Homeသတင်းဘုရားသုံးဆူမြို့သို့ ဝင်ရောက်တိုက်ခိုက်မည်ကို အာဏာပိုင်များ စိုးရိမ်

ဘုရားသုံးဆူမြို့သို့ ဝင်ရောက်တိုက်ခိုက်မည်ကို အာဏာပိုင်များ စိုးရိမ်

-

ဂျူရီချိုင်း – နယ်ခြားစောင့်တပ်ကို လက်မခံသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ယမန်နေ့ ညဦးပိုင်းတွင် ဘုရားသုံးဆူမြို့စွန်သို့ ခေတ္တရောက်ရှိလာပြီးနောက် မြို့ကို ဆက်လက်တိုက်ခိုက်မည်ကို အာဏာပိုင်များ စိုးရိမ်လျက် ရှိသည်။ 

ယမန်နေ့ည ၇ နာရီခန့်တွင် ဒီကေဘီအေ တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင် ဦးစီးသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်က ဘုရားသုံးဆူမြို့ တောင်ဝိုင်းရပ်ကွက်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“ခဏဝင်လာပြီးတော့ ပြန်ထွက်သွားတယ်၊ လူတွေကလည်း တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေကြတယ်” ဟု အာဏာပိုင်နှင့် နီးစပ်သူ မြို့ခံတဦးက ပြောသည်။

ကေအင်ယူ၊ ဒီကေဘီအေနှင့် မွန်ပြည်သစ်ပါတီတို့ ပူပေါင်းပြီး ဘုရားသုံးဆူမြို့ကို ဝင်ရောက် တိုက်ခိုက်လိမ့်မည်ကို အာဏာပိုင်တို့က ခန့်မှန်း ပြောဆိုနေသည်ဟုလည်း သူက ပြောသည်။

ဒီကေဘီအေ တပ်ဖွဲ့ဝင်များ မြို့တွင်းသို့ ဝင်ရောက်လာပြီးနောက်တွင် မြို့တွင်းလုံခြုံရေးများကို ရုပ်သိမ်းလိုက်ပြီး ခလရ ၂၈၄ တပ်ရင်းအတွင်း စုစည်းထားခဲ့သည်ဟု သူက ဆက်ပြောသည်။

ဘုရားသုံးဆူမြို့တွင် ဗိုလ်မှူးကြီး စောရန်နိုင် ဦးစီးသည့် ခလရ ၂၈၄ ရှေ့တန်းတပ်ရင်း အခြေစိုက်လျက် ရှိသည်။

လွန်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒီကေဘီအေ ၉၀၆ တပ်ရင်းမှ ဗိုလ်မှူး စောအေဝမ်း ဦးစီးသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်များ ဘုရားသုံးဆူမြို့သို့ ဝင်ရောက် တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts