spot_img
Wednesday, June 18, 2025
More
    spot_img
    Homeသတင်းဘန်ကောက်အရေးပေါ်ကြေငြာချက်ကြောင့် ရေဘေးလွတ်ရာပြောင်းရွှေ့ကြ

    ဘန်ကောက်အရေးပေါ်ကြေငြာချက်ကြောင့် ရေဘေးလွတ်ရာပြောင်းရွှေ့ကြ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်းနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် ရေကြီးမှုသည် ဘန်ကောက်တမြို့လုံး ရေလွှမ်းမိုးနိုင်ကြောင်း ယမန်နေ့ညနေပိုင်းတွင်ထိုင်းဝန်ကြီးချုပ်က ကြေငြာခဲ့ပြီး မြို့ခံများ ရေဘေးလွတ်နိုင်သည့် နေရာသို့ ပြောင်းရွှေ့နေကြသည်။

    ဘန်ကောက် ရေးဘေးများ နေရာပြောင်းရွှေ့နေကြ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စ႘ )
    ဘန်ကောက် ရေးဘေးများ နေရာပြောင်းရွှေ့နေကြ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စ႘ )

    ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ရေကာတာပေါက်ခြင်း၊ တာကျိုးခြင်းနှင့် ခန့်မှန်းထားသည်ထက် ပင်လယ်ရေ တက်ရောက်လာခြင်းကြောင့် ရေလမ်းကြောင်းများကို မကာကွယ်နိုင်သည့်အခြေအနေရောက်ရှိနိုင်ပြီး ဘန်ကောက်မြို့တွင်း၌ ၁၀ စင်တီမီတာကနေ ၁ မီတာခွဲအထိ ရေမြင့်တက်လာနိုင်သည်ဟု ထိုင်းရုပ်သံဌာနကနေ အရေးပေါ် ကြေငြာထားသည်။

    ၄င်းပြင် ရေလွှမ်းမိုးခံထားရသည့် ခရိုင်အားလုံးရှိ အစိုးရရုံးများကိုလည်း အောက်တိုဘာ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့ထိ ပိတ်ထားမည်ဖြစ်ကြောင်းကိုလည်း ကြေငြာထားသည်။

    ဘန်ကောက်မြို့တွင် နေထိုင်သူများအားလုံး ရေဘေးလွတ်နိုင်သည့် အမြင့်ပိုင်းနေရာများဆီသို့ ပြောင်းရွှေ့ထားရန် ဝန်ကြီးချုပ်က ပြောထားသည်။

    “အရေးပေါ်ကြေငြာထားတော့ လူတွေက လွတ်နိုင်တဲ့ နေရာတွေဘက်ကို ပြောင်းရွှေ့ကြတာပေါ့ ရေကလည်း တက်လာနေတယ်၊ ကျနော်တို့ အိမ်ရှေ့မှာဆိုရင် ရေက ရင်ခေါင်းလောက်ရှိနေပြီ၊ ကျနော်တို့က မပြောင်းသေးဘူး၊ အခြေအနေကြည့်နေတုန်း” ဟု ထိုင်းနိုင်ငံဖွားမွန်လူမျိုး နိုင်မွန်အေး ဝံစီရာမာန်က ပြောသည်။

    ရေဘေးဒုက္ခသည်စခန်းချထားသည့် ဒွန်မောင်းလေဆိပ်ကိုလည်း ပိတ်ထားခဲ့ရပြီး ဒုက္ခသည်များကို ဘန်ကောက်မြို့ အထက်ပိုင်းနေရာသို့ ပြောင်းရွှေ့ထားရကြောင်း ထိုင်းရုပ်သံသတင်းဌာနများတွင် အချိန်နှင့်တပြေးညီထုတ်လွှင့် လျှက်ရှိသည်။

    ဘန်ကောက်ရှိ မွန်အမျိုးသမီးတဦးကလည်း “ဒီနေ့ဆို ရေက တော်တော်တက်လာနေတယ်၊ အောက်ထပ်တခုလုံး ရေက ပြည့်နေပြီ၊ ကျမတို့က အပေါ်ထပ်မှာ နေနေရတယ်၊ ရေအခြေအနေကိုတော့ ကြည့်နေတုန်း” ဟု ပြောသည်။

    ထိုင်းနိုင်ငံတွင် နှစ်လကျော်ကြာ မိုးဆက်တိုက်ရွာသွန်းခဲ့တာကြောင့် ဆည်ရေဖောက်ကာ ခရိုင်အတော်များများ ရေမြုပ်ပြီး သန်းနှင့်ချီ၍ ဒေသခံများရေဘေးကြုံတွေ့နေရသည်။

    ရေမြုပ်နေခြင်းကြောင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများလည်း နယ်စပ်လမ်းကြောင်းအသီးသီး၌ တနေ့လျှင်ရာနှင့်ချီ၍ပြန်နေကြကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,400SubscribersSubscribe
    spot_img

    Latest posts