spot_img
Saturday, February 15, 2025
More
    spot_img
    Homeသတင်းဘုရားသုံးဆူတွင် ထပ်မံ ပစ်ခတ်မှု ဖြစ်၊ အိမ်ဆိုင် ၁ လုံး မီးလောင် ပျက်စီး

    ဘုရားသုံးဆူတွင် ထပ်မံ ပစ်ခတ်မှု ဖြစ်၊ အိမ်ဆိုင် ၁ လုံး မီးလောင် ပျက်စီး

    -

    ဂျူရီချိုင်း – ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် ယနေ့ မွန်းတည့်ချိန်၌ အမည်မသိ လက်နက်အဖွဲ့ တဖွဲ့ ဝင်ရောက် ပစ်ခတ်ပြီး အိမ်ဆိုင် ၁ လုံး မီးလောင် ပျက်စီးသွားကြောင်း မြို့ခံများက ပြောသည်။

    အင်အား ၃၀ ခန့်ရှိ လက်နက်ကိုင်များက မော်တော်ယာဉ် ၄ စီးဖြင့် ရပ်ကွက် ၄ (တောင်ဝိုင်းရပ်) ဘက်မှ ဝင်ရောက် လာပြီး မြို့လယ်ရှိ ဦးအောင်တင်ဝင်း၏ နေအိမ်ကို RPG ဖြင့် ပစ်ခတ်ရာမှ မီးလောင် ပျက်စီးသွားကာ အနီးရှိ အိမ် ၂ လုံးလည်း အနည်းငယ် ထိခိုက် ပျက်စီးခဲ့သည်။

    လက်နက်ကိုင်များက မွန်းတည့်ချိန်မှ စ၍ နာရီဝက်ခန့် လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ပြီးနောက် ပြန်ထွက်သွားခဲ့ကြောင်း မျက်မြင်တဦးက ပြောသည်။

    “နေအိမ်ကိုပဲ ရွယ်ပြီး ပစ်တယ်၊ အိမ်မီးလောင်ပြီး ခဏလောက်ကြာတော့ ပြန်ထွက်သွားတယ်၊ ဘယ်အဖွဲ့ဲတော့ မသိသေးဘူး” ဟု အထက်ပါ မျက်မြင်က ပြောသည်။

    ဦးအောင်တင်ဝင်းမှာ အာဏာပိုင်များနှင့် နီးစပ်သူတဦး ဖြစ်ကာ ၎င်း၏ အိမ်ဆိုင်မှာ သုံးဆူမြို့တွင် အကြီးဆုံး ကုန်စုံဆိုင် ဖြစ်ပြီး မြို့မစျေးရှေ့နှင့် စရဖရုံး အနောက်ဘက်တွင်

    အောင်တင်ဝင်းနေအိမ် မီးလောင်နေစဉ်
    မီးလောင်ပျက်စီးသွားသည့် ဦးအောင်တင်ဝင်း၏ အိမ်ဆိုင်

    တည်ရှိသည်။

    ပစ်ခတ်မှု ဖြစ်ပွားစဉ်အတွင်း သုံးဆူ အခြေချ ခလရ ၂၈၄ က လှုပ်ရှားမှု မရှိကြောင်းနှင့် ပစ်ခတ်မှုကြောင့် မြို့ခံအချို့ ထိုင်းဘက်ကမ်းသို့ ထွက်ပြေး တိမ်းရှောင်သွားကြကြောင်း မြို့ခံများက ပြောသည်။

    ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့တွင်လည်း မျက်နှာဖုံးစွပ် လက်နက်ကိုင် ၄ ဦးက ဘုရားသုံးဆူမြို့ စရဖရုံးနှင့် ဓမ္မာရုံကို ဖေါက်ခွဲပစ်ခတ်ရာတွင် စရဖ တပ်ဖွဲ့ဝင်တဦးနှင့် မိန်းခလေးငယ်တဦး သေဆုံးကာ အခြား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

    ၎င်းပြင် ဇွန်လ ၁၁ ရက်နေ့တွင်လည်း အစိုးရတပ်ဖွဲ့နှင့် ဒီကေဘီအေ၊ ကေအင်အယ်လ်အေ (ကေအင်ယူ) ပူးပေါင်းတပ်ဖွဲ့တို့ ဘုရားသုံးဆူအနီး မဲကသာရွာတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရွာသား အများအပြား သုံးဆူမြို့သို့ တိမ်းရှောင်ခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,900SubscribersSubscribe
    spot_img

    Latest posts