spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းကွမ်းသီးစျေး ထက်ဝက်နီးပါးတက်

    ကွမ်းသီးစျေး ထက်ဝက်နီးပါးတက်

    -

    မိလရီထော – မွန်ပြည်နယ်အတွင်း လက်ရှိ ကွမ်းသီးပေါက်စျေးသည် ယမန်နှစ်ကထက် ထက်ဝက်နီးပါး စျေးကောင်းကြောင်း ကွမ်းသီးခြံပိုင်ရှင်တွေက ပြောသည်။

    အခုလို ကွမ်းသီးစျေး အဆမတန်တက်ရခြင်းမှာ ပြီးခဲ့သည့် နွေက အပူချိန်အလွန်ပြင်းထန်ကာ ရေခန်းခြောက်မှုတွေကြောင့် ကွမ်းစိုက်ရာဒေသမှာ ကွမ်းပင် သေကြေးပျက်စီးမှု ရှိနေခြင်းကြောင့် ကွမ်းသီးထွက်ချိန်မှာ ကွမ်းသီးအထွက်နည်းကာ ကွမ်းသီးစျေးလည်း တက်လာသည်။

    “ဒီနှစ်နွေမှာ နွေးလည်းရှည် ရေလည်းမရှိ ကွမ်းပင်တွေ ခြောက်ပြီးတော့ သေကုန်တယ်၊ ကွမ်းသီးထွက်ချိန်ကျတော့ ကွမ်းသီးတွေ ခါတိုင်းနှစ်လို မရဘူး၊ ကွမ်းသီးတွေနည်းလာတာပေါ့၊ ကွမ်းစျေးတွေလည်း ကောင်းလာတယ်၊ ဒါကြောင့် ကွမ်းသီးစိုက်တဲ့လူတွေအတွက်ကတော့ ကောင်းတာပေါ့ ဒါပဲမယ့် ကွမ်းသီးအရောင်းအဝယ် လုပ်တဲ့လူတွေက သိပ်မမြတ်ဘူးပေါ့၊ ကွမ်းသီးနည်းတဲ့အတွက် အပြိုင်လုဝယ်နေကြတယ် အမြတ်တော့ သိပ်မရှိဘူးပေါ့” ဟု ကွမ်းသီးအရောင်းအဝယ် ပြုလုပ်နေသူတစ်ဦးက ပြောသည်။

    ကွမ်းသီးစျေးသည် ယခင်က တစ်လုံးလျှင် ၅ကျပ်နှင့် ၈ ကျပ်ကြားမှာသာ ရှိနေပြီး ယခုမှာ တစ်လုံးလျှင် ၁၀ ကျပ်ထိ စျေးကောင်းလာသည်။ တစ်ချို့ဒေသမှာ ၁၂ ကျပ်ထိ စျေးကောင်းရရှိနေသည်ဟု ရေချောင်းဖျားဒေသရှိ ကွမ်းခြံပိုင်ရှင်တစ်ဦးက ပြောသည်။ ကွမ်းသီးအခြောက်လည်း တစ်ပိဿ ၂၀၀၀ ကျပ်ထိ တက်လာသည်။

    ပြီးခဲ့သည့် နွေက ရာသီဥတု အလွန်ဆိုးရွားခြင်းကြောင်း အပူချိန်လွန်ကဲကာ သစ်ပင်တွေလည်း ခြောက်သွေ့ကာ သေဆုံးမှုတွေလည်းရှိနေသည်ဟု ရေမြို့နယ်ရှိ ရာဘာခြံရှင်တစ်ဦးက ပြောသည်။

    ရေမြို့နယ်နှင့် ရေချောင်းဖျားဒေသမှ ဒေသခံအများစုတွေဟာ ကွမ်းသီးခြံ စိုက်ပျိုးခြင်းဖြင့် စီးပွားရေးလုပ်ကိုင်ကြကာ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ပြီးခဲ့သည့် နွေက ထိုဒေသတဝိုက်ရှိ အထူးသဖြင့် ဖလန်းရွာ၊ ဟနီရွာ၊ ပဿရွာ စသည့်ကျေရွာတွေမှာ ကွမ်းသီးပင် ပျက်ဆီးမှု အများအပြားရှိနေသည်။

    ၂၀၀၉ ခုနှစ်က ကွမ်းသီးတစ်လုံးလျှင် ၄- ၅ ကျပ်သာရရှိပြီး၊ ကွမ်းသီးစျေး မကောင်းသည့်အတွက် ကွမ်းခြံဖြင့် စီးပွားရေလုပ်ကိုင်နေသူများအတွက် စီးပွားရေးအခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ကြရသည်။

    ရေးမြို့နယ်အတွင်းရှိ အင်ဒင်၊ အစင်၊ ဒူရား၊ နှီးနူးအပါအဝင် ၄င်းဒေသတဝိုက်ရှိ ကျေးရွာ (၈) ရွာလောက်မှ ဒေသခံများ ကွမ်းသီးစျေးမကောင်းသည့်အတွက် စီပွားရေး အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ကြရသည်။

    ဖလန်းရွာမှ ကွမ်းခြံပိုင်ရှင်တစ်ဦးက “ကျမတို့ ခြံထဲမှာ ကွမ်းသီးပင် ၃၀၀၀ လောက်ရှိတယ်၊ မနှစ်က အပူဒဏ်ကြောင့် အပင် ၈၀၀ လောက် ခြောက်ပြီး သေသွားတာ” ဟု သူမက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks