Homeသတင်းသုံးဆူ-သံဖြူဇရပ်လမ်း မြသန်းကုမ္ပဏီ အခွန်ကောက်

သုံးဆူ-သံဖြူဇရပ်လမ်း မြသန်းကုမ္ပဏီ အခွန်ကောက်

-

သူရိန်၊ ဂျူရီချိုင်း – ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှ သံဖြူဇရပ်မြို့သို့ ပြေးဆွဲနေသည့် မော်တော်ကားများကို မြသန်းကုမ္ပဏီက လမ်းခွန်ကောက်ခံလျက် ရှိကြောင်း ကားသမားအသိုင်းအဝိုင်း ထံမှ သိရသည်။

သုံးဆူ-ရေးလမ်းတွင် ပြေးဆွဲနေ့သည့် မော်တော်ကားတစီး (ဓာတ်ပုံ - လွတ်လပ်သောမွန်သတင်း အေဂျင်စီ)
သုံးဆူ-ရေးလမ်းတွင် ပြေးဆွဲနေ့သည့် မော်တော်ကားတစီး (ဓာတ်ပုံ - လွတ်လပ်သောမွန်သတင်း အေဂျင်စီ)

“တောင်စွန်းကျေးရွာကို ဖြတ်သွားလို့ရှိရင် ဘတ် ၂၀၀ ပေးရတယ်၊ အတက်ရော အဆင်းရောပဲ။ မပေးလို့ မရဘူး” ဟု သုံးဆူ-သံဖြူဇရပ်လမ်းတွင် ပြေးဆွဲနေသည့် ကားသမားတဦးက ပြောသည်။

တောင်စွန်းကျေးရွာအနီးတွင် ၎င်းတို့၏ သတ္တုတူးဖော်ရေးလုပ်ငန်းအတွက် မြသန်းကုမ္ပဏီက သုံးဆူမြို့မှ တောင်စွန်းကျေးရွာထိ အရှည် ၃၀ မိုင်ရှိသည့် လမ်းကို ပြုပြင်ခဲ့သည်။

သုံးဆူ-သံဖြူဇရပ်လမ်းသည် အရှည် ၅၇ မိုင် ရှိပြီး စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲစဉ် ၁၉၉၆-၉၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီနှင့် နီးစပ်သည့် ရာမညအင်တာနေရှင်နယ် ကုမ္ပဏီ လီမိတက်က ဖော်လုပ်ခဲ့သည်။

ယခင်နှစ်များတွင် မွန်ပြည်သစ်ပါတီက ထိုလမ်းကို နှစ်စဉ် ပြုပြင်ခဲ့ပြီး ၂၀၁၀ ခုနှစ် စက်တင်ဘာလဆန်းမှ စစ်အစိုးရနှင့် အပစ်ရပ် ပျက်ပြီးနောက် ယခုနှစ် ဖေဖေါ်ဝါရီလဆန်းတွင် မြသန်းကုမ္ပဏီက ပြုပြင်ခွင့် ရခဲ့သည်။

မြသန်းကုမ္ပဏီ လီမိတက်ကို သုံးဆူမြို့မှ ဦးတင်ဝင်းညိုက ဦးဆောင်ပြီး သတ္တုတူးဖော်ရေးလုပ်ငန်းအပြင် ထိုင်းနိုင်ငံမှ လျှပ်စစ်နှင့် သက်ဆိုင်သည့် ပစ္စည်းများကို ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် သုံးဆူမြို့၌ သောက်ရေသန့် ထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း လုပ်ဆောင်လျက် ရှိသည်။

သုံးဆူ-သံဖြူဇရပ်လမ်းကို ကေအင်ယူက ပိတ်ထားခဲ့သော်လည်း ကားသမားများက နားလည်မှုယူကာ ပြေးဆွဲလျက် ရှိသည်။ နေ့စဉ် ကား ၁၀ စီးမှ ၁၅ စီးခန့် ပြေးဆွဲလျက် ရှိသည်။

ဆက်စပ်သတင်း

2 COMMENTS

  1. မြသန်းမဟုတ်ဘူးဗျ။ မြပန်း…သေချာလေးစီစစ်ပြီးတင်ရင် ပိုကောင်းပါတယ်။ သတင်းဌာနတွေဆိုတာ ပြည်သူတွေကို အမှန်တင်ပြနိုင်စွမ်း ရှိရမှာပေါ့ဗျာ။

  2. မတော်တဆဖြစ်တဲ ့အမှားကလေးပါ..ပြင်ဖတ်လိုက်ပါ..အဓိကကြောင်းအရင်းကမှန်နေတယ်လေ..မြပန်းကလဲဘုရား သုံးဆူကိုအမှိပြုပြီးအကျိုးစီးပွားဖြစ်ထွန်းလာလို ့မြသန်းလို ့အမည်ပြောင်းဖို ့စဉ်းစာနေကြပြီးလို ့ယူဆမိပါတယ်..

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts