Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးဆားဈေးကွက်ကျဆင်းနေသဖြင့် မွန်ဆားလုပ်ငန်းရှင်များ အခက်ကြုံ

ဆားဈေးကွက်ကျဆင်းနေသဖြင့် မွန်ဆားလုပ်ငန်းရှင်များ အခက်ကြုံ

-

မွန်ပြည်နယ် ဆားလုပ်ငန်းလုပ်ကိုင်သည့် ဒေသများတွင် ဆားအထွက်နှုန်းကောင်းသော်လည်း ဈေးကွက်ကျဆင်းနေသဖြင့် ဆားလုပ်ငန်းရှင်တောင်သူများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ဆားလုပ်ငန်းရှင်များက မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

ဆားဈေးကွက်ကျဆင်းနေသည့်အပြင် ဆားအဓိကထုတ်လုပ်နေသော သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာတွင် ရောင်းဝယ်အား ကျဆင်းခြင်း၊ အလုပ်သမားရှားပါးခြင်းနှင့် အစိုးရထံမှ ချေးငွေထုတ်ပေးခြင်း မရှိသည့်အတွက် ဆားလုပ်ငန်းရှင်တောင်သူများ အခက်ကြုံနေရကြောင်း ဒေသခံဆားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပငဆားကွင်း (MNA)
ပငကျေးရွာ ဆားလုပ်ငန်းရှင် နိုင်ဟု က “ကျနော်တို့မှာ ဆားဈေကွက် မခိုင်ဘူး၊ နောက် ပြည်ပကဆားတွေ ဝင်ရောက်လာတဲ့အတွက်ဆားထွက်နှုန်းများပေမယ့် ရောင်းဝယ်မကောင်းဘူး၊ ယနေ့အထိ နိုင်ငံခြားက ဆားတွေ ဝင်နေတယ်၊ ကျနော်တို့ဈေးကွက်တွေ တဖြည်းဖြည်းကျဆင်းလာနေတယ်” ဟုပြောသည်။

မွန်ပြည်နယ်မှ ထွက်ရှိသည့်ဆားများသည် အရည်အသွေးပိုင်း အားနည်းနေခြင်းကြောင့် နိုင်ငံခြားဆား နှင့် ယှဉ်ပြိုင်၍ မရကြောင်း၊ ယနေ့ချိန်တွင် ငါးပိ၊ ငါးခြောက် လုပ်ကိုင်သည့် ဒေသများ၌သာ ဈေးကွက်ရှိနေကြောင်း နှင့် ထိုနည်းတိုင်း ဆက်သွားပါက ဆားလုပ်ငန်းလုပ်ကိုင်သူများအတွက် စိုးရိမ်ရမည့် အနေအထားသို့ ရောက်ရှိမည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

ပငကျေးရွာမှ ထွက်ရှိသည့် ဆားများကို မော်လမြိုင်၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်မြို့များတွင် ဖြန့်ဖြူးလျှက်ရှိပြီး ဆားတစ်ပိဿာလျှင် ကျပ် ၆၅- ၇၀ နှုန်းသာရှိကြောင်း သိရသည်။

မွန်ပြည်နယ် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်း က “ မွန်ပြည်နယ်က ဆားလုပ်ငန်းတောင်သူတွေကိုနည်းပညာပိုင်း၊ ဆားအရည်အသွေးမြှင့်တင်ရေးအပိုင်းတွေကို မြှင့်တင်ပေးဖို့ နည်းလမ်းရှိပါတယ်၊ ဒါပေမယ့် ချေးငွေထုတ်ချေးပေးဖို့က ပြည်ထောင်စုနဲ့ညှိနှိုင်းပြီးမှ စီစဉ်လို့ရမယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် မွန်ပြည်နယ်ရှိ ဆားလုပ်ကွက်၂၉၉၁.၉ ဧက၊ ဆားထွက်နှူန်း ၃၁၅၆၃ မက်ထရစ်တန် ရှိခဲ့ပြီး ဘီလင်းမြို့နယ်တွင် ဆားလုပ်ငန်းရှင် ၁ ဦး၊ ရေး ၁၀ ဦး၊ သံဖြူဇရပ် ၆၀ ဦး ရှိကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts