မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: သြမွန် (page 5)

Tag Archives: သြမွန်

မွန်ပြည်နယ်အစိုးရက “ဗိုလ်ချုပ်အောင်ဆန်းတံတား” အမည်ကိုပြန်လည်ဖျက်သိမ်း

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ချောင်းဆုံ(ဘီလူးကျွန်း) သို့ ဆက်သွယ်သည့်သံလွင်မြစ်ကူးတံတားအား “ဗိုလ်ချုပ်အောင်ဆန်းတံတား” ဟု အမည်ပေးအပ်ခဲ့သည်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်ကျင်းပသော မွန်ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးက ဆုံးဖြတ်လိုက်သည်ဟု သိရသည်။

Read More »

နိုင်ငံရေးပဋ္ဋိပက္ခများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် မွန်ဒေသခံတိုင်းရင်းသားများ တောင်းဆို

နိုင်ငံတော်ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် နှင့် နိုင်ငံရေး ပဋ္ဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသွားရန် ယနေ့ (ဖေဖော်ဝါရီလ ၄ ရက်နေ့) တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ဒေသခံ တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှု ဆန္ဒထုတ်ဖော်ပွဲ၌ တောင်းဆိုခဲ့သည်။

Read More »

မွန်ပြည်နယ်အရပ်ဖက်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်ပွဲ ကျင်းပမည်

နိုင်ငံတော်၏ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်နှင့် နိုင်ငံရေး ပဋ္ဋိပက္ခများကို နိုင်ငံရေး နည်းဖြင့် ညှိနှိုင်းအဖြေရှာဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် မွန်ပြည်နယ်ရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများကြီးမှူးကျင်းပသည့် တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေး ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မော်လမြိုင်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Read More »

USDP လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းနှင့်တွေ့ဆုံ မေးမြန်းခြင်း

မေး ။ ။ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်အဖြစ် ဘာကြောင့်အရွေးခံဖို့ ဆုံးဖြတ်ခဲ့တာလဲ? ဖြေ ။ ။ ဘာလို့ဝင်ရောက်ရွေးချယ်ခံရလဲဆိုတော့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း ဝင်ရောက်အရွေးခံခဲ့တယ်၊ ဒီကြားဖြတ်ရွေးကောက်ပွဲမှာလည်း ပါတီက တာဝန်ပေးတဲ့အတွက် အခုလို ဝင်ရောက်အရွေးခံရတာပါ။

Read More »

ချောင်းဆုံကြားဖြတ်ရွေးကောက်ပွဲ မဲပေးပိုင်ခွင့်ရှိသူတစ်သိန်းနှစ်သောင်းကျော်ရှိ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးပိုင် ခွင့်ရှိသူ ၁၂၅,၉၃၄ ဦးရှိရာ လက်ရှိတွင် ပြည်ပရောက်မဲဆန္ဒရှင်ဦးရေ စာရင်းပေးသွင်းထားသူ ၄ ဦးသာ ရှိကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

Read More »

ဆားဈေးကွက်ကျဆင်းနေသဖြင့် မွန်ဆားလုပ်ငန်းရှင်များ အခက်ကြုံ

မွန်ပြည်နယ် ဆားလုပ်ငန်းလုပ်ကိုင်သည့် ဒေသများတွင် ဆားအထွက်နှုန်းကောင်းသော်လည်း ဈေးကွက်ကျဆင်းနေသဖြင့် ဆားလုပ်ငန်းရှင်တောင်သူများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ဆားလုပ်ငန်းရှင်များက မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

Read More »

ဆင်ခြေထောက်ရောဂါဆေးတိုက်ကျွေးပါက စိုးရိမ်မှုမရှိရန်တိုက်တွန်းနှိုးဆော်

ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်မှုဖြင့် မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း လာမည့် ဇန်နဝါရီလ (၂၀ မှ ၂၉) ရက်နေ့အထိ ဆင်ခြေထောက်ရောဂါကင်းဝေးရေး ဆေးတိုက်ကျွေးခြင်းလုပ်ငန်း ဆောင် ရွက်သွားမည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများမစိုးရိမ်ကြရန် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာမှ တိုက်တွန်းနှိုးဆော်လိုက်သည်။

Read More »

AMDP ပါတီ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း နိုင်ဝင်းထွဋ် (ခ) နိုင်မြဝင်း

မေး ။ ။ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်အဖြစ် ဘာကြောင့်အရွေးခံဖို့ ဆုံးဖြတ်ခဲ့တာလဲ?

Read More »

၂၀၁၆ ခုနှစ်အတွင်း မွန်တွင် ယာဉ်တိုက်မှု ၇၉၄ မှု အထိ ဖြစ်ပွားခဲ့

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာအထိ မွန်တွင် ယာဉ်တိုက်မှု ၇၉၄ မှုအထိ ဖြစ်ပွားခဲ့ပြီး ၄င်းအနက် ဆိုင်ကယ် တိုက်မှုပိုများလာကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (မွန်) မှ သိရသည်။

Read More »

မူးယစ်ဆေးဝါးရောင်းဝယ်မှု ၂၀ဝ ကျော်ဖမ်းဆီးအရေးယူခဲ့

မွန်ပြည်နယ်၌ ၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ၂၁၉ မှု ဖမ်းဆီးအရေးယူခဲ့ရာ ၄င်းအထဲတွင် စိတ်ကြွရူးသွပ်ဆေးပြား အများဆုံးဖမ်းဆီးရမိကြောင်း ပြည်နယ်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုရဲမှူး ရဲမင်းဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

Read More »