Homeသတင်း(၆၅) ကြိမ်မြောက်မွန်အမျိုးသားနေ့ကျင်းပရေး ဗဟိုအဆင့် ကျင်းပမည့်နေရာသတ်မှတ်

(၆၅) ကြိမ်မြောက်မွန်အမျိုးသားနေ့ကျင်းပရေး ဗဟိုအဆင့် ကျင်းပမည့်နေရာသတ်မှတ်

-

နိုင်မန်၊ ဂျူရီချိုင်း – လာမည့် ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၈) ရက်နေ့တွင်ကျရောက်သော (၆၅) ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေး ဗဟိုအဆင့်အနေဖြင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာတွင် ကျင်းပသွားမည်ဆုံးဖြတ်ခဲ့ကြသည်။

( 64 ) ကြိမ်မြောက် မွန်အမျိူးသားနေ့အခမ်းအနား ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
( ၆၄ ) ကြိမ်မြောက် မွန်အမျိူးသားနေ့အခမ်းအနား ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

(၆၅) ကြိမ်မြောက်၊ မွန်အမျိုးသားနေ့ကျင်းပရေး ဗဟိုကော်မတီဝင်များရွေးချယ်ရေးနှင့် ကျင်းပသည့်နေရာဆုံးဖြတ်ရန်အတွက် ပြီးခဲ့သည့်အောက်တိုဘာလ (၁၆) ရက်နေ့တွင် မော်လမြိုင်မြို့ပေါ်ရှိ မွန်ဓမ္မာရုံ၌ အစည်းအဝေးကျင်းပရာ မြို့နယ် (၁၁) မြို့နယ်မှကိုယ်စားလှယ် (၁၅၀) ခန့်တက်ရောက်ခဲ့သည်ဟု သိရသည်။

“မွန်အမျိုးသားနေ့ဗဟိုစင်မြင့်ကို ကော့ဘိန်းရွာမှာထားရှိပါမယ်။ တခြားမြို့နယ်၊ တိုက်နယ်၊ ကျေးရွာတွေမှာလဲ နှစ်တိုင်းတွေလိုပဲ အဆင့်ဆင့်ကျင်းပသွားမယ်၊ ကျင်းပရေး ဗဟိုဥက္ကဌကို အတည်မပြုရသေးဘူး၊ လောလောဆယ်ယာယီပဲ ရွေးထားတယ်” ဟု ကျင်းပရေးကော်မတီ (ဗဟို) ဒုဥက္ကဌ ဒေါက်တာမင်းစိုးလင်းက ပြောသည်။

(၆၅) ကြိမ်မြောက်၊ မွန်အမျိုးသားနေ့ကျင်းပရေးဗဟိုေကာ်မတီဝင်များတွင် ယာယီဥက္ကဌ နိုင်တင်ဌေး၊ ဒုက္ကဌများအဖြစ် ဒေါက်တာမင်းကြည်ဝင်း၊ ဒေါက်တာမင်းစိုးလင်း၊ ဒေါက်တာမင်းလွန်းတင်နှင့် ဦးလွန်းအောင်၊ အထွေထွေအတွင်းရေးမှူးအဖြစ် မင်းဝဏ္ဏကြီးတို့အား ရွေးချယ်ခဲ့သည်ဟု ဒေါက်တာမင်းစိုးလင်းက ဆက်ပြောသည်။

အဆိုပါအစည်းအဝေးသို့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီမှ ဥက္ကဌ နိုင်ငွေသိန်း၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ ဗဟိုအလုပ်အမှုဆောင် နိုင်သက်လွင်နှင့် (၆၄) ကြိမ်မြောက်၊ မွန်အမျိုးသားနေ့ကျင်းပရေး (ဗဟို) ဥက္ကဌ နိုင်တင်အောင်တို့ကလည်း မိန့်ခွန်းပြောကြားခဲ့သည်။

တဖန် လာမည့်အောက်တိုဘာလ ၂၉ ရက်နေ့တွင် (၆၅) ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေးဗဟိုေကာ်မတီဝင်များ အစည်းအဝေးဆက်လက်ကျင်းပမည်ဟု သိရသည်။

၂၀၁၀ ခုနှစ်၊ ဖော်ဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကျရောက်ခဲ့သည့် (၆၄) ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေးဗဟိုအဆင့်ကို သံဖြူဇရပ်မြို့ပေါ် ကြာကန်အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီးဖြစ်သည်။

၁၉၉၇ ခုနှစ်တွင် ကျရောက်ခဲ့သော အကြိမ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်မှစတင်၍ မွန်ပြည်နယ်အတွင်းရှိမြို့နယ်များအပါအဝင် ရန်ကုန်၊ ပဲခူး၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းရှိ မွန်အမျိုးသားကျင်းပရေးကော်မတီများစုစည်း၍ ဗဟိုအဆင့်ကျင်းပရေးကော်မတီကို စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မွန်အမျိုးသားတို့ ဟံသာဝတီပြည်ထူထောင်သည့် သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလဆုတ် (၁) ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ြပီး ကျင်းပခဲ့ရာ (၆၅) ကြိမ်ရောက်ရှိတော့မည် ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts