မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: သတင်း

Tag Archives: သတင်း

မွန်ပြည်နယ်တွင် ဝက်အမြောက်အများ သေဆုံးနေဟုဆို

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တိုင်းလိုလိုတွင် ဝက်အမြောက်အများသေဆုံးမှု ဖြစ်နေသည်ဟု ဝက်မွေးမြူသူတို့နှင့် ပြည်နယ်မွေးမြူရေးအဖွဲ့ချုပ်တို့က ပြောသည်။

Read More »

AMDP ကို မွန်အကျိုးဆောင်ရွက်သောပါတီအဖြစ် NMSP သတ်မှတ်ထား

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ကို မွန်လူမျိုးတို့၏အကျိုးစီးပွားကို ဆောင်ရွက်နေသော နိုင်ငံရေးပါတီအဖြစ် မွန်ပြည်သစ်ပါတီ NMSP သတ်မှတ်ထားကြောင်း ပြည်တွင်းရေးရာဌာနကြီးတာဝန်ခံ နိုင်ဝင်းလှက ဇူလိုင်လ ၁၂ ရက်နေ့ မော်လမြိုင်မြို့၊ နိုင်ရွှေကျင်စာကြည့်တိုက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Read More »

လက်နက်ကိုင် ဆက်ကြေးတောင်းအဖွဲ့ ရေးတောင်ပိုင်းတွင် ပြန်လည်ပေါ်ပေါက်

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးမြောက်ပိုင်း ထိစပ်ဒေသတွင် အခြေပြုလှုပ်ရှားခဲ့သည့် နိုင်လှိန်း (နိုင်လွေး) ဦးဆောင်သည့် လက်နက်ကိုင်ဆက်ကြေးတောင်းအဖွဲ့ ဇွန်လကုန်ပိုင်းတွင် လက်နက်ချပြီးနောက် ရက်ပိုင်းအတွင်း အလားတူအဖွဲ့တစ်ဖွဲ့ ပြန်လည်ပေါ်ပေါက်လာကြောင်း ဒေသခံများက ပြောသည်။

Read More »

မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာ ၁၆၀ ကျော်အနက် ၃၉ စောင်ဖြေရှင်းနိုင်ခဲ့

မွန်ပြည်နယ်လွှတ်တော်၏ တိုင်ကြားစာ ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအနေဖြင့် ဧပြီ ၈ ရက်မှ ဇူလိုင် ၅ ရက်အထိ တိုင်ကြားစာပေါင်း ၁၆၀ ကျော်လက်ခံရရှိသည့်အနက် ၃၉ စောင်ကို ဖြေရှင်းနိုင်ခဲ့ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

Read More »

မုဒုံမြို့တွင် ကျွန်းသစ်အပါအဝင် တရားမဝင်သစ် ၁၁ တန်ကျော်ဖမ်းဆီးခဲ့

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ (၄)၊ ထိန်ကုန်းရပ်ကွက်တွင် ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်၌ သစ်လုံးတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးနှင့် ကျွန်းသစ်အပါအဝင် ခြံဝင်းထဲရှိ စုစုပေါင်းသစ် ၁၁ တန်ကျော် တရားဝင်အ ထောက်အထား မပြနိုင်၍ မုဒုံမြို့နယ်၊ သစ်တောဦးစီဌာနက ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။

Read More »

ရေးမြို့ကုတင် ၁၀ဝ ဆံ့ဆေးရုံသစ် ယခုလအတွင်းအပ်နှံတော့မည်

မွန်ပြည်နယ် ရေးမြို့တွင် မြတ်သူရကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့သည့် ကုတင် ၁၀ဝ ဆံ့ဆေးရုံသစ်အား တည်ဆောက်ရေးလုပ်ငန်းများပြီးစီးပြီဖြစ်၍ ယခုလအတွင်း ပြန်လည်အပ်နှံတော့မည်ဟု ကုမ္ပဏီ၏ ဆောက်လုပ်ရေးတာဝန်ခံ အင်ဂျင်နီယာ ဦးကျော်ဝင်းထံမှ သိရသည်။

Read More »

နိုင်ငံရေးမူဘောင်တွင် အမျိုးသမီး ၃၀% ပါဝင်နိုင်ရေး တောင်းဆိုသွားမည်ဟုဆို

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ ညီလာခံ ဖြစ်မြောက်ရေးအတွက် အဓိကကျသော နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တွင် အမျိုးသမီးများ ၃၀ ရာခိုင်နှုန်းပါဝင်ခွင့်ပြုရမည်ဆိုသည့် အချက်ကို ထည့်သွင်းနိုင်ရေး တောင်းဆိုသွားမည်ဟု အမျိုးသမီးအဖွဲ့အစည်းများက ဆိုသည်။

Read More »

NCA မထိုးသည့်အဖွဲ့များ ၂၁ ပင်လုံညီလာခံတက်ခွင့်ရှိသော်လည်း မဲခွဲဆုံးဖြတ်နိုင်မည်မဟုတ်ဟုဆို

၂၁ ရာစု ပင်လုံ- ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်မရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တက်ရောက်ခွင့်ရှိပြီး သဘောထားအမြင်များတင်ပြနိုင်မည်ဖြစ်သော်လည်း မဲခွဲဆုံးဖြတ်နိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာ မင်းဇော်ဦးက ဇူလိုင် ၆ ရက်တွင် ပြောကြောင်း Eleven News သတင်းဖော်ပြချက်အရ သိရသည်။

Read More »

၂၁ ရာစုပင်လုံညီလာခံသို့ အပစ်မရပ်အဖွဲ့များတက်ခွင့်ရှိသည့်မူဝါဒကိုကြိုဆိုကြောင်း နိုင်ဟံသာပြော

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ)ကို အပစ်မရပ်သေးသည့် လက်နက်ကိုင်တိုင်းရင်း သားအားလုံးပါဝင် ခွင့်ရရှိမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ချမှတ်ခဲ့သည့် မူဝါဒသည် လက်နက်ကိုင် တိုင်းရင်းသားများအတွက် ကောင်းသော လက္ခဏာဖြစ်သည့်အတွက် လက်ခံ ကြိုဆိုကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဒု-ဥက္ကဌ နိုင်ဟံသာက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

Read More »

သြဂုတ်လပထမအပတ်အတွင်း မွန်အမျိုးသားကွန်ဖရင့်တစ်ရပ်ကျင်းပမည်

လာမည့် သြဂုတ်လ ပထမအပတ်၌ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ မော်လမြိုင်ခရိုင်ဌာနချုပ်ရှိရာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ပေါက်ကျေးရွာတွင် မွန်ပြည်သစ်ပါတီမှဦးဆောင်၍ မွန်အမျိုးသားကွန်ဖရင့်တစ်ရပ် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

Read More »