉ် ခြေထောက်တစ်ဖက်မြေမြုပ်မိုင်းဒဏ်ရာရရှိကာ ဘုရားသုံးဆူမြို့ဆေရုံတွင် ယခုဆေးကုသခံယူနေရဆဲကြောင်း ဒေသခံများကပြောသည်။

    ၎င်းမြေမြုပ်မိုင်းများကို မည့်သည့်လက်နက်ကိုင်အဖွဲ့မှထောင်ထားခဲ့ကြောင်း မသိရှိရသေးပေ။

    အဆိုပါ တဲသုံးလုံးဒေသတဝိုက်တွင် မြန်မာအစိုးရတပ်၊ ကေအင်ယူ တပ်မဟာ ၆ တပ်ဖွဲ့နှင့် ဒီကေဘီအေတပ်ဖွဲ့များ လှုပ်ရှားလျှက်ရှိသည်။

    မြန်မာပြည်အနှစ် ၆၀ ကျော်ပြည်တွင်းစစ်ကာလတလျှောက်တွင် မြန်မာအစိုးရတပ်ဖွဲ့များအလားတူ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်များလည်း မြေမြှုပ်မိုင်းများ အသုံးပြုနေသည်ကို သိရှိနေရသည်။

    ICBL ခေါ် အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းကင်းစင်ရေးလှုပ်ရှားမှုအဖွဲ့အစီရင်ခံစာ၌ မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းအများဆုံးအသုံးပြုသည့်နိုင်ငံများစာရင်းတွင် နှစ်စဉ်ပါဝင်နေသည်။

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts