Homeသတင်းဒုက္ခသည်များ နေရပ်ပြန်ပို့ရန် အချိန်မတန်သေးဟု မွန်နိုင်ငံရေးပါတီ ခေါင်းဆောင် ပြော

ဒုက္ခသည်များ နေရပ်ပြန်ပို့ရန် အချိန်မတန်သေးဟု မွန်နိုင်ငံရေးပါတီ ခေါင်းဆောင် ပြော

-

လွတ်လပ်သော မွန်သတင်း အေဂျင်စီ – ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား ဒုက္ခသည်များကို နေရပ်ပြန်ပို့ရေး ထိုင်းအစိုးရ စီစဉ်နေမှုအပေါ် အချိန်မတန်သေးကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ခေါင်းဆောင်က ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်ရာမို ဒုက္ခသည်စခန်း (ဓာတ်ပုံ - www.flickr.com/photos/christianbobst)
ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်ရာမို ဒုက္ခသည်စခန်း (ဓာတ်ပုံ - www.flickr.com/photos/christianbobst)

“အစိုးရသစ် စတင်ဖွဲ့စည်းကာစပဲ ရှိသေးတယ်၊ ဒီမိုကရေစီ အလားအလားတောင် မမြင်တွေ့ရသေးပါဘူး၊ လက်ရှိကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးက ဘယ်လိုအခြေအနေ ဆိုက်ရောက်နေသလဲဆိုတာ အားလုံး သိမြင်နေကြတဲ့အတိုင်းပါဘဲ” ဟု AMDP ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့တွင် ထိုင်းအစိုးရ ပြောခွင့်ရ နိုင်ဖါနိတန် ဝပ်ထာနယာဂွန် ထုတ်ဖေါ်ပြောကြားချက်အရ လက်ရှိ ထိုင်းဝန်ကြီးချုပ် အဖိစစ် ဝေ့ချာချီဝက ဒုက္ခသည်စခန်းများ ပိတ်ရေး မပိတ်ရေးကို ပြန်လည်သုံးသပ်ပြီး ဆုံးဖြတ်ချက်ချလိမ့်မည်ဟု တိုင်း (TIME) မဂ္ဂဇင်း၌ ရေးသားဖေါ်ပြသည်။

ထိုင်း – မြန်မာနယ်စပ်တလျှောက်၌ ဒုက္ခသည်စခန်း ၉ ခုတွင် ဒုက္ခသည် ဦးရေ ၁၄၀,၀၀၀ ကျော် ရှိသည်။ ကရင်ပြည်နယ်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် ဒုက္ခသည်အများစုမှာ ကရင်တိုင်းရင်းသားများ ဖြစ်ကြသည်။

ဒုက္ခသည်များ ပြန်ပို့ရန် အချိန်စောသေးကြောင်း၊ ထိုင်းအစိုးရအနေဖြင့် မြန်မာ့ပြည်တွင်းရေးကို သေချာစွာ လေ့လာစောင့်ကြည့်ပြီးမှသာ ဆုံးဖြတ်ချက် ချသင့်ကြောင်းကို ထိုင်း မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအသင်း TBBC နှင့် ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG တို့က တိုက်တွန်းခဲ့သည်။

မြန်မာပြည်တွင် အစိုးရသစ် တက်ကာစ ဖြစ်ခြင်း၊ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှု မပြုရသေးခြင်းတို့ကြောင့် ဒုက္ခသည်များကို နေရပ်ပြန်လည်ပို့ဆောင်ရန် မသင့်လျော်သေးကြောင်း မွန်ပြည် လူ့အခွင့်အရေး ဖေါင်ဒေးရှင်း ဒါရိုက်တာ နိုင်ကစော့မွန်က ပြောသည်။

“ပြည်တွင်းမှာ တကယ့်ငြိမ်းချမ်းရေး တည်ဆောက်နိုင်တဲ့အချိန် ဒုက္ခသည်တွေရဲ့ ဆန္ဒအတိုင်း နေရပ်ပြန်ချင်တယ် ဆိုမှ ပြန်ပို့သင့်ပါတယ်” ဟု သူက ပြောသည်။

မြန်မာနိုင်ငံသည် အစိုးရတပ်ဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား ပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိပြီး အရှေ့တောင်အာရှနိုင်ငံများတွင် ပြည်တွင်းစစ် အကြီးမားဆုံး ဖြစ်ပွားနေသည့်နိုင်ငံ ဖြစ်သည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်တွင်လည်း ထိုင်းနိုင်ငံရှိ မုန် (Hmong) လူတိုင်းရင်းသား ဒုက္ခသည် ၄၀၀၀ အား လောနိုင်ငံသို့ နောက်ဆုံးအကြိမ် ပို့ဆောင်ခဲ့သည်။

ယမန်နှစ် ဧပြီလတွင် စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်ရပ်စဲမှု ပျက်ပြယ်ခဲ့သည့်အတွက် စစ်ပွဲများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြသဖြင့် မွန်တိုင်းရင်းသား အများအပြား ထိုင်းနယ်စပ်ဘက်သို့ ထွက်ပြေးဝင်ရောက်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts