Homeသတင်းဘီးလင်းတွင် အကျဉ်းစခန်းလက်ထောက်ညွှန်ကြားရေးမှူးတစ်ဦး ပစ်သတ်ခံရ

ဘီးလင်းတွင် အကျဉ်းစခန်းလက်ထောက်ညွှန်ကြားရေးမှူးတစ်ဦး ပစ်သတ်ခံရ

-

မွန်ပြည်နယ်၊ ဘီးလင်မြို့နယ်၊ အင်္ဂဘိုကျေးရွာ အကျဉ်းဦးစီးဌာနပိုင် ရွှေဖြူရော်ဘာအကျဉ်းစခန်း လက်ထောက်ညွှန်ကြားရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရွှေဖြူရော်ဘာအကျဉ်းစခန်း လက်ထောက်ညွန်ကြားရေးမှူး ဦးစင်းအောင်သည် ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က အမည်မသိ သေနတ်သမားတို့က နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းကြောင့် လက်ထောက်ညွန်ကြားရေးမှူး ဦးစင်းအောင်သည် ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်ရာ နေရာတွင်ပင် သေဆုံးသွားခဲ့သည်။

လက်ထောက်ညွန်ကြားရေးမှူး ဦးစင်းအောင် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေ လာရောက်စစ်ဆေးပြီး အလောင်းကို ဘီးလင်းဆေးရုံထံ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်တပ်ထောက်ခံတယ်လီဂရမ်ချန်နယ်များမှာတော့ ဦးစင်းအောင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က လာရောက် ပစ်သတ်သွားခဲ့သည်ဟု ရေးသားဖော်ပြထားသည်။

လက်ထောက်ညွန်ကြားရေးမှူး ဦးစင်းအောင် ပစ်သတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က တစုံတရာထုတ်ပြန်လာခြင်းမရှိသေးပေ။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ကို အမည်မသိ သေနတ်သမားတို့က ပစ်ခတ်ခဲ့ပြီး သေဆုံးသွားခဲ့သေးသည်။

မွန်ပြည်နယ်တွင် စစ်ကောင်စီသတင်းပေး၊ အုပ်ချုပ်ရေးမှူးများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်မှုထမ်းရန်အတွက် လုပ်ဆောင်နေပေးသူတို့ ဆက်တိုက်ပစ်ခတ် ရှင်းလင်းခံနေရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts