မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မွန်ပြည်နယ်အခြေခံမဲဆန္ဒရှင်စာရင်းတွင် ကျေးရွာအချို့၌ သေဆုံးသူများပါဝင်နေ

မွန်ပြည်နယ်အခြေခံမဲဆန္ဒရှင်စာရင်းတွင် ကျေးရွာအချို့၌ သေဆုံးသူများပါဝင်နေ

ရေးသားသူ: > မွန်ပြည်နယ်အတွင်း ထုတ်ပြန်ထားသည့် အခြေခံမဲဆန္ဒရှင်စာရင်းများအရ ကျေးရွာအချို့၌ သေဆုံးသူများ၏ အမည်စာရင်းများပါဝင်နေကြောင်း တွေ့ရှိရသည်။

သံဖြူဇရပ်မြို့နယ်၊ ဝါခရူကျေးရွာ ရွေးကောက်ပွဲကော်မရှင်ခွဲ ဥက္ကဌ နိုင်ညာဏ်က “ကျနော်တို့ရွာမှာ သေဆုံးပြီးသူတွေ စားရင်းပါနေတာ တွေ့ရှိတယ်၊ အရေအတွက် အတိအကျတော့ မပြောနိုင်သေးဘူး၊ အခု ၁၀ ယောက်နီးပါးလောက်တော့ စာရင်းရနေပြီ၊ ဒါတွေကို စာရင်းထဲကနေ ပြန်ထုတ်လိုက်ပါမယ်” ဟု ပြောသည်။

သေဆုံးသူများ ပါဝင်နေမှုကို ပြန်လည်စိစစ်ပြီး ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ထားသည့် နည်းစနစ်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမည်စာရင်းမပါဝင်သူများကိုလည်း ပြန်လည်လျှောက်ထားနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

သေစာရင်းပါဝင်နေမှုနှင့် အမည်စာရင်းမပါဝင်သူများ၊ အချက်အလက်မှားယွင်းနေသူများအတွက် ပြန်လည်ပြင်ဆင်နိုင်ရန် စီစဉ်ထားပေးနေကြောင်း ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ခွဲက ပြောသည်။

သံဖြူဇရပ်မြို့ ———– ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ခွဲ အတွင်းရေးမှူး ဒေါ်ချိုချိုဝင်းက “ကျမတို့ရပ်ကွက်မှာ သေစာရင်းပါနေသူက မရှိသလောက်ပဲ၊ ဘာလို့လည်းဆိုတော့ လူသေရင် ရုံးမှာ သေစာရင်း လာလုပ်ရတယ်၊ အဲဒီတော့ သေဆုံးသူတွေကို ကျမတို့ စာရင်းထဲကနေ အပြီးထုတ်လိုက်တယ်” ဟု ပြောသည်။

မြို့ပေါ်နေထိုင်သူများ သေလျှင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးတွင် သေစာရင်းပြုလုပ်ပြီးမှသာ စည်ပင်မှ သဂြိုလ်ခွင့်ပြုကြောင်း၊ ထို့ကြောင့် မိမိတို့ မြို့ပေါ်တွင် သေစာရင်းပါဝင်သူ နည်းပါးကြောင်း၊ သို့ရာတွင် အခြားသော အချက်အလက်မှားယွင်းမှု အနည်းအကျဉ်းရှိကြောင်း ၎င်းက ဆက်ပြောသည်။

သံဖြူဇရပ်မြို့ခံတဦးက “ဒီလိုသေစာရင်းပါနေတာကလည်း သူတို့မိသားစုတွေကွယ်လွန်ပြီး ရုံးမှာသေစာရင်းလုပ်ပြီးပေမယ့် အိမ်ထောင်စုစာရင်းပုံစံ ၁၀ ကနေမထုတ်ထားသေးလို့ အခုလိုစာရင်းပါနေတာဖြစ်တယ်” ပြောသည်။

ထုတ်ပြန်သည့် မဲစာရင်းတွင် ကွယ်လွန်ပြီးသူများနှင့် မဲပေးနိုင်ခွင့်မရှိသူများ ပါဝင်နေလျှင် အထောက်အထားနှင့်အတူ ပုံစံ (၄) ဖြင့် ကန့်ကွက်နိုင်ကြောင်း၊ မဲစာရင်းတွင် မိမိအမည်မပါလျှင် ပုံစံ (၃) ဖြင့် လျှောက်ထားနိုင်ကြောင်း၊ အချက်အလက်များ မမှန်ကန်လျှင် ပုံစံ (၄ – ဂ) ဖြင့် ပြန်လည် လျှောက်ထားနိုင်ကြောင်း ရွေးကောက်ပွဲပညာပေး ပိုစတာ၊ လက်ကမ်းစာစောင်များတွင် ဖော်ပြထားသည်။

“ကျနော်တို့နာမည်နဲ့ မှတ်ပုံတင်ပါမပါ မှန်မမှန်လာကြည့်တာပါ၊ ဘာလို့လဲဆိုတော့ မဲထည့်ဖို့အခွင့်အရေး ဆုံးရှုံးမှာစိုးလို့၊ ကျနော်တို့နိုင်ငံဟာ ပြုပြင်ပြောင်းလဲမူတွေ လုပ်နေတယ်၊ အဲဒီပြုပြင်ပြောင်းလဲမှုတွေမှာ ကျနော်တို့ ပြည်သူတွေလဲပါဝင်သင့်တယ်လို့ မြင်တယ်” ဟု ၎င်း မြို့ခံက ပြောသည်။

အလားတူ အခြားသောမြို့နယ်၊ ကျေးရွာများတွင်လည်း အခြေခံမဲစာရင်းအချက်အလက်မှားယွင်းမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသိရှိရသည်။

ထုတ်ပြန်ထားသော အခြေခံ မဲဆန္ဒရှင်အရေအတွက်တွင် မွန်ပြည်နယ် ၁၀ မြို့နယ်အနက် မော်လမြိုင်မြို့နယ် အများဆုံးနှင့် ကျိုက်ထိုမြို့နယ်အနည်းဆုံးဖြစ်ပြီး ပြည်နယ်တစ်ခုလုံးတွင် မဲဆန္ဒရှင် ၁၄ သိန်းကျော် ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ခွဲစာရင်းအရ သိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

အစိုးရနှင့် UNFC ၉ ကြိမ်မြောက်ဆွေးနွေးပွဲ သတ်မှတ်ရက်တွင်မဖြစ်မြောက်

မြန်မာအစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN တို့ ကြိုတင်သတ်မှတ်ထားသည့် ရန်ကုန်မြို့၌ နိုဝင်ဘာ ၁၆ ရက်နေ့တွင် နဝမအကြိမ်တွေ့ဆုံဆွေးနွေးမည့်အစီအစဉ် မဖြစ်မြောက်ကြောင်း သိရသည်။ …

Leave a Reply

%d bloggers like this: