Homeသတင်းမြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံသားများ ကယ်ထုတ်ရန် ထိုင်းရေတပ်သင်္ဘော အသင့်ပြင်ထား

မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံသားများ ကယ်ထုတ်ရန် ထိုင်းရေတပ်သင်္ဘော အသင့်ပြင်ထား

-

မြန်မာနိုင်ငံ၏ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ အခြေအနေဆိုးရွားလာပါက မြန်မာနိုင်ငံတွင်ရှိနေသော ထိုင်းနိုင်ငံသားများအတွက် အသင့်အနေအထားဖြစ်စေရန် ထိုင်းတော်ဝင်ရေတပ်က ကပ္ပလီပင်လယ်ပြင်ထဲတွင် စစ်သင်္ဘော ၄ စင်း ပြင်ဆင်ထားကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

လိုအပ်သလို အသုံးပြုနိုင်ရန်အတွက် Frigate စစ်သင်္ဘော ၂ စီးနှင့် ကမ်းတက်ရေယာဉ် ၂ စီး ဖြန့်ကျက်ထားရန် ကပ္ပလီပင်လယ်ကမ်းရိုးတန်း တာဝန်ရှိသည့် အမှတ် (၃) ဒေသတိုင်းမှူးကို ရေတပ်ဦးစီးချုပ် Adm Adung Pan-Lam က ညွှန်ကြားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများ ပိုမိုအရှိန်မြင့်လာခဲ့ပြီး ထိုင်းနိုင်ငံသားများအတွက် အသက်အန္တရာယ်ရှိလာနိုင်သည့်အခြေအနေမျိုးတွင် မြန်မာပြည်တွင်းမှ ထိုင်းလူမျိုးများကို အဆိုပါ ဒီသင်္ဘောလေးစင်းဖြင့် ကယ်ထုတ်သွားမည်ဟု ဆိုသည်။

မကြာသေးမီက တိုက်ပွဲ ပြင်းထန်ခဲ့သည့် မဲဆောက်ခရိုင်နှင့် မြဝတီမြို့နယ်ကြား နယ်စပ်အခြေအနေသည် လတ်တလောတွင် တိုက်ပွဲများ ငြိမ်သက်နေသည်ဟု ဖော်ပြထားသည်။

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်နယ်စပ် တနင်္သာရီတိုင်း၊ ထားဝယ်ဘက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့်ရှိသည့် တပ်စခန်းတခုကို တော်လှန်ရေးအင်အားစု တပ်ဖွဲ့ဝင် ၁၂၀ ခန့်က ပြီးခဲ့သည့် တနင်္ဂနွေနေ့က သိမ်းယူ မီးရှို့ဖျက်ဆီးခဲ့ပြီး၊ အဆိုပါတပ်စခန်းမှ မီးခိုး၊ မီးတောက်များ ထွက်ပေါ်နေတာကို ထိုင်းဘက်ခြမ်းက မြင်တွေ့ရသည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ရေးသားထားသည်။

အဆိုပါ စစ်ကောင်စီတပ်စခန်း သိမ်းပိုက် မီးရှို့ခံရမှုဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ သီးခြားအတည်မပြုနိုင်သေးဘူးလို့လည်း ဆိုထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts