spot_img
Monday, April 29, 2024
More
    spot_img
    Homeသတင်းသစ်ထုတ်လုပ်ခွင့် ရရှိရန် သစ်လုပ်ငန်းရှင်များ မျော်လင့်နေကြ

    သစ်ထုတ်လုပ်ခွင့် ရရှိရန် သစ်လုပ်ငန်းရှင်များ မျော်လင့်နေကြ

    -

    နိုင်တလလဝီ

    ကေအေန်ယူထိန်းချုပ်နယ်မြေမှ သစ်ထုတ်ခွင့် တရားဝင်ပိတ်ပင်လိုက်ပြီး ကျန်ရှိသည့် သစ်လုံးများ ထုတ်ယူနိုင်ရန်အတွက် နောက်တကြိမ်ပြန်ဖွင့်ပေးရန် သစ်လုပ်ငန်းရှင်များ မျှော်လင့်နေကြသည်။

    မေလ ၁၅ ရက်နေ့က ကေအေန်ယူတပ်ဖွဲ့တို့မှ သူတို့ထိန်းချုပ်ရာ နယ်မြေထဲမှ သစ်ထုတ်လုပ်မှုကို တရားဝင် တားဆီးပိတ်ပင်ကြောင်း သစ်လုပ်ငန်းရှင်တွေထံ အကြောင်းကြားထားသည်။

    ကေအေန်ယူတပ်ဖွဲ့မှ သစ်ထုတ်လုပ်ခြင်းကို တရားဝင်တားဆီးပိတ်ပင်လိုက်ပြီးနောက် သစ်ထုတ်လုပ်သူတို့က ကျန်ရှိနေသေးသည့် သစ်လုံးများ၊ စက်ပစ္စည်းများထုတ်ယူလိုကြသည်။

    “လောလောဆယ်မှာတော့ နှစ်ချုပ်အနေနဲ့ သစ်ထုတ်လုပ်မှုစာရင်းတွေကို သူတို့ ဗဟိုမှာ ဆွေးနွေးနေကြတယ်၊ ကားလမ်းဘေးကျန်နေတဲ့သစ်တွေကို ပြန်ယူဖို့ ခွင့်ပေးမယ်လို့တော့ ကြားတာပဲ၊  တောနက်ထဲမှာ ရှိနေနေတာတွေကိုတော့ ခွင့်မပြုပေးတော့ဘူး” ဟု ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရှိ သစ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    နိုင်ငံရေးအခြေအနေသော်လည်ကောင်း၊ ရာသီဥတုသော်လည်း အရာအားလုံးကို ကြည့်ပြီးတော့ မကြာခင်မှာ ကရင်ကေအေန်ယူမှ သစ်တောလုပ်ငန်းတစ်ခုလုံးကို ပိတ်ပင်သည်ဟု သစ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    “ဒီနှစ်အတွက် အခေါက် (၃၀) ကျော် ရတယ်၊ အကောက်အခွန်အားလုံး နှုတ်ပြီးတော့ တခေါက်ကို ဘတ် (၄၀၀၀၀) လောက်ကျန်တယ်၊ ဒါပေမယ့် ဆီဖိုးက ဘတ် (၁၀၀၀၀)၊ ကားသမားအတွက် (၁၀၀၀၀)၊ ကားပြင် ဘာညာအားလုံးပြီးတော့ ကိုယ့်အတွက် (၁၀၀၀၀) လောက်ပဲကျန်တယ်၊ အဲဒီမှာ သစ်အတင် အချအတွက် အလုပ်သမားခ ရှိသေးတယ်” ဟု ၄င်းသစ်လုပ်ငန်းရှင်က ပြောသည်။

    ဘုရားသုံးဆူဒေသအတွင်း သစ်လုပ်ငန်း လုပ်ကိုင်နေကြသည့် သစ်လုပ်ငန်းရှင်များက နှစ်ချုပ်မှသာ သူတို့၏ လုပ်ငန်း အရှုံး အမြတ်ကို သိရှိနိုင်သည်။

    အချို့ သစ်လုပ်ငန်းရှင်များက လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် ချေးငွေယူထားရသည့်အတွက် အရှုံးနှင့်  ရင်ဆိုင်ရသူများရှိသည်။ ကြားမှာ သစ်စျေးနှုန်းခြင်း သစ်ထုတ်လုပ်မှုအခေါက်လျော့နည်းခြင်းကြောင့် ဆုံးရူံးမှု ပိုများသည်။

    ကိုယ်ပိုင်ငွေဖြင့် သစ်လုပ်ငန်းမှာ ရင်နှီးနေသည့် လုပ်ငန်းရှင်တစ်ဦးအနေဖြင့် နှစ်ချုပ်မှာ အမြတ် ဘတ် (၃၀/၄၀) သိန်းရရှိနေသည်ဟု ဘုရားသုံးဆူမြို့မှ သစ်လုပ်ငန်းရှင်တို့က ပြောသည်။

    သစ်ထုတ်လုပ်ရန်အတွက် DKBA (၃) ဂိတ်၊ KNU (၂) ဂိတ် NMSP (၁) ဂိတ်နှင့် စစ်အစိုးရ ဂိတ် (၂) ဂိတ် အခွန်ပေးဆောင်ရသည်။ တုလုံးတစ်တန်လျှင် ဘတ် (၈၀၀)၊ ဒိုက်ကာသစ် တစ်တန်လျှင် (၂၀၀၀/၃၀၀၀) ဘတ်၊ (၁၀) ဘီးကားတစ်စီးမှာ သစ် ၁၂ တန်တင်ဆောင်နိုင်သည်။

    ယခု သစ်စျေးနှုန်းမှာ ဒိုက်ကာသစ် တစ်တန်လျှင် (၂၀၀၀၀) ဘတ်၊ တုလုံးသစ် နံပါတ် (၁) တစ်တန်လျှင် (၁၁၀၀၀) ဘတ်၊ နံပါတ် (၂) အတွက် ဘတ် (၉၅၀၀)၊ နံပါတ် (၃) မှာ ဘတ် (၈၅၀၀)၊ နံပါတ် (၄) အတွက် (၈၀၀၀) ဘတ် အမျိုးမျိုးခွဲထားသည်။ အရည်အသွေးကောင်း ပါကေးသစ်တစ်တန်လျှင် (၂၅၀၀၀) ဘတ်နှင့် (၂၃၀၀၀) ဘတ်နှုန်း ရှိသည်။

    ယမန်နှစ်က သစ်စျေးကောင်းပြီး၊ ဒိုက်ကာသစ် တစ်တန်လျှင် (၂၅၀၀၀) ဘတ်၊ တုလုံးသစ် တစ်တန်လျှင် (၁၆၀၀၀) ဘတ်နှင့် ပါကေးသစ် တစ်တန်လျှင် (၃၀၀၀၀) ဘတ်ရှိကာ ယခုနှစ်ထက် သစ်စျေးကောင်းရရှိသည်။

    သစ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်ရ အကောက်အခွန် ပေးဆောင်ရမှု များခြင်းကြောင့် လုပ်ငန်းရှင်အတွက် အမြတ်နည်း သစ်တစ်ကားလုံး နေအိမ်သို့အထိ ပြန်ရောက်အောင် ဒိုက်ကာသစ် တစ်ခေါက်လျှင် (၉၅၀၀၀) ဘတ်၊ တုလုံးသစ် (၅၀၀၀၀) ဘတ် ပေးဆောင်နေရခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,800SubscribersSubscribe
    spot_img

    Latest posts