spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမိုးကြောင့် စပါးပျက်စီးကာ လယ်သမားများ အခက်ကြုံနေကြရ

    မိုးကြောင့် စပါးပျက်စီးကာ လယ်သမားများ အခက်ကြုံနေကြရ

    -

    မင်းတော်လဝီ – ကောက်သိမ်းချိန်မှာ အဆက်မပြတ်မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အတော်များများမှာ စပါးပျက်စီးမှုများရှိကာ လယ်သမားတွေ အခက်အခဲကြုံတွေ့နေကြသည်။

    “စပါးတွေ သိမ်းခါနီးမှ မိုးက ဆက်တိုက်ရွာချတော့ ဘာမှလုပ်လို့မရဘူး ဘာမှလည်း လုပ်လို့မမီဘူး၊ တချို့ဆို အပင်ပါပေါက်နေပြီး ဘာမှလုပ်လို့မရဘူး၊ ဘယ်လောက်လောက်ကျန်မလဲတော့ မသိဘူး၊ ထမင်းငတ်မှာလားမသိဘူး ဒီနှစ်တော့” ဟု ချောင်းဆုံမှ လယ်သမားတစ်ဦးက ပြောသည်။

    အချိန်အခါမဟုတ် ကောက်ရိတ်ချန်မှာ မိုးကြီးဆက်တိုက်ရွာသွန်းမှုကြောင့် ရိတ်ပြီးစပါးကောက်လှိုင်းတွေ တလင်းထဲကောက်ဆိုင်ပုံတွေ တလင်းမှာ နယ်ဖတ်ရန်ပြန့်ထားတဲ့စပါးတွေ မိုးစိုကုန်ကာ စပါးပျက်စီးမှုတွေနှင့် ရင်ဆိုင်နေရတယ်လို့ မုဒုံမြို့နယ် ကော့ပရံကွင်းမှ လယ်သမားတစ်ဦးက ပြောသည်။

    “မိုးက နှစ်ရက်ဆက်တိုက်ရွာလိုက်တော့ တလင်းမှာ နယ်ပြီးစပါးပုံတွေ ရေမြုပ်ကုန်တယ်၊ တလင်းမှာ ရေလွှမ်းသွားတာ အမြင့်တစ်ပေလောက်ရှိတယ်၊ တချို့ဆို အညှောက်တောင်ပေါက်နေတယ် ရေစီးထဲမျောသွားတာလည်းရှိတယ်၊ မိုးစိုခံစပါးရဲ့ သုံးပုံမှာ တစ်ပုံလောက် ပျက်စီးဆုံးရှုံးသွားရတယ်’’ ဟု အထက်ပါ လယ်သမားက ပြောသည်။

    ယမန်နှစ်က လယ် ၁ဝ ဧကမှာ စပါးတင်း ၃၈၅ လောက်ထွက်ထားသည်ကို ယခုနှစ်မှာ စပါးကောင်းလို့ တင်း ၅ဝဝ ထွက်မည်ဟု မှန်းထားကြသည်ကို ကောက်သိမ်းချိန်မှာ ရုတ်တရက် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် စပါးတွေ ရေစိုကုန်ကာ ပျက်စီးမှုတွေရှိတဲ့အတွက် တင်း ၂၀၀ လောက် ဆုံးရှုံးရမည့် အခြေအနေဖြစ်နေကြောင်းကို မုဒုံမြို့နယ် ကမာဝက်ရွာမှ လယ်သမားတစ်ဦးက ပြောသည်။

    ကျိုက္မရောမြို့နယ် ကော့ဒွန်းရွာ၊ ကွမ်းငန်းရွာ၊ ခရုံလက်ပံရွာနှင့် ကော့ကလော့ရွာမှာလည်း သုံးရက်ဆက်တိုက် မိုးရွာတာကြောင့် ရိတ်ပြီးစပါးများ မိုးစိုကုန်ကာ ပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေ့နေရတယ်လို့ ကော့ဒွန်းရွာမှ ရေလိုက်စပါး စိုက်ပျိုးသူ လယ်သမားတစ်ဦးက ပြောသည်။

    ထိုအတူ သထုံခရိုင် သထုံမြို့နယ်နှင့် ပေါင်မြို့နယ်ဘက်မှာလည်း မိုးရွာသွန်းမှုကြောင့် စပါးအပျက်အစီး ဆုံးရှုံးမှုတွေ အများအပြားရှိနေတယ်လို့ သထုံမြို့စိုက်ပျိုးရေးသိပ္ပံ လယ်ယာသီးနှံဌာနမှ နောင်ကုလားရွာကွင်းတွင် စပါးမျိုး သုတေသနစမ်းသပ်ကွက်လုပ်နေသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

    လက်ရှိ အခြအနေအရ မိုးကြောင့် ပျက်စီးဆုံးရှုံးသွားရသည့် အတိုင်းအတာမှာ စပါးရာသီတခုလုံး၏ နောက်ဆုံးအဆင့်ဖြစ်သည့့်် ရိတ်သိမ်းနယ်လှေ့ အဆင့်ဖြစ်သည့်အတွက် မော်လမြိုင်မြို့နယ်အတွင်းမှာ စပါးအထွက်၏ သုံးပုံတစ်ပုံခန့် နစ်နာဆုံးရှုံးနိုင်သည်ဟု မော်လမြိုင်မြို့နယ် မြေစာရင်ဦးစီးဌာန ကွင်းဆင်းစစ်ဆေးနေသူ ဝန်ထမ်းတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks