Homeသတင်းဆားတောင်သူများအတွက် ကိုဗစ်ချေးငွေ တစ်နှစ် ထပ်မံဆိုင်းငံ့ပေး

ဆားတောင်သူများအတွက် ကိုဗစ်ချေးငွေ တစ်နှစ် ထပ်မံဆိုင်းငံ့ပေး

-

မွန်ပြည်နယ်အတွင်းရှိ ဆားတောင်သူများကို ထုတ်ချေးပေးထားသည့် ကိုဗစ်ချေးငွေများကို ၂၀၂၃ ခုနှစ်အထိ ထပ်မံဆိုင်းငံ့ပေးထားကြောင်း ဆားတောင်သူတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် ရာသီဥတုကြောင့် ဆားကွင်းများ ပျက်စီးပြီး တောင်သူများအတွက် ချေးငွေပြန်ဆပ်ရန် အခက်အခဲရှိခဲ့သည်ဟု ဆားတောင်သူတို့က ပြောသည်။

ထိုကြောင့် ၂၀၂၂ နှစ်တွင် ဆပ်ရမည့် ချေးငွေများကို တစ်နှစ် ထပ်မံဆိုင်းငံ့ပေးရန် ဆားတောင်သူတို့က စစ်ကောင်စီထံ တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။

”ချေးငွေက ၂၀၁၉ က ကျွန်တော်တို့ ကိုဗစ်မှာ နလန်ပြန်ထူနိုင်ဖို့အတွက် ပေးတာပေါ့။ စာချုပ်မှာကတော့ တစ်နှစ်ပေါ့ဗျာ။ ဒါပေမယ့် အသနားခံတင်တော့ နိုင်ငံတော်အစိုးရ ရွေ့ထားပေးတာပေါ့ တစ်နှစ်ပြီးတစ်နှစ်ပေါ့။ ဒီနှစ်လည်း ရွေ့ထားပေးတယ် ” ဟု သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှ ဆားတောင်သူ နိုင်ဟုက ပြောသည်။

ဆားတောင်သူတို့၏ တောင်းဆိုချက်ကို စစ်ကောင်စီက လက်ခံခဲ့ပြီး ၂၀၂၃ ခုနှစ်အထိ ထပ်မံဆိုင်းငံပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

သံဖြူဇရပ်မှ ဆားတောင်သူ တစ်ဦးကလည်း “”၂၀၂၃ ထိ ထပ်ရွှေ့ထားပေးတယ်လို့ ကြားတယ်။ မဟုတ်လည်း အဆင်မပြေဘူး။ ဆားတွေက ပျက်တယ်။ ဒီနှစ်လည်း အစပိုင်းမှာတင်ကို အလုပ်ကမဖြစ်ဘူး” “ဟု ပြောသည်။
ပြီးခဲ့သည့် နှစ်နှစ်ဆက်တိုက် မိုးကြောင့် ဆားကွင်းများ ပျက်စီးပြီး ဆားတန်ချိန် ၂၀၀၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ဆားတောင်တို့ထံမှ သိရသည်။

ယခုနှစ်တွင်လည်း မိုးအဆက်မပြတ်ရွာသွန်းနေသည့်အတွက် ဆားအထွက်နှုန်း လျော့ကျနိုင်သည်ဟုလည်း ဆားတောင်သူတို့က ခန့်မှန်းထားကြသည်။

မွန်ပြည်နယ်တွင် နေလှန်းဆားကို ပေါင်၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့၌ အဓိက ထုတ်လုပ်ပြီး ထွက်ရှိလာသည့်ဆားတွေကို ကရင်၊ တနသႅာရီ၊ ရန်ကုန်၊ မန္တလေးစသည့် တိုင်းနှင့်ပြည်နယ်အချို့ကို တင်ပို့ရောင်းချနေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts