Homeသတင်းကြိုတင်မဲထည့်ရန် မယက က မွန်ပြည်သစ်နှင့် ဆွေးနွေး

ကြိုတင်မဲထည့်ရန် မယက က မွန်ပြည်သစ်နှင့် ဆွေးနွေး

-

ထားဝယ်ခရိုင်ဌာနချူပ် ဝန်းကျင်ဒေသအတွင်း ကျေးရွာတစ်ရွာ

ခေတ္တာနန်း၊ မင်းအာသံ – တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ မယကမှ မွန်ပြည်သစ်ပါတီ ထားဝယ် ခရိုင်ဌာနချူပ် တာဝန်ခံများကို မနေ့က တွေ့ဆုံကာ လာမည့် ရွေးကောက်ပွဲကို ထိုဒေသရှိ ပြည်သူများ   ကြိုတင်မဲထည့်ရန် ဆွေးနွေးခဲ့သည်ဟု မွန်ပြည်သစ်ပါတီဝင်တစ်ဦးက ပြောသည်။

“တကယ်လို့ မွန်ပြည်သစ်က လက်ခံမယ်ဆိုရင် ထားဝယ်ခရိုင်ဘက်မှာ မဲရုံနှစ်ရုံ ဆောက်ပေးမှာ ဖြစ်ပြီး အသက် ၁၈ နှစ် ပြည့်တဲ့သူတိုင်း  နိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိသူတွေလဲ ကြိုတင်မဲထည့်ခွင့် ရှိတယ်လို့့ ကလိန်အောင်မြို့နယ်ခွဲ မယကတွေက ပြောခဲ့ပါတယ်” ဟု ၄င်းက ပြောသည်။

အကယ်၍ မွန်ပြည်သစ်ပါတီက လက်ခံမယ်ဆိုလျှင် နိုဝင်ဘာလ ၃ ရက်နေ့ကနေစပြီး ကြိုတင်မဲထည့်ရန် မြို့နယ်မယကတွေက ပြောခဲ့သည်။

သို့သော် ကလိန်မြို့နယ်ခွဲ မယက တင်ပြချက်ကို မွန်ပြည်သစ်ပါတီဘက်မှ တစုံတရာအကြောင်းပြန်ခြင်း မရှိသေးကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဌာနချူပ် ဝန်းကျင်ဒေသအတွင်း ကျေးရွာပေါင်း ၁၀ ကျေးရွာရှိပြီး လူဦးရေပေါင်း ၃၀၀၀ ဝန်းကျင် ရှိကြောင်း မွန်ကယ်ဆယ်ရေးလစဉ် အစီရင်ခံစာအရ သိရသည်။

ရေဖြူမြို့နယ်ထဲ၌ ရွေးကောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်မယ့်ပါတီတွေကတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသားဒီမိုကရေစီအင်းအားစုပါတီ (NDF) စသည်တို့ ဖြစ်သည်။

ထိုထားဝယ်ခရိုင်ဒေသရှိရွာများမှာ မွန်ပြည်သစ်ပါတီလက်အောက်ခံ ကယ်ဆယ်ရေးရွာ ၅ ရွာနှင့် စစ်ပြေဒုက္ခသည်ရွာ ၅ ရွာရှိသည်။ ကယ်ဆယ်ရေးရွာ ၅ ရွာမှာ မိတ်စိပ်(မိပ်ဇြိပ်)ရွာ၊ နာဂါးအိုင်ရွာ (ဝင်နာ်)၊ မျောက်ချောရွာ (တႝုလွ႘)၊ (စဵဍုင်) ရွာ များဖြစ်ပြီး စစ်ပြေဒုက္ခသည် ရွာများမှာ ပနန်းပုံရွာ (ပှင်ဗုင်ဒကှ်)၊ ရွာသစ်၊ လှည်းဆိပ်၊ သဲချောင်းနှင့် ကျုံပိုင်ကျေးရွာများ ဖြစ်သည်။

ယင်းကျေးရွာနေ ပြည်သူအများစုသည် တောင်ယာစပါနှင့် ခြံလုပ်ငန်းကိုသာ အဓိကထား လုပ်ကိုင်ကြပြီး ရွေးကောက်ပွဲအား စိတ်ဝင်စားမှု အလွန်နည်းပါးကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts