Homeသတင်းမွန်ပြည်သစ် အပစ်ရပ် အခမ်းအနား မလုပ်

မွန်ပြည်သစ် အပစ်ရပ် အခမ်းအနား မလုပ်

-

၁၁ နှစ်မြောက် အပစ်ရပ်နေ့ အထိမ်းအမှတ်် ညစာစားပွဲ

အာကာ။  ။အပစ်ရပ်ခဲ့သည့် ၁၉၉၅ ခုနှစ် နောက်ပိုင်းမှ စ၍ နှစ်စဉ် ကျင်းပခဲ့သော အပစ်အခတ်ရပ်စဲနေ့ အခမ်းအနားကို ယခုနှစ်တွင် မကျင်းပနိုင်ကြောင်း မွန်ပြည်သစ်ပါတီက ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရအကြား တင်းမာခဲ့သော ဆက်ဆံရေးအခြေအနေကြောင့် လွန်ခဲ့သည့် ဧပြီလမှ ပိတ်ထားခဲ့သော မော်လမြိုင်မြိ့ုပေါ်ရှိ ရုံးများကို ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်သော်လည်း အခက်အခဲအရပ်ရပ်ကြောင့် အခမ်းအနားကို မကျင်းပနိုင်ကြောင်း ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

“ကျနော်တို့ ရုံးကို ပြန်ဖွင့်တာ တစ်ပတ်လောက်ပဲ ရှိသေးတယ်ဆိုတော့ ဒီအခမ်းအနားကို မလုပ်နိုင်သေးဘူး” ဟု အထက်ပါ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

မော်လမြိုင်မြိ့ုရှိ မွန်ပြည်သစ်ပါတီရုံးများကို ပြန်လည်ဖွင့်လှစ် ကွပ်ကဲရန်အတွက် ဗဟိုကော်မတီဝင် ဗိုလ်မှူးပကောင်းနယ်တူးကို ယခုလ ဒုတိယပတ်် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးမှ ခန့်အပ်တာဝန်ပေးခဲ့သည်။

ဗိုလ်မှုးပကောင်းနယ်တူးအား အကူအညီပေးရန်အတွက် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်တလညီလည်း မော်လမြိုင်မြိ့ုသို့ ခေတ္တရောက်ရှိနေကြောင်း သိရသည်။

ယခင်က အပစ်ရပ်အခမ်းအနားများကို မော်လမြိုင်မြိ့ုရှိ မော်လမြိုင်ဟိုတယ်၊ ငွေမိုးဟော်တယ်များတွင် ဖျော်ဖြေပွဲများဖြင့် ခမ်းနားးစွာ ကျင်းပလာခဲ့သော်လည်း ၂၀၀၅ ခုနှစ်နောက်ပိုင်းတွင် နိုင်ရွှေကျင် အထိမ်းအမှတ် စာကြည့်တိုက်တွင်သာ အကျဉ်းချုံး ကျင်းပခဲ့သည်။

မွန်ပြည်သစ်ပါတီက ဟိုတယ်ခန်းမ ငှားရမ်းခြင်း မပြုခြင်းမှာ ဘဏ္ဍာရေး အခက်အခဲကြောင့် ဖြစ်သည်ဟု သိရသည်။ အမျိုးသားညီလာခံမှ မွန်ပြည်သစ်ပါတီ ထွက်ခွာလာခဲ့ပြီးနောက် အာဏာပိုင်တို့က ထောက်ပ့ံမှုများ ရပ်ဆိုင်းခဲ့ပြီး ဘဏ္ဍာရေး အခက်အခဲ ပိုမို ကြီးထွားလာခြင်း ဖြစ်သည်ဟု ဆိုသည်။ အပစ်အခတ်ရပ်စဲစတွင် စစ်အစိုးရထံမှ လစဉ် ထောက်ပ့ံငွေ ကျပ်သိန်း ၅၀ ကျော် ရရှိခဲ့သည်။

အပစ်အခတ်ရပ်စဲနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီက “ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား” ၊ “ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ညစာစားပွဲ” ဟု သုံးနှုန်းသည်။

ယမန်နှစ်တွင် မော်လမြိုင်မြို့ရှိ နိုင်ရွှေကျင်စာကြည့်တိုက်တွင် အပစ်ရပ်နှစ်ပတ်လည် အခမ်းအနား ကျင်းပရာသို့ စစ်အာဏာပိုင်များအား ဖိတ််ကြားခဲ့သော်လည်း မတက်ရောက်ခဲ့ကြောင်း ယခင်သတင်းများတွင် ဖေါ်ပြရေးသားခဲ့သည်။

မွန်ပြည်သစ်ပါတီက စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကို လက်မခံကြောင်း သြဂုတ်လ ၅ ရက်၊ ၂၀၀၉ ခုနှစ်တွင် ကျရောက်သော ၆၂  ကြိမ်မြောက် မွန်အမျိုးသား တော်လှန်ရေးနေ့၌ တရားဝင် ငြင်းပယ်ခဲ့ပြီး၊ ပြည်သူ့စစ် အသွင်ပြောင်းရေးကိုလည်း ယခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ထပ်မံငြင်းဆိုခဲ့သည်

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts